နေ့စဥ်သတင်း

စစ်ကောင်စီသုံ့ပန်း ၅၀၀ ပြန်လွှတ်မည်ဟုဆိုကာ ၂၀၀ ကျော်သာ MNDAA ပြန်လွှတ်ပေးသေး

မဲခေါင် 3 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖမ်းဆီးမိထားသည့် စစ်ကောင်စီသုံ့ပန်း ၅၀၀ ကို ပြန်လွှတ်ပေးမည်ဟု MNDAA က ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ဆိုခဲ့သော်လည်း သီတင်းတစ်ပတ်ကျော်ကြာ ယနေ့အထိ ၂၀၆ ဦးသာ ပြန်လွှတ်ပေးသေးကြောင်း စစ်ရေး သတင်းအရင်းအမြစ်အရ သိရသည်။ MNDAA မှ ပြန်လွှတ်ပေးခဲ့သူများမှာ ကျန်းမာရေးမကောင်းသူများနှင့် သက်ကြီးပိုင်းများ အများဆုံးပါဝင်ပြီး ၁၀၂၇ ကာလက ချင်းရွှေဟော်ဘက်တွင်လက်နက်ချခဲ့သူများ ဖြစ်ကြောင်း သိရသည်။ “ရမခ၊ ခလရ ၆၈ နဲ့ သိန္နီအခြေစိုက် ခမရ ၃၂၃ က အဖွဲ့တွေ အများဆုံး ဖြစ်ပါတယ်၊ နောက်ထပ် အသုတ်လိုက် ရောက်မယ်လို့လည်း သိရပါတယ်”ဟု စစ်ရေးသတင်းမြစ်က

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ဖမ်းဆီးမိထားသည့် စစ်ကောင်စီသုံ့ပန်း ၅၀၀ ကို ပြန်လွှတ်ပေးမည်ဟု MNDAA က ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ဆိုခဲ့သော်လည်း သီတင်းတစ်ပတ်ကျော်ကြာ ယနေ့အထိ ၂၀၆ ဦးသာ ပြန်လွှတ်ပေးသေးကြောင်း စစ်ရေး သတင်းအရင်းအမြစ်အရ သိရသည်။

MNDAA မှ ပြန်လွှတ်ပေးခဲ့သူများမှာ ကျန်းမာရေးမကောင်းသူများနှင့် သက်ကြီးပိုင်းများ အများဆုံးပါဝင်ပြီး ၁၀၂၇ ကာလက ချင်းရွှေဟော်ဘက်တွင်လက်နက်ချခဲ့သူများ ဖြစ်ကြောင်း သိရသည်။

“ရမခ၊ ခလရ ၆၈ နဲ့ သိန္နီအခြေစိုက် ခမရ ၃၂၃ က အဖွဲ့တွေ အများဆုံး ဖြစ်ပါတယ်၊ နောက်ထပ် အသုတ်လိုက် ရောက်မယ်လို့လည်း သိရပါတယ်”ဟု စစ်ရေးသတင်းမြစ်က ပြောသည်။

ယခုနှစ်အတွက် တရုတ်နှစ်သစ်ကူးနေ့မှာ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်သဖြင့် ၎င်းနေ့မတိုင်မီ ကျန်သည့် အရေအတွက်ကို ပြန်လည်လွှတ်ပေးဖွယ် ရှိကြောင်း သိရသည်။

‘တာကျောင်’ မဟာပူဇော်ပွဲ ကာလအတွင်း စစ်သုံ့ပန်း ၅၀၀ ကို ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် MNDAA က ပြောကြားထားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသုံ့ပန်း ထောင်ချီကို MNDAA က ဖမ်းဆီးမိခဲ့သည်။

နောက်ပိုင်းတွင် ဖမ်းမိခဲ့သော စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို MNDAA က ဆက်တိုက် ပြန်လွှတ်ပေးလျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင်လည်း စစ်သုံ့ပန်း ၈၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ထို့နောက် ၁၀၂၇ စစ်ဆင်ရေးများအတွင်း ဖမ်းမိသော စစ်သုံ့ပန်း ၅၀၀ နှင့် အကျဉ်းသား ၉ ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီး ၄၉ ဦးကို ပြစ်ဒဏ်မှ လျှော့ပေါ့ပေးလိုက်သည်ဟု MNDAA က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ယင်းမတိုင်ခင် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာ ၁၅ ရက်နှင့် နိုဝင်ဘာ ၁၅ ရက်၌လည်း ၁၀၂၇ စစ်ဆင်ရေးကာလက ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စကခ – ၁၄ လက်အောက်ခံတပ်ရင်း ခလရ – ၂၇၇ မှ ဗိုလ်မှူး ကျော်ဇေယျ၊ စကခ – ၁ မှ ဗိုလ်မှူး အောင်မြင့်ထူးအပါအဝင် သုံ့ပန်း ၂၅၀ စစ်ခန့်ကိုလည်း MNDAA က ပြန်လွှတ်ပေး ခဲ့သေးသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက် သိမ်းပိုက်ချိန်၌ လက်နက်ချ အညံ့ခံခဲ့သည့် လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊ အခြားအဆင့် ၁၈၉၅ ဦးကို ဖမ်းပြီးနောက် MNDAA က ပြန်လွှတ်ပေးခဲ့သည်။

လားရှိုးမြို့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းသည့် တိုက်ပွဲတွင်လည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်။

#MeKongnews
#စစ်ကောင်စီသုံ့ပန်း
#ပြန်လွှတ်
#၂၀၀ကျော်
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now