နေ့စဥ်သတင်း

တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်

မဲခေါင် 19 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၉ အနှိပ်လာခံသည့် တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့၊ 68Spa အနှိပ်ခန်းမှ မိန်းကလေးတစ်ဦးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့ကြောင်း နစ်နာသူနှင့် နီးစပ်သူများထံမှ သိရသည်။ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ယင်းအနှိပ်ခန်းသို့ ဇန်နဝါရီ ၁၆ ရက် ည ၁၀ နာရီတွင် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးသည် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ၅ ဦီးဖြင့် လာရောက်ခဲ့ပြီး အနှိပ်ခံခဲ့ကြောင်း သိရသည်။ ထို့နောက် ည ၁၀နာရီခွဲ တွင် တရုတ်နိုင်ငံသား တစ်ဦးက နှိပ်နင်းပေးနေသည့် မိန်းကလေးအား ၎င်းနှင့် ကာမဆက်ဆံရန်

မဲခေါင်၊ ဇန်နဝါရီ ၁၉

အနှိပ်လာခံသည့် တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့၊ 68Spa အနှိပ်ခန်းမှ မိန်းကလေးတစ်ဦးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့ကြောင်း နစ်နာသူနှင့် နီးစပ်သူများထံမှ သိရသည်။

မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ယင်းအနှိပ်ခန်းသို့ ဇန်နဝါရီ ၁၆ ရက် ည ၁၀ နာရီတွင် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးသည် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ၅ ဦီးဖြင့် လာရောက်ခဲ့ပြီး အနှိပ်ခံခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၁၀နာရီခွဲ တွင် တရုတ်နိုင်ငံသား တစ်ဦးက နှိပ်နင်းပေးနေသည့် မိန်းကလေးအား ၎င်းနှင့် ကာမဆက်ဆံရန် တောင်းဆိုခဲ့ရာ အသက် ၁၈ နှစ်အရွယ် ပလောင်မိန်းကလေးက ငြင်းဆန်သဖြင့် မန်နေဂျာက ရိုက်နှက်၊ ဆဲဆိုပြီး လက်ခံရန် ခိုင်းစေခဲ့သည်ဟု ဆိုသည်။

ထိုသို့ အရိုက်ခံရသော်လည်း တရုတ်နှင့် မအိပ်နိုင်ကြောင်း ငြင်းဆန်သည့်အတွက် မန်နေဂျာက အခန်းပိတ်ပြီး ထပ်မံရိုက်နှက်ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မေးမြန်းလာလျှင် ငြင်းဆိုရန်နှင့် ဖွင့်ဟပြောကြားလျှင် သတ်ပစ်မည်ဟု ဆိုင်ရှိ ဝန်ထမ်းများအား မန်နေဂျာနှင့် ပိုင်ရှင်က ခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။

“ဦးလေး သမီးရဲ့မမကို ဂျာကြီးက အခန်းပိတ်ပြီး ရိုက်နေတာ။ ရဲစခန်းကို ပြောပေးဦး။ မမကို တရုတ်နဲ့ နေခိုင်းတာ။ မမ ပြောတာက ကျမတို့က( – ာ သည်)တွေမှ မဟုတ်တာ မနေနိုင်ဘူးပြောလို့ ရိုက်တာ။ ပြည်သူ့စစ်က ၅ ယောက် ခါတိုင်းလာနေကျ မြို့မအဖွဲ့ကပဲ။ တရုတ်က ဦးလေးတို့အရွယ်၂ ယောက်”ဟု ရိုက်နှက်ခံရသည့် မိန်းကလေး၏ ညီမဖြစ်သူက ရင်းနှီးသူတစ်ဦးအား မက်ဆင်ဂျာမှ စာပို့ အကူအညီ တောင်းသဖြင့် ယင်းဖြစ်စဉ်ကို သိခဲ့ရခြင်း ဖြစ်သည်။

