နေ့စဥ်သတင်း

ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

မဲခေါင် 22 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၂ စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ကျောင်းအုပ်ကြီး စမူဆာ၊

မဲခေါင်၊ ဇန်နဝါရီ ၂၂

စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျောင်းအုပ်ကြီး စမူဆာ၊ ကျောင်းအုပ်ကြီး ပေါင်မုန့်ကြက်ဥကြော်၊ ကျောင်းအုပ်ကြီး ဂျုံလုံးကြော် ဆိုပြီး သူ့တပည့် အရာရှိတွေက မနက်ဆို သင်တန်းသားအိပ်ဆောင်တွေကိုလာပြီး မယူမနေရ လိုက်‌ပေးပါတယ်။ စစ်သား အရာရှိတွေ၊ ဗိုလ်လေးတွေ၊ ဆရာကြီးတွေလည်း အဆင့်နဲ့မှ မသင့်တော်ကျောင်းအုပ်ကြီး အတွက် စမူဆာပါတ်ရောင်းပေးနေရပါတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် အရာရှိငယ်များ၏ ဇနီးများမှာလည်း ယင်းမုန့်ဆိုင်တွင် ဝိုင်းဝန်းကြော်လှော်ချက်ပြုတ်ပေးရကြောင်း၊ သင်တန်းသားများ၏ လစာကို အကုန်လိုချင်သည့်အတွက် ကျောင်းဆင်းပြီး တပ်အသီးသီးသွားတော့မည့် ကားများပေါ်အထိ ရေသန့်ဗူး၊ မုန့်၊ အချိုရည်နှင့် အခြားမလိုအပ်သည်များကို မယူမနေရ ရောင်းချကြောင်း နီးစပ်သူများထံမှ သိရသည်။

ဟိုပုံးကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၌ တပ်တွင်းလိုက်နေသည့် အရာရှိနှင့် အခြားအဆင့် ဇနီးသည်များအတွက် ထောက်ပံ့ကြေးကျပ်တစ်သိန်းကိုလည်း အသား၊ ငါး၊ အသီးအရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးတင်ကာမယူမနေရ ရောင်းချပြီး ဖြတ်တောက်ကြောင်း၊ ဝက်ခြံတာဝန်ခံဗိုလ်ကြီးကိုလည်း ဝက်သေသည့်အတွက် ပါးရိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မကြာမီက ဖမ်းဆီးခံ၇သည့် ၎င်း၏တပည့်ဖြစ်သူ ဗိုလ်မှူးအေးမင်းထွန်းမှာ တပည့်အရင်းဖြစ်ပြီး ကုန်ကားများဖမ်းဆီးကာ ငွေရှာပေးနေသည်ကို တစ်တပ်လုံးသိကြောင်း၊ ပြသနာတက်မှသာ ဗိုလ်မှူးအေးမင်းထွန်းကို ထိုးကြွေးခြင်းဖြစ်ကြောင်း ယင်းတပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

“ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ဗိုလ်မှူးတစ်ယောက်က သေနတ်ထုတ်သွားတာ မသိဘူးလို့ ဖင်ပိတ်ငြင်းပြီး သူအရေးယူခံရမှာကြောက်လို့ အဲ့ဗိုလ်မှူးကို ထိုးကြွေးတာ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကုန်ကားများထံမှ ငွေရှာလိုသည့်အတွက် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးဦးဆောင်ပြီး ဒုမှူးကြီး ညွှန့်သွင်၊ ဗိုလ်မှူး မိုးမင်းကို၊ ဗိုလ်မှူး အေးမင်းထွန်း၊ ဗိုလ်မှူး တင့်သူထက်၊ ဗိုလ်မှူး အောင်မွန်ဝင်း၊ ဗိုလ်မှူး အာကာမြင့်မောင် တို့ပါဝင်သည့် သီးသန့်အစည်းအဝေးလုပ်ကာ တပ်ရှေ့တွင် သီးသန့်ဂိတ်ထပ်ဖွင့်ကြောင်း ဟိုပုံကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကားသမားတွေက မကျေနပ်လို့ ရပခ ကိုတိုင်တော့ ခုနပြောတဲ့ သူ့တပည့်တွေကို တပ်ပြန်ခေါ်ပြီး သူအမြင်ကပ်တဲ့သူတွေကို အဲ့ဂိတ်တွေထည့်ပြီး ထိုးကြွေးပြီး အကျင့်ရုတ်သေးတာ။ သန့်ထင်စိုး ဗိုလ်မှူးကြီးတုန်းက လင်ခင်းဗျူဟာမှူး၊ သူ့ရဲ့စကားပြောစက်အခေါ်က အခုအထိလင်းခေး။ လင်းခေးဗျူဟာမှူးတုန်းက လင်းခေးဖြတ်ဖူးတဲ့ ကားသမားတိုင်းအကုန်သိတယ် ဘာလဲဆိုရင် “ကားဘီးတစ်ဘီးဆို တစ်သိန်း”၊ ခြောက်ဘီးကားမောင်းတယ် ကားပေါ်မှာ ဘာပစ္စည်းမှ မပါလဲ ခြောက်ဘီးကားဖြစ်နေတဲ့အတွက် ခြောက်သိန်းပေး၊ ဒါပဲ ဘာမှလာရှင်းပြမနေနဲ့။ ပစ္စည်းပါရင်တော့ အဲ့ထက်ပိုပြီပဲ။ ပရိုဘောက်လို လေးဘီးကားမျိုးဆို လေးသိန်း။ သူ့အဖေလောက်ရှိတဲ့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံရဲ့ စာပေညွှန်ကြားရေးမှူး၊ အပြင်တက္ကသိုလ်ဆိုရင် ပါမောက္ခချုပ် တစ်ယောက်ကို အစည်းအဝေးမှာ “ငါ—မသားကြီးလို့” ဆဲတာဗျာ” ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ယင်းတပ်အတွင်း ကျောင်းအုပ်ကြီးသန့်ထင်စိုးကို မကျေနပ်သူအလွန်များပြားနေပြီး PNO မှ လာတိုက်ပါစေဟုပင် ဆုတောင်းနေကြောင်း၊ PNO က သေနတ်တစ်ချက်ဖောက်သည်နှင့် တပ်တွင်း၌ ၎င်းကို ပြန်လုပ်ကြံမည့်သူအလွန်များပြားနေကြောင်း တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

#MeKongNews
#ဟိုပုံး
#သန့်ထင်စိုး
#ဗိုလ်မှူးချုပ်သန့်ထင်စိုး
#စစ်မှုထမ်းလူသစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now