နေ့စဥ်သတင်း

မူဆယ်တွင် တရားမဝင်လုပ်ငန်းများမှ လစဉ်သိန်းသောင်းချီ လိုင်းကြေးရနေပြီး ပြည်နယ်ရဲချုပ်ကို တစ်လ သိန်းတစ်ထောင် ခွဲတမ်းပို့ရ

မဲခေါင် 7 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၇ မူဆယ်တွင် စစ်ကောင်စီ စစ်တပ်နှင့် ရဲတပ်ဖွဲ့များမှာ တရားမဝင်လုပ်ငန်းများမှ တစ်လ ကျပ်သိန်းတစ်သောင်းကျော် လိုင်းကြေးရနေပြီး ပြည်နယ်ရဲချုပ်ထံ တစ်လ သိန်းတစ်ထောင် လိုင်းကြေးပေးကာ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်လည်ပတ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ မူဆယ်မြို့တွင် ကျားဖြန့်ရုံ ၅၈ ရုံ၊ လောင်းကစား ၈၇ ရုံ၊ အနှိပ်ခန်း ၇၂ ခု၊ ပြည့်တန်ဆာရုံ အကြီး၃၉ရုံ၊ အသေး၅၉ ရုံနှင့် တရားမဝင် အပေါင်ဆိုင်လုပ်ငန်း ၄၃ ခု ရှိသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းလုပ်ငန်းများကို ကျားဖြန့်ရုံအကြီး၊ အသေးပေါ် မူတည်ပြီး တစ်လ သိန်း ၆၀

မဲခေါင်၊ ဇန်နဝါရီ ၇

မူဆယ်တွင် စစ်ကောင်စီ စစ်တပ်နှင့် ရဲတပ်ဖွဲ့များမှာ တရားမဝင်လုပ်ငန်းများမှ တစ်လ ကျပ်သိန်းတစ်သောင်းကျော် လိုင်းကြေးရနေပြီး ပြည်နယ်ရဲချုပ်ထံ တစ်လ သိန်းတစ်ထောင် လိုင်းကြေးပေးကာ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်လည်ပတ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မူဆယ်မြို့တွင် ကျားဖြန့်ရုံ ၅၈ ရုံ၊ လောင်းကစား ၈၇ ရုံ၊ အနှိပ်ခန်း ၇၂ ခု၊ ပြည့်တန်ဆာရုံ အကြီး၃၉ရုံ၊ အသေး၅၉ ရုံနှင့် တရားမဝင် အပေါင်ဆိုင်လုပ်ငန်း ၄၃ ခု ရှိသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ယင်းလုပ်ငန်းများကို ကျားဖြန့်ရုံအကြီး၊ အသေးပေါ် မူတည်ပြီး တစ်လ သိန်း ၆၀ မှ ၂၀၀၊ လောင်းကစားရုံကို သိန်း ၂၅ မှ သိန်း ၈၀၊ အနှိပ်ခန်း ၅ သိန်း၊ ပြည့်တန်ဆာခန်း ၁၅ သိန်း၊ အပေါင်ဆိုင် ၁၀ သိန်း စစ်ကောင်စီတပ်ဖွဲ့က ဆက်ကြေး ကောက်ခံနေသည်ဟု မဲခေါင်က ရရှိထားသည့် လိုင်းကြေး စာရင်းအရ သိရသည်။

