နေ့စဥ်သတင်း

တန့်ယန်းတွင် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များကို ရပ်ကွက်နှင့် ဆိုင်ခန်းများအထိ ဝင်ဖမ်းမည်

မဲခေါင် 20 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၀ မနက်ဖြန် ဇန်နဝါရီ ၂၁ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့အတွင်း၍ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို စစ်ကောင်စီ၏ အဖွဲ့ပေါင်းစုံက လိုက်လံဖမ်းဆီးမည် ဖြစ်သဖြင့် ပြည်သူများ သတိပြုရန်လိုကြောင်း သတင်းရင်းမြစ်များက ပြောသည်။ မနက်ဖြန် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ စစ်ကောင်စီ၏ အဖွဲ့စုံက တန့်ယန်းမြို့အတွင်းရှိ ကားအရောင်းအဝယ် နေရာများ ဆိုင်ကယ် အရောင်းပြခန်းများအား ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြို့အဝင်အထွက်ရှိ ဂိတ်များ လမ်းမများတွင်လည်း စစ်ဆေးဖမ်းဆီးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်သဖြင့် စစ်ကောင်စီ၏ ကညနယာဉ်လိုင်စင် မရှိသော ပြည်သူများအနေဖြင့် အသွားအလာ

မဲခေါင်၊ ဇန်နဝါရီ ၂၀

မနက်ဖြန် ဇန်နဝါရီ ၂၁ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့အတွင်း၍ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို စစ်ကောင်စီ၏ အဖွဲ့ပေါင်းစုံက လိုက်လံဖမ်းဆီးမည် ဖြစ်သဖြင့် ပြည်သူများ သတိပြုရန်လိုကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မနက်ဖြန် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ စစ်ကောင်စီ၏ အဖွဲ့စုံက တန့်ယန်းမြို့အတွင်းရှိ ကားအရောင်းအဝယ် နေရာများ ဆိုင်ကယ် အရောင်းပြခန်းများအား ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့အဝင်အထွက်ရှိ ဂိတ်များ လမ်းမများတွင်လည်း စစ်ဆေးဖမ်းဆီးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်သဖြင့် စစ်ကောင်စီ၏ ကညနယာဉ်လိုင်စင် မရှိသော ပြည်သူများအနေဖြင့် အသွားအလာ သတိပြုကြရန် သတင်းရင်းမြစ်က ပြောသည်။

“ရှမ်းပြည်အဖွဲ့အစည်းတွေ ထုတ်ပေးတဲ့ အခွန်စာရွက်ရှိလည်း မရပါဘူး။ စစ်ကောင်စီ ကညန လိုင်စင်မရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို လမ်းမပေါ်မှာရော ဆိုင်တွေထဲမှာပါ ဝင်ရောက်ပြီး ဖမ်းဖို့လုပ်နေတာမလို့ ပြည်သူတွေအနေနဲ့ ဖြစ်နိုင်ရန် မနက်ဖြန် အပြင်မထွက်ကြဖို့ အသိပေးချင်ပါတယ်”ဟု တန့်ယန်းမြို့ သတင်းရင်းမြစ်က ပြော သည်။

ထို့ပြင် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့သည် လူနေရပ်ကွက်များ အတွင်းထိ လမ်းများကို ပိတ်ဆို့ စစ်ဆေးရန် လုပ်ဆောင်နေပြီး ယာဉ်အမှုများသာမက အခြားအမှုများကိုပါ စစ်ဆေးတွေ့ရှိချက်အလိုက် ဖမ်းဆီးသွားမည်ဟု ၎င်းတို့၏ ညွှန်ကြားစာတွင် တွေ့ရသည်။

၎င်းတို့သည် ဇန်နဝါရီ ၁၆ ရက် နှင့် ၁၈ ရက်တွင်လည်း တန့်ယန်းမြို့တွင်းရှိ လိုင်စင်မဲ့ ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးခြင်း ပြုလုပ်ခဲ့သေးသည်။

ယင်းစစ်ဆေးမှုအတွင်း ဖမ်းဆီးရမိသည့် ကားနှင့် ဆိုင်ကယ်များကို သိမ်းဆည်းသွားခဲ့ပြီး လူများကိုမူ ၃ လမှ ၆ လအထိ ထောင်ဒဏ် ချမှတ်ခဲ့ကာ ထောင်ကျမခံနိုင်သူများက ကျပ်သိန်း ၁၀၀ ပေးခဲ့ရသည်။

“ဖြစ်နိုင်ရင် မနက်ဖြန် ကား၊ ဆိုင်ကယ် နဲ့ အပြင်မထွက်တာ ကောင်းမယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းတဲ့အထဲမှာ ကား၊ ဆိုင်ကယ်ကို အပြီးသိမ်းတယ်။ လူတွေကိုတော့ သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းတယ်၊ မရွေးနိုင်တဲ့လူတွေကို ထောင်ဒဏ် ချမှတ်ခဲ့တာမလို့ အထူးသတိပြုပါဗျ။ ဖြစ်လာရင် ကယ်မရဘူးဗျ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရှမ်းပြည်တွင် ပြီးခဲ့သည့်နှစ် မေလမှစ၍ လိုင်စင်မဲ့ကားများကို စတင် ဖမ်းဆီးလာခြင်းဖြစ်ပြီး ဖမ်းမိသည့် ကားများကို သိန်းရာချီဖြင့် ပြန်ရွေးခိုင်းခြင်းနှင့် ရောင်းစားခြင်းများ ပြုလုပ်နေသည်။

#MeKongNews
#တန့်ယန်း
#လိုင်စင်မဲ့
#စစ်ကောင်စီ
#ဝင်ဖမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now