နေ့စဥ်သတင်း

စစ်ကောင်စီနှင့် အလွမ်းသင့်သူ ဦးတိုး၏တူ ခြယ်လှယ်နေသည့် တောင်ကြီး Smart City စီမံကိန်းကြောင့် ဂေါက်ကွင်း၊ ရုံးနှင့် ဆေးရုံအချို့ မြို့ပြင်ထုတ်ဖို့ ပြင်နေ

မဲခေါင် 8 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၈ ရှမ်းပြည်၊ တောင်ကြီးမြို့ကို အဆင့်မြှင့်ရန် ဟုဆိုကာ စစ်ကောင်စီနှင့် အလွမ်းသင့်သူ ချယ်ရီကွင်း ဦးတိုးနှင့် ၎င်း၏တူ စိုးလင်းတို့ ခြယ်လှယ်နေသော Smart City စီမံကိန်းအရ စစ်ကောင်စီ အုပ်ချုပ်ရေးက လက်ရှိ ဂေါက်ကွင်း၊ ရုံးနှင့် ဆေးရုံ အချို့ကို မြို့ပြင် ထုတ်သွားရန် ရှိနေကြောင်း ပြည်နယ်အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။ ယင်းအား ၃ နှစ် စီမံကိန်းအဖြစ် ကနဦး လျာထားပြီး ဖျက်သိမ်းရမည့် နေရာများကိုမူ အမြန်ဆုံး ပြောင်းရွှေ့ ထွက်ခွာကြရန် ဖိအား ပေးနေကြောင်း သိရသည်။ ထို့ပြင် စီမံကိန်းတွင် ပါဝင်သည့် ဘောလုံးကွင်းမှ ဆိုင်ခန်းများ၊ လူနေတိုက်ခန်းများကို

မဲခေါင်၊ ဇန်နဝါရီ ၈

ရှမ်းပြည်၊ တောင်ကြီးမြို့ကို အဆင့်မြှင့်ရန် ဟုဆိုကာ စစ်ကောင်စီနှင့် အလွမ်းသင့်သူ ချယ်ရီကွင်း ဦးတိုးနှင့် ၎င်း၏တူ စိုးလင်းတို့ ခြယ်လှယ်နေသော Smart City စီမံကိန်းအရ စစ်ကောင်စီ အုပ်ချုပ်ရေးက လက်ရှိ ဂေါက်ကွင်း၊ ရုံးနှင့် ဆေးရုံ အချို့ကို မြို့ပြင် ထုတ်သွားရန် ရှိနေကြောင်း ပြည်နယ်အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းအား ၃ နှစ် စီမံကိန်းအဖြစ် ကနဦး လျာထားပြီး ဖျက်သိမ်းရမည့် နေရာများကိုမူ အမြန်ဆုံး ပြောင်းရွှေ့ ထွက်ခွာကြရန် ဖိအား ပေးနေကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းတွင် ပါဝင်သည့် ဘောလုံးကွင်းမှ ဆိုင်ခန်းများ၊ လူနေတိုက်ခန်းများကို အမြန်ဆုံး ဖယ်ရှားရန်လည်း ဇန်နဝါရီ ၅ ရက်တွင် ဒုတိယအကြိမ် သတိပေးစာ ထုတ်ခဲ့သည်။

ပထမအကြိမ် သတိပေးစာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ထားရာ ဖယ်ရှားရမည့် ဆိုင်ခန်းပေါင်း ၁၆၂ ခန်းနှင့် လူနေတိုက်ခန်း ၆၂ ခန်းရှိကြောင်း သိရသည်။

