နေ့စဥ်သတင်း

စစ်ရှောင်စခန်းများတွင် ဖြစ်ပွားနေသော ကူးစက်မြန် အရေပြားရောဂါအတွက် အရေးပေါ် အကူအညီလိုအပ်နေ

မဲခေါင် 30 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၀ ရှမ်းတောင် – ကရင်နီနယ်မှ စစ်ရှောင်စခန်းများရှိ ကလေးအများစု အပါအဝင် စစ်ရှောင်ပြည်သူများ ပြင်းထန် အရေပြားရောဂါ ခံစားနေရပြီး ဆေးပစ္စည်း အထောက်အပံ့များ အရေးပေါ် လိုအပ်နေကြောင်း အကူအညီပေးနေသော ဆေးဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့ – The Coordination Team for Emergency Relief(Karenni) – CTER က အသိပေးသည်။ လက်ရှိ၌ ရှားတောမြို့နယ်ရှိ စစ်ရှောင်စခန်း တချို့တွင် ပြင်းထန်ပြီး ကူးစက်မြန်သည့် အရေပြားရောဂါများ ဖြစ်ပွားနေရာ ကုသမှုယူရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။ “လက်ရှိ အခြေအနေအရ အရေပြားရောဂါ ဖြစ်နေတဲ့ ကမ့်ပေါင်း ၄၀ ကျော်လောက်ရှိပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

ရှမ်းတောင် – ကရင်နီနယ်မှ စစ်ရှောင်စခန်းများရှိ ကလေးအများစု အပါအဝင် စစ်ရှောင်ပြည်သူများ ပြင်းထန် အရေပြားရောဂါ ခံစားနေရပြီး ဆေးပစ္စည်း အထောက်အပံ့များ အရေးပေါ် လိုအပ်နေကြောင်း အကူအညီပေးနေသော ဆေးဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့ – The Coordination Team for Emergency Relief(Karenni) – CTER က အသိပေးသည်။

လက်ရှိ၌ ရှားတောမြို့နယ်ရှိ စစ်ရှောင်စခန်း တချို့တွင် ပြင်းထန်ပြီး ကူးစက်မြန်သည့် အရေပြားရောဂါများ ဖြစ်ပွားနေရာ ကုသမှုယူရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

“လက်ရှိ အခြေအနေအရ အရေပြားရောဂါ ဖြစ်နေတဲ့ ကမ့်ပေါင်း ၄၀ ကျော်လောက်ရှိပါတယ်။ အများစုက အသက် ၁၅ နှစ်အောက် ကလေးတွေပါ။ အခုလက်ရှိမှာတော့ ရှိသလောက် ဆေးဝါးတွေနဲ့ပဲ ကုသပေးနေရပါတယ်။ အနာတွေကို သန့်ရှင်းရေးလုပ်ပေးတာ၊ လိမ်းဆေး၊ ပိုးသတ်ဆေးတွေ ပေးတာတွေ လုပ်နေပါတယ်။ဒါပေမဲ့ ဆေးဝါး မလုံလောက်တော့ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အရေးပေါ် လိုအပ်နေပါတယ်။ နောက်ပြီး သန့်ရှင်းတဲ့ ရေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းတွေလည်း လိုအပ်နေပါတယ်”ဟု CTER အဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ယနေ့တွင် ပြောသည်။

စစ်ရှောင်စခန်းများတွင် လူဦးရေများပြားခြင်း၊ သောက်သုံးရေ မလုံလောက်ခြင်းတို့ကြောင့် တစ်ကိုယ်ရည်သန့် ရှင်းမှု နည်းပါးသည့်အတွက် ယခုလို အရေပြားရောဂါများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း သိရသည်။

“လိုအပ်တာကတော့ ဆေးဝါးတွေ အရေးပေါ် လိုနေတယ်၊ စားနပ်ရိက္ခာလည်း လိုတယ်။ တောထဲမှာ စစ်ရှောင်နေရတာဆိုတော့ သောက်ရေ၊ သုံးရေ အခက်အခဲ အများကြီးရှိနေတယ်၊ ဖျားနာပြီး အရေပြားမှာ ယားနာတွေ ဖြစ်လာကြတာ” ဟု အခြား တော်လှန်ရေး ထောက်ပံ့သူတစ်ဦးက ဆိုသည်။

ရှမ်းတောင်နှင့် ကရင်နီနယ်တွင် စစ်ရှောင်အိမ်ထောင်စု ၅ ထောင်ကျော်၊ ခန့်မှန်း လူဦးရေ ၂ သိန်းကျော်နှင့် စစ်ရှောင်စခန်းပေါင်း ၆၀ နီးပါးခန့် ရှိနေကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

“လမ်းပန်းဆက်သွယ်ရေးကခက်၊ ဆေးဝါးတွေကရှားပါးနဲ့ ကူးစက်ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်တဲ့အထိ ပြည့်စုံလုံလောက်မှု မရှိသေးဘူး”ဟု စစ်ရှောင် ကူညီနေသူတစ်ဦးက ပြောသည်။

#MeKongNews
#စစ်ရှောင်စခန်း
#ပြင်းထန်ကူးစက်မြန်
#အရေပြားရောဂါ
#ဖြစ်ပွား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now