နေ့စဥ်သတင်း

စစ်ကောင်စီ သုံ့ပန်း ၅၀၀ နှင့် အကျဉ်းသား ၉ ဦး MNDAA ထပ်လွှတ်ပေး

မဲခေါင် 26 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၆ ၁၀၂၇ စစ်ဆင်ရေးများအတွင်း ဖမ်းမိသော စစ်သုံ့ပန်း ၅၀၀ နှင့် အကျဉ်းသား ၉ ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီး ၄၉ ဦးကို ပြစ်ဒဏ်မှ လျှော့ပေါ့ပေးလိုက်သည်ဟု MNDAA က ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြောင်း The Kokang သတင်းအရ သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၂၅ ရက် တွင်ပြုလုပ်သည့် အာဇာနည်ဝိညာဉ် ပို့ဆောင်ပွဲ “တာကျောင်” မဟာပူဇော်ပွဲ ကာလအတွင်း MNDAA က ယင်းကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အထူးဒေသ အုပ်ချုပ်ရေးဥပဒေအရ စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော်ရန်နှင့် လူသားချင်း စာနာထောက်ထားမှု စိတ်ဓာတ်ကို ဖော်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၂၆

၁၀၂၇ စစ်ဆင်ရေးများအတွင်း ဖမ်းမိသော စစ်သုံ့ပန်း ၅၀၀ နှင့် အကျဉ်းသား ၉ ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီး ၄၉ ဦးကို ပြစ်ဒဏ်မှ လျှော့ပေါ့ပေးလိုက်သည်ဟု MNDAA က ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြောင်း The Kokang သတင်းအရ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၅ ရက် တွင်ပြုလုပ်သည့် အာဇာနည်ဝိညာဉ် ပို့ဆောင်ပွဲ “တာကျောင်” မဟာပူဇော်ပွဲ ကာလအတွင်း MNDAA က ယင်းကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ အုပ်ချုပ်ရေးဥပဒေအရ စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော်ရန်နှင့် လူသားချင်း စာနာထောက်ထားမှု စိတ်ဓာတ်ကို ဖော်ထုတ် ပြသသောအားဖြင့် အထူးဒေသ အုပ်ချုပ်ရေးအဖွဲ့၏ တရားဝင် ခွင့်ပြုချက်နှင့် တရားစီရင်ရေး အာဏာပိုင်များ၏ တင်းကျပ်သော စိစစ်မှုတို့ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များကို ဆောင်ရွက်ပေးခဲ့သည်ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအစီအစဉ်အရ ပြစ်မှုသေးငယ်ပြီး နောင်တရကာ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ပြသနိုင်ခဲ့သူ အကျဉ်းသား ၉ ဦးအား တရားဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သလို၊ ကောင်းမွန်သော အပြုအမူဖြင့် နေထိုင်ခဲ့သည့် စစ်သုံ့ပန်း ၅၀၀ ဦးကိုလည်း ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

ထို့ပြင် အခြားသော အကျဉ်းသား ၄၉ ဦးကိုလည်း ဥပဒေနှင့်အညီ ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“လောက်ကိုင်၊ သိန္နီ၊ မုံးကိုး၊ ချင်းရွှေဟော် အဲအုပ်စုတွေကနေ ကားတွေနဲ့ခေါ်လာပြီး လားရှိုးအဝင် ဟိုပိတ်မှာ လွှတ် တယ်၊ ခု စဆရ ၉၊ ခုတင် ၁၀၀ မှာ”ဟု လားရှိူး ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသုံ့ပန်း ထောင်ချီကို MNDAA က ဖမ်းဆီးမိခဲ့သည်။

နောက်ပိုင်းတွင် ဖမ်းမိခဲ့သော စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို MNDAA က ဆက်တိုက် ပြန်လည် လွှတ်ပေးလျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင်လည်း စစ်သုံ့ပန်း ၈၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ယင်းမတိုင်ခင် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာ ၁၅ ရက်နှင့် နိုဝင်ဘာ ၁၅ ရက်၌လည်း ၁၀၂၇ စစ်ဆင်ရေးကာလက ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ – ၁၄ လက်အောက်ခံတပ်ရင်း ခလရ – ၂၇၇ မှဗိုလ်မှူး ကျော်ဇေယျ၊ စကခ – ၁ မှ ဗိုလ်မှူး အောင်မြင့်ထူးအပါအဝင် သုံ့ပန့်း ၂၅၀ခ န့်ကိုလည်း MNDAA က ပြန်လွှတ်ပေး ခဲ့သေးသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက်သိမ်းပိုက်ချိန်၌ လက်နက်ချ အညံ့ခံခဲ့သည့် လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊အခြားအဆင့် ၁၈၉၅ ဦးကို ဖမ်းပြီးနောက် MNDAA က ပြန်လွှတ်ပေးခဲ့သည်။

လားရှိုးမြို့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းသည့် တိုက်ပွဲတွင်လည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် တရုတ်ဖိအားကြောင့် MNDAA လားရှိုးကို ပြန်ပေးခဲ့ရပြီးနောက် လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ စသည့် ၄ ခရိုင်ဖြင့် အထူးဒေသ (၁) ကို ဖွဲ့စည်းကြောင်း ကြေညာထားသည်။

#MeKongNews
#စစ်ကောင်စီ
#သုံ့ပန်း
#အကျဉ်းသား
#MNDAA
#လွှတ်ပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now