ယင်းစာ ရရှိသည်နှင့် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားရာ အခင်းဖြစ်ပွားရာသို့ သွားကြည့်ပေးမည်ဟု တာဝန်မှူးက ပြောကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သို့သော် ည ၁၂ နာရီအချိန်တွင် “ဦးလေး ရဲစခန်းကို ပြောပေးပါဦး။ မမ အရမ်းအော်နေတယ်။ ထပ်လည်း ရိုက်နေကြတယ်”ဟု ထပ်မံ စာပို့လာသည့်အတွက် ရဲစခန်း တာဝန်မှူးထံသို့ ၅ ကြိမ် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းမကိုင်တော့ကြောင်း သိရသည်။

“ကျနော်နဲ့သိတဲ့ ကလေးမလေးတွေပါ။ အသက်လည်း ငယ်သေးတယ်။ သူတို့ မလုပ်ချင်တာကို အတင်းအဓမ္မ လုပ်ခိုင်းလို့ ကျနော့ဆီ စာပို့ပြီး အကူညီ တောင်းခဲ့ကြတာပါ။ ရဲတွေက ငွေမရလို့ ဘာမှ မလုပ်ပေးဘူး။ ငွေရမယ်ဆိုရင် ရဲစခန်းတစ်ခုလုံး သွားကြမှာ။ အဲညမှာ အရိုက်ခံရလို့ သေသွားမှာကိုလည်း သူတို့က မစိုးရိမ်ကြဘူး။ သူတို့က ငွေရတဲ့ ကျားဖြန့်အနှိပ်ခန်းနဲ့ ဘိတွေအတွက်ပဲ အလုပ်လုပ်ပေးကြတာ။ ဝန်ကြီး၊ ရဲချုပ်နဲ့ ပြည်နယ်မှူးတို့ကို မူဆယ် ရဲအရာရှိတွေက လစဥ်ကြေး ပေးကျွေးနေလို့ မူဆယ်ကရဲတွေ အလုပ်မလုပ်တာကို မသိဟန်ဆောင်နေကြတာ”ဟု မိန်းကလေး၏ အကူညီတောင်းခံရသူက မဲခေါင်သတင်းဌာနကို ပြောသည်။

ထို့နောက် ယင်းအနှိပ်ခန်းတွင်ပင် ရှိနေသည့် ရိုက်နှက်ခံရသူ၏ ညီမဖြစ်သူက ၎င်းအား ဖမ်းဆီး နှိပ်စက်မည်ကို စိုးရိမ်၍ နံနက် ၅ နာရီတွင် ထွက်ပြေးသွားပြီး စာပို့နေသည့် အသိဆိုသူထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ အနှိပ်စက်ခံရသည့် မိန်းကလေးနှင့် ပတ်သက်၍မူ တစ်စုံတရာမှ စုံစမ်း၍ မရသေးပေ။

ထို့ပြင် ယနေ့ထိ ရဲစခန်းမှ သွားရောက်မေးမြန်း စုံစမ်းခြင်း အကူညီပေးခြင်း ဖမ်းဆီး အမှုဖွင့်ခြင်း စသည့် အရေးယူ ဆောင်ရွက်ခြင်းလည်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ထို့နောက် ယမန်နေ့ နံနက် ၇ နာရီစ၍ မြို့ပေါ်၉ ရပ်ကွက်ရှိ ကာရာအိုကေ၊ အနှိပ်ခန်း၊ ပြည်တန်ဆာခန်း၊ လောင်းကစားရုံနှင့် မူယစ်ဆေး လက်လီလက်ကား အရောင်းဆိုင် အားလုံးကို ခေတ္တပိတ်ထားရန် စခန်းမှူး ဒုရဲမှူး နေယုဆန်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲနောင်နှင့် မြို့နယ်မှူးတို့က အမိန့်ပေးထားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရသည်။

#MeKongNews
#တရုတ်ဧည့်သည်
#ကာမဆက်ဆံ
#အနှိပ်ခန်း
#မိန်းကလေး
#ရိုက်နှက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now