နေ့စဥ်သတင်း

ဗိုလ်မှူးချုပ် သန့်ထင်စိုး အမိန့်ဖြင့် ပွန်ချောင်း၌ PNO သစ်ကား ၅၀ ခန့် စစ်‌ကောင်စီတပ် ဖမ်းထား

မဲခေါင် 2 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲ – ဆိုက်ခေါင် လမ်းပိုင်းရှိ ပွန်ချောင်းထဲ၌ PNO ထိပ်ပိုင်းများ ပတ်သက် ပိုင်ဆိုင်သည့် သစ်ကားအစီး ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များအရ သိရသည်။ ယင်းသစ်ကားများကို ဒီဇင်ဘာ ၂၈ ရက်၊ ရွေးကောက်ပွဲ အပိုင်း – ၁ မတိုင်မီ ရပခ တိုင်းမှူး ဗိုလ်ချုပ် ကျော်နိုင်ဦး၏ သဘောတူညီမှုဖြင့် ဟိုပုံး နည်းပညာကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အမိန့်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “တိုင်းမှူးနဲ့ တစ်ပတ်စဥ်ထဲ ဆိုတော့ သူက လုပ်လို့ကိုင်လို့ ပိုကောင်းနေတဲ့ သဘောပဲ၊

မဲခေါင်၊ ဇန်နဝါရီ ၂

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲ – ဆိုက်ခေါင် လမ်းပိုင်းရှိ ပွန်ချောင်းထဲ၌ PNO ထိပ်ပိုင်းများ ပတ်သက် ပိုင်ဆိုင်သည့် သစ်ကားအစီး ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များအရ သိရသည်။

ယင်းသစ်ကားများကို ဒီဇင်ဘာ ၂၈ ရက်၊ ရွေးကောက်ပွဲ အပိုင်း – ၁ မတိုင်မီ ရပခ တိုင်းမှူး ဗိုလ်ချုပ် ကျော်နိုင်ဦး၏ သဘောတူညီမှုဖြင့် ဟိုပုံး နည်းပညာကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အမိန့်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တိုင်းမှူးနဲ့ တစ်ပတ်စဥ်ထဲ ဆိုတော့ သူက လုပ်လို့ကိုင်လို့ ပိုကောင်းနေတဲ့ သဘောပဲ၊ သစ်ကား ဖမ်းလိုက်တာ PNO တွေ တင်းသွားပြီး တန်ပြန် လက်စားချေမယ့် အစီအစဉ်တွေ ရှိနေပြီး လောလောဆယ်တော့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဦးအောင်အောင်ကို မဲမထည့်ဘဲနဲ့ ဆန္ဒပြတာကို ခံလိုက်ရခြင်း ဖြစ်တယ်။ ဗိုလ်ချုပ်သန့်ထင်စိုးက လင်းခေး ဗျူဟာမှူးက လာတာဆိုတော့ PNO နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး PNO အဖွဲ့တွေ အကူအညီနဲ့ တမလန်း ဆက်တီမျိုးစုံကို နေပြည်တော်အထိ အမြဲမပြတ် ဆက်ကပ်လှူဒါန်းပြီး နေရာတည်မြဲရေးက ကျားကန်ထားနိုင်သူ။ PNO ကျေးဇူးကြောင့် ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူခဲ့ရသူက ကျေးဇူး ကန်းတာကြောင့်လေ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က မဲခေါင်သို့ ပြောသည်။

အမှန်မှာ ကုန်ကားများကိုသာ ဖမ်းဆီးရန် ဖြစ်သော်လည်း ဗိုလ်မှူးချုပ် သန့်ထင်စိုး အမိန့်ကြောင့် သစ်ကားများကို ဖမ်းဆီးရခြင်း ဖြစ်ပြီး ယင်းကားများကို တစ်ည ၅ စီး ပြန်လွှတ်ပေးရန် သဘောတူထားသည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် တရားမဝင် ကုန်တင်သည် ဟုဆိုကာ ရှမ်းမြောက်မှ ကုန်ကား အစီး ၈၀ ခန့်ကိုနောင်ဝိုး၊ ရပ်စောက်တွင် ဖမ်းဆီးအမှုဖွင့် ထားသော်လည်း ရှမ်းအရှေ့တွင်မူ ဟိုပုံး နည်းပညာကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အမိန့်ဖြင့် ဖမ်းဆီးခြင်း၊ ပြန်လွှတ်ခြင်းများ လုပ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပုံစာ – ရှမ်းပြည်အတွင်း သွားလာနေသော တရားမဝင် လိုင်စင်မဲ့ သစ်ကားများ
#MeKongNews
#ပွန်ချောင်း
#ဗိုလ်မှူးချုပ်သန့်ထင်စိုး
#PNO
#သစ်ကား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now