မဲခေါင်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံနှင့် မိုးဗြဲဘက်တွင် ယခုလအတွင်း တိုက်ပွဲပေါင်း ၁၅ ကြိမ်ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ PNO ၃၀ ထက်မနည်း သေဆုံးကာ အမှတ် – ၁၀၀၉ IPDF မှ ရဲဘော်တစ်ဦး ကျဆုံးကြောင်း သက်ဆိုင်ရာတပ်ရင်းမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် ရဲဘော်မိုးတိမ် ဆိုသူမှာ တိုက်ပွဲအတွင်း ကျဆုံးခြင်းမဟုတ်ဘဲ မိုင်းရှင်းလင်းစဥ် ပေါက်ကွဲသဖြင့် ကျဆုံးရခြင်းဖြစ်သည်ဟု တပ်ရင်း တာဝန်ရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ရွေးကောက်ပွဲအတွက် နယ်မြေရှင်းတဲ့သဘော စစ်ကြောင်းထိုးနေတာ။ ကျနော်တို့ဘက် ထုနဲ့ ဆောင့်လိုက်ရင် ပြန်ဆုတ်တယ်၊ ထိုးလိုက် ဆုတ်လိုက်မှာ သူတို့တွေသေတာ။ တိုက်ပွဲကတော့ နေ့တိုင်းလို ဖြစ်နေတာပဲ”ဟုIPDF တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့်လအတွင်း ရှမ်း – ကရင်နီ နယ်စပ် တိုက်ပွဲများတွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည် သူ့စစ် ၆၀ ကျော် သေဆုံးခဲ့ရာ ယင်းအထဲတွင် အရွယ်မရောက်သေးသည့် ကလေးစစ်သားများပါ ပါဝင်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
#MeKongNews
#ဖယ်ခုံ
#မိုးဗြဲ
#တိုက်ပွဲ
#ဆက်နေ