“ပြည့်တန်ဆာရုံတွေဆို ကောင်းမူးလွယ်၊ ဟိုနား၊ စွမ်စော၊ ဆင်ဖြူဈေးနဲ့ ကားကြီးဝန်းမှာ အများဆုံးပဲ။ လိုင်းကြေး အနေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက စာရွက်စာတမ်းကြေး တစ်လ ၁၀ သိန်းနဲ့ အပိုင်နယ်ထိန်းကို တစ်လ ၁၅ သိန်း‌ ပေးရတယ်”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ကြောင့် မူဆယ်မြို့တွင် တရားမဝင် လုပ်ငန်းများထံမှ စစ်ကောင်စီ လိုင်းကြေးရရှိမှုမှာ တစ်လသိန်းတစ်သောင်းကျော် ရှိပြီး ယင်းအထဲမှ ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးမြို့ရှိ ပြည်နယ် ရဲမှူးချုပ်ကျော်ကျော်ဟန်ကို တစ်လ သိန်းတစ်ထောင် ခွဲတမ်းပို့ရသည်ဟု မူဆယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ဒါတောင်မှ ဒီစာရင်းတွေက လိုင်းကြေးသွင်းပြီး လုပ်ရတဲ့ ဟာတွေပဲရှိတယ်။ တချို့ ပြည်သူ့စစ် ပိုင်တဲ့ဟာတွေဆို လိုင်းကြေးမသွင်းရဘဲ ကင်းလွတ်ခွင့် ရနေလို့ ဒီထဲ စာရင်းမပါတာလည်း ရှိသေးတယ်။ ဒါကို ကြည့်ပြီး ရဲတွေ မူဆယ်ကို ဘာလို့ တအား လာချင်ကြတာလဲ ဆိုတာ အဖြေ ပါပြီးသားပဲလေ။ တပ်ကြပ်နယ်ထိန်း တစ်ယောက်က သိန်း ၄/၅ ထောင်တန်တဲ့ အိမ်‌ကို ပိုင်တယ်ဆိုတာ ဒီလိုတွေ ရနေလို့ပါ” ဟု ၎င်းက ပြောသည်။

ယင်းသို့ လိုင်းကြေးရရှိမှု ငွေပမာဏများကြောင့် ရဲတပ်ဖွဲ့ အတွင်းတွင်လည်း အဝေမတည့်ကြကာ ပြီးခဲ့သည့် ဒီဇင်ဘာတွင် နယ်ထိန်း ရဲအုပ်ရဲနောင်နှင့် မြို့မစခန်းမှူး ဒုရဲမှူး နေဆန်းတို့ အပြန်အလှန် တိုင်ကြားခဲ့သေးကြောင်း သိရသည်။

မူဆယ်မြို့အတွင်းရှိ တရားမဝင် လုပ်ငန်းများသည် လကုန်ပြီး ၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့၊ ရဲများနှင့် ဌာန ဆိုင်ရာများကို ဆက်ကြေး ပုံမှန်ပေးရပြီး မပေးသည့် ရုံများကို စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက် ဖမ်းဆီးလေ့ ရှိသည်ဟု လောင်းကစားရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြည့်တန်ဆာလုပ်ငန်းများ၊ လောင်းကစားရုံများ၊ ကျားဖြန့်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နေရသူ အချို့မှာ ပွဲစား အဆက်အသွယ် မှတစ်ဆင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် လာရောက်ကြခြင်း ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တရုတ်နိုင်ငံဘက်လည်း မသွားရ၊ နေရပ်ပြန်ရန် စရိတ်လည်း မရှိသဖြင့် လုပ်ကိုင်ရသူများလည်း ရှိသည်။

ကျားဖြန့်ရုံ၊ လောင်းကစားရုံနှင့် ပြည့်တန်ဆာရုံများတွင် အလုပ်လုပ်သူ‌များ၏ မှတ်ပုံတင် စသည့် အထောက်အထားများကို အလုပ်ရှင်သူဌေးက သိမ်းထားပြီး ထွက်ပြေးသူများကို ရုံလုံခြုံရေး ပြည်သူ့စစ်က ဖမ်းဆီး ရိုက်နှက်သည့်အပြင် သတ်ဖြတ်မှုများလည်း ရှိသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ များစွာရှိပြီး မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း၊ ကျားဖြန့်ရုံ၊ ပြည့်တန်ဆာရုံများ များပြားလွန်းသဖြင့် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသည်။

#MeKongNews
#မူဆယ်
#စစ်ကောင်စီတပ်
#ပြည်နယ်ရဲချုပ်
#လိုင်းကြေး
#တရားမဝင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now