နေ့စဥ်သတင်း

ရှမ်းပြည် ၂၀၂၆ ခုနှစ် – ဇန်နဝါရီ ၁၇ ရက် မှ ဇန်နဝါရီ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ

မဲခေါင် 18 Jan - 2026
– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်) ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု မရှိပါ။ · အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း DUDZAI (14S) ဖြစ်ပေါ်နေပြီး ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် “အားအလွန်ကောင်းသော CATEGORY-4 ဆိုင်ကလုန်းမုန်တိုင်း – Very Intense Tropical Cyclone” အဆင့် သို့ရောက်ရှိလာနိုင်ကာ နောက်လာမည့် ၃၆ နာရီအထိ CAT-4 အဆင့်ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရှိနေနိုင်ပါတယ်။ · ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်မှ အပူပိုင်းမုန်တိုင်း NOKEAN(ဖိလစ်ပိုင်အမည် ADA) သည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာနိုင်ခြင်းမရှိတော့ပဲ အရှေ့ဖိလစ်ပိုင်ပင်လယ်အတွင်း ဇန်နဝါရီလ ၂၁ ရက် နေ့လည်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်

– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)

ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု မရှိပါ။

· အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း DUDZAI (14S) ဖြစ်ပေါ်နေပြီး ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် “အားအလွန်ကောင်းသော CATEGORY-4 ဆိုင်ကလုန်းမုန်တိုင်း – Very Intense Tropical Cyclone” အဆင့် သို့ရောက်ရှိလာနိုင်ကာ နောက်လာမည့် ၃၆ နာရီအထိ CAT-4 အဆင့်ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရှိနေနိုင်ပါတယ်။

· ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်မှ အပူပိုင်းမုန်တိုင်း NOKEAN(ဖိလစ်ပိုင်အမည် ADA) သည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာနိုင်ခြင်းမရှိတော့ပဲ အရှေ့ဖိလစ်ပိုင်ပင်လယ်အတွင်း ဇန်နဝါရီလ ၂၁ ရက် နေ့လည်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ပါတယ်။

· ဩစတေးလျှတိုက်အနီး မြောက်ဘက်ပင်လယ်ပြင်တွင် စောင့်ကြည့်ရမည့် လေပွေလှိုင်း 96S နှင့် 97S တို့ဖြစ်ပေါ်နေပြီး နောက်လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းအဆင့်ရောက်လာနိုင်သည့် အခြေအနေ LOW အဆင့်တွင်ရှိနေပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းများသည် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု လုံးဝရှိနိုင်မည်မဟုတ်ပါ။

ယခု ၁ ပတ်အတွင်း ရှမ်းပြည်တွင် မိုးရွာသွန်းနိုင်မည့်အခြေအနေ

· ရှမ်းပြည်အတွင်း နေ့အပူချိန်(အမြင့်ဆုံးအပူချိန်)များအနည်းငယ်တိုးလာပြီး၊ နံနက်အစောပိုင်းနှင့် ညအပူချိန်များအနည်းငယ်ပြန်လည်မြင့်တက်ကာ အအေးပေါ့လာနိုင်ပါတယ်။

· ရှမ်းပြည်မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများမှာ အနိမ့်ဆုံးအပူချိန် ၁၀°C အောက်တွင် ဆက်လက်ရှိနေနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်းတွင် ၁၀°C အထက်၊ ၁၅°C ဝန်းကျင်ရှိနေနိုင်ပါမယ်။

အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ

· ယခု ၁ ပတ်အတွင်း – ရှမ်းပြည်မြောက်ပိုင်း-လားရှိုးမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၉°C အထိကျဆင်းနိုင်ပါတယ်။ မူဆယ်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C နှင့် အနိမ့်ဆုံးအပူချိန် ၆°C ရှိနိုင်ပါမယ်။

· ရှမ်းပြည်တောင်ပိုင်း(တောင်ကြီးမြို့)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၈°C အထိရှိနိုင်ပါတယ်။ အင်းလေးဒေသ ခေါင်တိုင်၊ မိုင်းသောက်၊ အင်းပေါခုံ၊ ရွာမ စသည့်ဒေသများတွင် အမြင့်ဆုံးအပူချိန် ၂၈°C နှင့် အနိမ့်ဆုံးအပူချိန် ၇°C ရှိနိုင်ပြီး၊ နံနက်အစောပိုင်း အချိန်များမှာ တိမ်အနိမ့်များဖြစ်ထွန်းပြီး မြူဆိုင်းနိုင်ပါမယ်။

· ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၀°C ခန့် ရှိနိုင်ပါတယ်၊ ဇန်နဝါရီ ၂၀ ရက် မှ ၂၃ ရက်အထိ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါမယ်။

· ကျိုင်းတုံမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက် မှ ၂၃ ရက် အတွင်း တိမ်အနိမ့်များဖြစ်ထွန်းပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးညအပူချိန် – (ဇန်နဝါရီ ၁၉/၂၀ ရက်နေ့တွေမှာ အအေးဆုံး) ၈°C ရှိနိုင်ပါတယ်။

· ရှမ်းပြည်တခွင်မှာ ယခု ၁ ပတ်အတွင်း အမြင့်ပေ ၁၀,၀၀၀ အထက်တွင် အနောက်မြောက်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၃၀ ခန့်ရှိပြီး၊ အဲ့ဒီအမြင့်မှာ အပူချိန် ၄°C အထိ ရှိနေနိုင်တာကြောင့် နံနက်အစေပိုင်းနှင့် ညဘက်အချိန်များမှာ အအေးဓါတ် ဆက်လက်လွှမ်းခြုံနေနိုင်ပါဦးမယ်။

· ရှမ်းပြည်တခုလုံး၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၂၀% မှ ၃၀% ခန့်ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၆၀%မှ ၇၀% အထိ ရှိနိုင်ပါတယ်။

· နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန်အမြင့်ဆုံး (Feels Like Temperature) က ၂၆°C ခန့်ရှိနေနိုင်ပါမယ်။

· ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အရှေ့ပိုင်းက လားရှိုးမြို့များရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 110 ရှိနိုင်ပြီး၊ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မှာ 160 ရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများ သတိပြုရမည့် လေထုညစ်ညမ်းမှုအညွှန်းကိန်း ဖြစ်ပါတယ်။

မြေဆီလွှာစိုထိုင်းဆနှင့် မြေဆီလွှာရေဓါတ်ပါဝင်နှုန်းအခြေအနေ

· ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၈% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်) တွင် ၁၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၉% ခန့် ရှိနိုင်ပါတယ်။

· ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ရဲ့ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်နှုန်းသည် ယခုတပတ်အတွင်း နှစ်စဉ်ဖြစ်မြဲအောက် 3.2mm ခန့် လျော့နည်းနေနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်းဒေသတွေမှာ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်နှုန်း သည် နှစ်စဉ်ဖြစ်မြဲအောက် 7.1mm ခန့် လျော့နည်းနိုင်ပါတယ်။

ရှမ်းပြည်အတွက် ၄ ရက် ကြိုတင် မိုးလေဝသအခြေအနေများကြည့်ရန် – https://www.mmweather.org/divisional-cities-weather/shan-state

#MeKongNews
#ရှမ်းပြည်
#မိုးလေဝသခန့်မှန်းချက်
#ဦးဝင်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now