နေ့စဥ်သတင်း

ဖမ်းမိသည့် ကုန်စည်များကို လားရှိုးခရိုင်ရဲများအချင်းချင်း ခွဲဝေယူနေ

မဲခေါင် 4 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၄ အိမ်သုံးပစ္စည်းနှင့် အဝတ်အထည်များအပါအဝင် ဖမ်းဆီးရမိထားသည့် ကုန်စည်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ခရိုင်ရဲရုံးမှ ရဲဝန်ထမ်းများက ၎င်းတို့အချင်းချင်း ခွဲဝေယူနေကြကြောင်း သတင်းရင်းမြစ်များက မဲခေါင်ထံ သတင်းပေးပို့ တိုင်ကြားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က လားရှိုးခရိုင်ရဲရုံးသည် ကုန်စည်များကို ဖမ်းဆီးပြီး ကားများကို ရုံးဝန်းအတွင်း သွင်းထားခဲ့ကြောင်း၊ ယင်းနောက် ကားများပေါ်တွင် ပါလာသည့် ပစ္စည်းများကို ခရိုင်ရဲရုံးမှ ရဲဝန်ထမ်းများက ချယူ၍ အချင်းချင်း ခွဲဝေယူနေကြခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “လားရှိုးခရိုင်ရဲမှူး မြင့်အောင်အနေနဲ့ တာဝန်ယူမဖြေရှင်းဘဲ အောက်ကလူတွေကို ဒီတိုင်းလွှတ်ထားတော့မှာလား။ တရားမဝင်ကုန်စည်ဆိုပြီး ဖမ်းတယ်၊ ပြီးတော့ အဲဒီကုန်တွေကို ခရိုင်ရုံးထဲက ရဲမေတွေနဲ့

မဲခေါင်၊ ဇန်နဝါရီ ၄

အိမ်သုံးပစ္စည်းနှင့် အဝတ်အထည်များအပါအဝင် ဖမ်းဆီးရမိထားသည့် ကုန်စည်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ခရိုင်ရဲရုံးမှ ရဲဝန်ထမ်းများက ၎င်းတို့အချင်းချင်း ခွဲဝေယူနေကြကြောင်း သတင်းရင်းမြစ်များက မဲခေါင်ထံ သတင်းပေးပို့ တိုင်ကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က လားရှိုးခရိုင်ရဲရုံးသည် ကုန်စည်များကို ဖမ်းဆီးပြီး ကားများကို ရုံးဝန်းအတွင်း သွင်းထားခဲ့ကြောင်း၊ ယင်းနောက် ကားများပေါ်တွင် ပါလာသည့် ပစ္စည်းများကို ခရိုင်ရဲရုံးမှ ရဲဝန်ထမ်းများက ချယူ၍ အချင်းချင်း ခွဲဝေယူနေကြခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“လားရှိုးခရိုင်ရဲမှူး မြင့်အောင်အနေနဲ့ တာဝန်ယူမဖြေရှင်းဘဲ အောက်ကလူတွေကို ဒီတိုင်းလွှတ်ထားတော့မှာလား။ တရားမဝင်ကုန်စည်ဆိုပြီး ဖမ်းတယ်၊ ပြီးတော့ အဲဒီကုန်တွေကို ခရိုင်ရုံးထဲက ရဲမေတွေနဲ့ ရဲတွေက ခွဲယူကြတာ။ တချို့ဆို အိတ်လိုက်ပဲ။ ကုန်သည်တွေအနေနဲ့ ဘာမှလည်း ပြန်မရတော့ဘူး။ ကားပေါ်က ပစ္စည်းတွေကို ခရိုင်ရုံးကလူတွေက အကုန်ယူကြတာ၊ ဒါကို စစ်ဆေးပေးစေချင်တယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသည့် ကားများတွင် ၁၂ ဘီးကားကြီးများ အပါအဝင် အိမ်သုံးကားငယ် စုစုပေါင်း ၈ စီးကျော် ရှိနေကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကုန်ပစ္စည်းများမှာ အရုပ်များ၊ အဝတ်အထည်များနှင့် ပန်းကန်ခွက်ယောက်များ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် နယ်စပ်မှ ကုန်ပစ္စည်းတင်သွင်းခွင့်များကို ပိတ်ပင်ထားပြီး၊ သယ်ဆောင်လာသည့် ကားများကို တရားမဝင်ကုန်စည်တင်ဆောင်မှုဖြင့် ဖမ်းဆီးအမှုဖွင့်ခြင်းများ ပြုလုပ်လျက်ရှိသည်။

#MeKongNews
#လားရှိုး
#ခရိုင်ရဲတပ်ဖွဲ့မှူး
#ကုန်တင်ကား
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now