နေ့စဥ်သတင်း

SSPP နှင့် PNO အောက်ခြေတပ်မှူးများ ရပ်စောက်တွင် ယာမဆေးပြား ရောင်းနေ

မဲခေါင် 8 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၈ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်ငါးကြောင် ကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် နှင့် SSPP တပ်ဖွဲ့၏ အောက်ခြေတပ်မှူးများက ယာမ ဆေးပြား ရောင်းချကြသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ ၎င်းလက်နက်ကိုင် ၂ ဖွဲ့က ခေါင်းဆောင်ငယ်များ ပေါင်းပြီး ယာမဆေးပြား ရောင်းချခြင်းကြောင့် ဒေသတွင်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူ များလာနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ “သူတို့ ၂ ဖွဲ့က ဗိုလ်ကြီးတွေ ဗိုလ်လေးတွေပေါင်းပြီး လုပ်စားကြတာဗျ။ PNO တွေက SSPP ဆီ သွားယူလာပြီး ရောင်းတယ်။ ပြီးတော့ တောင်ကြီးဘက်ကနေ ယူလာပြီး ရောင်းတယ်။

မဲခေါင်၊ ဇန်နဝါရီ ၈

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်ငါးကြောင် ကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် နှင့် SSPP တပ်ဖွဲ့၏ အောက်ခြေတပ်မှူးများက ယာမ ဆေးပြား ရောင်းချကြသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

၎င်းလက်နက်ကိုင် ၂ ဖွဲ့က ခေါင်းဆောင်ငယ်များ ပေါင်းပြီး ယာမဆေးပြား ရောင်းချခြင်းကြောင့် ဒေသတွင်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူ များလာနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“သူတို့ ၂ ဖွဲ့က ဗိုလ်ကြီးတွေ ဗိုလ်လေးတွေပေါင်းပြီး လုပ်စားကြတာဗျ။ PNO တွေက SSPP ဆီ သွားယူလာပြီး ရောင်းတယ်။ ပြီးတော့ တောင်ကြီးဘက်ကနေ ယူလာပြီး ရောင်းတယ်။ အဲ့ကနေ ရွာတိုင်းလိုလိုကို ယာမတွေ အလွယ် ဝယ်လို့ရအောင် တစ်ဆင့် ပြန်ရောင်းတဲ့ သူတွေကို သူတို့က ပြန်ချပေးတယ်။ လူတိုင်း သိပေမယ့် ဘယ်သူမှ မပြောရဲဘူး”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမ်းတွင်းငါးကြောင်း ကျေးရွာအုပ်စု၊ ဆတ်သေ၊ မြေမဲကျေးရွာ အတွင်းတွင် PNO တပ်စွဲထားပြီး ကျေးရွာ အပြင်ဘက်တွင် ရှမ်းပြည် တိုးတက်ရေးပါတီ – SSPP က တပ်စွဲထားသည်။

“PNO တပ်ရင်း ၂၄ က ဆတ်သေ မြေမဲရွာထဲမှာနေတယ်၊ ရှမ်းစစ်တပ်က ဘုရားကုန်းရွာ နမ်းလက်ဘုရားတောင် ဆတ်‌သေ မြေမဲရွာ အပြင်ဘက်မှာ နေတယ်။ အဲမှာ PNO တွေက SSPP ဗိုလ်လုံ(ဗိုလ်ကြီး)ဆီ ယာမတွေသွားယူပြီး ရွာထဲမှာ သူတို့လူကို ပြန်ရောင်းခိုင်းတာတွေ တခြားရွာက ရောင်းပေးတဲ့သူတွေဆီ ပို့တာတွေ လုပ်တယ်။ ပြည်သူတွေက အဲလိုလုပ်တာ မကြိုက်ပေမယ့် ကြောက်တော့ ဦးဆောင် ပြောပေးမယ့် သူမရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဆတ်သေ၊ မြေမဲကျေးရွာများတွင် တောင်ယာသွားရန် အတွက်လည်း SSPP/SSA ထံတွင် ပိုက်ဆံပေးကာ ဖြတ်သန်း သွားလာခွင့် လက်မှတ် ပြုလုပ်ရသည်ဟု ၎င်းက ဆိုသည်။

“တခြားရွာကို သွားလည်တာဖြစ်ဖြစ် ခြံသွားတာဖြစ်ဖြစ် လက်မှတ် လုပ်ရတယ်။ PNO တွေ ကိုယ်တိုင်လည်း လုပ်ရတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်ဖွဲ့၊ လက်အောက်ခံ PNO ပြည်သူ့စစ်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ – RCSS နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ – SSPP တပ်ဖွဲ့များ လှုပ်ရှားနေပြီး ဒေသခံများက အဖွဲ့အားလုံးကို အခွန်ပေးရသည်။

#MeKongNews
#SSPP
#PNO
#တပ်မှူး
#ယာမဆေးပြား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now