နေ့စဥ်သတင်း

စစ်ကောင်စီနှင့် PNO တို့ ပြည်သူနေအိမ် ဖျက်ဆီးပြီး ပရိဘောဂများ ဖြုတ်ရောင်းစားနေ

မဲခေါင် 27 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာနှင့် ကယန်းလေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် – PNO နှင့် စစ်ကောင်စီတပ်သားများက ပြည်သူနေအိမ်များကို ဖျက်ဆီးပြီး အိမ်သုံးပရိဘောဂများကို ဖြုတ်ယူကာ မြို့ပေါ်တွင် ဈေးပေါပေါဖြင့် ပြန်လည် ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ၂ လကတည်းက ယင်းကဲ့သို့ စတင်ဖြုတ်ယူ ရောင်းစားနေပြီး မြကန်သာ (၅) ရပ်ကွက်ရှိ စစ်သားဇနီးက လက်ခံ ရောင်းချပေးနေကာ ဈေးတန်သောကြောင့် ဝယ်သူလည်း များပြားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။ “ဗီရို၊ ဘုရားစင်၊ တိုင်၊ သစ်၊ သွပ်၊ တံခါး၊ ကျည်းခွေ ပြတင်းပေါက်တွေ အကုန်ယူ ပြန်ပြီးရောင်းနေတာ။ အသစ်စျေး

မဲခေါင်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရေဖြူကျေးရွာနှင့် ကယန်းလေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် – PNO နှင့် စစ်ကောင်စီတပ်သားများက ပြည်သူနေအိမ်များကို ဖျက်ဆီးပြီး အိမ်သုံးပရိဘောဂများကို ဖြုတ်ယူကာ မြို့ပေါ်တွင် ဈေးပေါပေါဖြင့် ပြန်လည် ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂ လကတည်းက ယင်းကဲ့သို့ စတင်ဖြုတ်ယူ ရောင်းစားနေပြီး မြကန်သာ (၅) ရပ်ကွက်ရှိ စစ်သားဇနီးက လက်ခံ ရောင်းချပေးနေကာ ဈေးတန်သောကြောင့် ဝယ်သူလည်း များပြားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“ဗီရို၊ ဘုရားစင်၊ တိုင်၊ သစ်၊ သွပ်၊ တံခါး၊ ကျည်းခွေ ပြတင်းပေါက်တွေ အကုန်ယူ ပြန်ပြီးရောင်းနေတာ။ အသစ်စျေး ထက်တစ်ဝက်မက သက်သာတယ်။ စျေးပေါတော့ ဝယ်တဲ့လူ များတယ်။ စစ်သားနဲ့ PNO က လာပို့၊ သူတို့က ရောင်းပေး ၂ ရက် ၃ ရက် တစ်ခါ သယ်လာတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းကျေးရွာရှိ ဒေသခံများသည် စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး ဒေသခံများမရှိချိန် ယခုလို ပြည်သူပစ္စည်းများကို စစ်တပ်နှင့် PNO က ခိုးယူ ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ရွာခံများ၏ နေအိမ် ဖျက်ဆီးခံရခြင်းအပြင် ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် စာသင်ကျောင်းများပါ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း နေအိမ် ပြန်လာကြည့်သည့် ရေဖြူကျေးရွာခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို PNO က ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်လည်းရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#စစ်ကောင်စီ
#PNO
#ပြည်သူနေအိမ်
#ပရိဘောဂ
#ဖြုတ်ရောင်းစား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now