မဲခေါင်၊ ဇန်နဝါရီ ၁၉
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်း လိုင်စင်မဲ့ယာဥ်များကို စီမံချက်ဖြင့် စစ်ဆေး ဖမ်းဆီးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းစီမံချက်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စတင်ပြီး လာမည့် ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ခရိုင်ရဲမှူး အမိန့်အတိုင်း ဘယ်နေရာ ဘယ်မှာတွေ ရှာရမယ်ဆိုပြီး ဖမ်းတာ။ ကားတွေ ဆိုင်ကယ်တွေ အစီး ၃၀ လောက်ရှိနေပြီ”ဟု တန့်ယန်း ရပ်ကွက် – ၂ နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်ဆေးဖမ်းဆီးသော နေရာများမှာ လိုင်စင်မဲ့ကား ရောင်းဝယ်သည့် နေရာများ၊ လိုင်စင်မဲ့ဆိုင်ကယ် အရောင်းပြခန်းများနှင့် နေရာများ၊ မြို့အဝင်အထွက်နှင့် လမ်းမများတွင် ပုံမှန်အပြင် ရှောင်တခင် စစ်ဆေး ဖမ်းဆီးနေကြောင်း သိရသည်။
ဖမ်းမိ လိုင်စင်မဲ့ယာဥ်များကို ပို့ကုန်သွင်းကုန် ဉပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူနေသဖြင့် ယာဥ်သိမ်းဆည်းခံရမည် သာမက လူပါဖမ်းဆီးခံရမည်ကို သတိပြုစေလိုကြောင်း မြို့ခံများက အသိပေးကြသည်။
#MeKongNews
#တန့်ယန်း
#စီမံချက်
#လိုင်စင်မဲ့ယာဥ်
#ဖမ်းဆီး