“အစားထိုးပေးမယ် မျှော်လင့်တာ မရတော့ဘဲ အခု လုံးဝ ဖယ်ပေးရတော့မှာ။ ငှားတဲ့ နှစ်ကလည်း နှစ် ၃၀ ပြည့်ပြီဆိုတော့ သက်တမ်းကုန် အကျုံးမဝင်တော့ဘူးပေါ့၊ လူနေ တိုက်ခန်းတွေလည်း ဘာလုပ်ပေးမယ်လို့ သေသေချာချာ မသိရသေးဘူး။ အခုစျေးနဲ့ အများစုက ဘာမှ ပြန်မဝယ်နိုင်ကြတော့ဘူး”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် ဆိုင်ခန်းများ ပြောင်းရွှေ့ရက် မပါသေးသော်လည်း တတိယအကြိမ် စာထုတ်ပါက စက်ယန္တရားနှင့် အင်အားသုံး ဖယ်ရှားခံရနိုင်ခြေကိုလည်း ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

မြို့စီမံကိန်းအရ နေရာပြောင်းရမည့် အထဲတွင် တောင်ကြီး ဂေါက်ကွင်းလည်း ပါဝင်ပြီး၊ ကျောက်တစ်လုံး ဘက်သွားရာ ၁၄ မိုင်ခန့် ဝေးသည့် ထီးဖောင်းသို့ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သိရသည်။

“စာထွက်လာတာ အတွင်းလူတွေ လောက်ပဲသိရသေးတယ်၊ ဂေါက်ကွင်းနေရာကို ဘာတွေဆောက်မယ် ဆိုတာတောင် လျာထားတာ Shopping Mall တောင်ပါတယ်။ ဂေါက်ကွင်းကို အမှီပြုနေရတဲ့ သူတွေ၊ ကယ်ဒီတွေတော့ ထမင်းအိုးကွဲပြီ။ မြို့စီမံကိန်းက ရေဆိုလည်း ရေထွက်တွေက ပိုက်တွေနဲ့ပေးဖို့ အကုန်ပါတယ်”ဟု ဂေါက်ကလပ်နှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းဂေါက်ကွင်းကို ၁၉၅၁ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ်တွင် (၇၅) နှစ်မြောက် ရွှေရတုတိုင်ခဲ့ပြီး ဖြစ်ကာ ယခင်က အသင်းသားများ၏ ရွေးချယ်မှုဖြင့် ဂေါက်ကလပ်ဥက္ကဌ အပါအဝင် အမှုဆောင် ရွေးချယ်သည့် စနစ်အစား အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းအစိုးက တိုက်ရိုက် ခန့်သည့်စနစ်ဖြင့် ဂေါက်ကွင်းကို ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖယ်ရှားရမည့် အထဲတွင် အဆုတ်ဆေးရုံမှ ဆိုင်ခန်းများ ပါဝင်နေသလို ဆေးရုံအချို့နှင့် ရုံးအချို့လည်း ပြောင်းရွှေ့ရမည် ဖြစ်ရာ ခရိုင်တရားရုံးမှာ စူဠာမုနိအဆင်း ဓာတ်ဆီဆိုင်ဘေး ရထားလမ်း အောက်ဘက်တွင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို စစ်ကောင်စီနှင့် အလွမ်းသင့်သူ ချယ်ရီကွင်း ဦးတိုးနှင့် ၎င်း၏တူ စိုးလင်းတို့က ရှေ့ထွက် လုပ်ဆောင်နေသော်လည်း နောက်ကွယ်တွင် ခရိုနီကြီးတစ်ဦး၊ သို့မဟုတ် အချို့ရှိနေသည်ဟု တောင်ကြီး ဒေသခံများက ဝေဖန်နေကြသည်။

ထို့ပြင် တောင်ကြီး စည်ပင်ကလည်း ရှမ်းချယ်ရီတောင်တန်း ကုမ္ပဏီနှင့် ပေါင်း၍ ဗိုလ်ချုပ်ပန်းခြံတွင် ၃ ထပ်ဆိုင်ခန်းများ ဆောက်လုပ်ရန် စီစဥ်နေသည်။

ယင်းအပေါ်တွင်လည်း ပန်းခြံ၏ အလှနှင့် အများပြည်သူ အပန်းဖြေနေရာ ပျက်စီး ပျောက်ကွယ်မည်ကို စိုးရိမ်သော မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။

#MeKongNews
#စစ်ကောင်စီ
#ချယ်ရီကွင်းဦးတိုး
#တောင်ကြီး
#စီမံကိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now