နေ့စဥ်သတင်း

လိုင်းကြေး အဝေမတည့်သဖြင့် မူဆယ်ရဲများ အပြန်အလှန်တိုင်

မဲခေါင် 29 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၉ ကျားဖြန့်၊ လောင်းကစား နှင့် မူးယစ်ဆေးဝါး စသည့် တရားမဝင် လုပ်ငန်းများမှ ရရှိသည့် လိုင်းကြေးများ အဝေမတည့်သဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်စခန်းရဲများ အပြန်အလှန် တိုင်ကြားနေကြသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ လိုင်းကြေးများအား အဓိက တောင်းရသည့် မူဆယ်မြို့နယ် နယ်ထိန်းရဲအုပ် ရဲနောင်က လိုင်းကြေးများ ပြန်ခွဲပေးရာတွင် မူဆယ်မြို့မ စခန်းမှူး ဒုရဲမှူး နေဆန်းနှင့် အဝေမတည့်ရာမှ ပြည်ထဲရေးသို့ အပြန်အလှန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဝေစုပြဿနာ တက်တော့မှ စခန်းမှူးက နယ်ထိန်း ရဲအုပ်ရဲနောင်ကို အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေတယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးထံ လိပ်မူတပ်ပြီး

မဲခေါင်၊ ဒီဇင်ဘာ ၂၉

ကျားဖြန့်၊ လောင်းကစား နှင့် မူးယစ်ဆေးဝါး စသည့် တရားမဝင် လုပ်ငန်းများမှ ရရှိသည့် လိုင်းကြေးများ အဝေမတည့်သဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်စခန်းရဲများ အပြန်အလှန် တိုင်ကြားနေကြသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

လိုင်းကြေးများအား အဓိက တောင်းရသည့် မူဆယ်မြို့နယ် နယ်ထိန်းရဲအုပ် ရဲနောင်က လိုင်းကြေးများ ပြန်ခွဲပေးရာတွင် မူဆယ်မြို့မ စခန်းမှူး ဒုရဲမှူး နေဆန်းနှင့် အဝေမတည့်ရာမှ ပြည်ထဲရေးသို့ အပြန်အလှန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဝေစုပြဿနာ တက်တော့မှ စခန်းမှူးက နယ်ထိန်း ရဲအုပ်ရဲနောင်ကို အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေတယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးထံ လိပ်မူတပ်ပြီး တိုင်တာပေါ့။ ရဲနောင်ကလည်း စခန်းမှူးက အမှုသည်နဲ့ အချုပ်သားတွေဆီကနေ အတင်းအကြပ် ငွေတောင်းတယ်၊ ငွေညှစ်ပြီး လာဘ်စားတယ်ဆိုပြီး ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးကို ပြန်တိုင်တာ။ ဝေစုခွဲတာ မကျေနပ်လို့ အောက်ဖဲလှန်ကြတာ။ တိုင်တာက ဒီလထဲမှာပဲ အပြန်အလှန် တိုင်ကြတာ”ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် စစ်တပ်၊ ရဲ၊ မှုခင်းတပ်ဖွဲ့၊ စရဖနှင့် သက်ဆိုင်ရာဌာနများကို လိုင်းကြေး သိန်းရာနှင့်ချီ ပေးပြီး ပြည်သူ့စစ်နှင့် သူဌေးများက ကျားဖြန့်၊ လောင်းကစား၊ ပြည့်တန်ဆာ အပါအဝင် တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်နေကြသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မူဆယ်တွင် ကျားဖြန့်ရုံကြီးကို တစ်လ သိန်း ၂၀၀ ၊ ရုံသေး သိန်း ၁၀၀၊ လောင်းကစားဂိမ်းရုံ အကြီး သိန်း ၁၅၀ ၊ ရုံအလတ် သိန်း ၈၀၊ ရုံအသေး သိန်း ၅၀၊ ပြည့်တန်ဆာခန်း တစ်လ ၂၅ သိန်း၊ KTV နှင့် မာဆတ် တစ်လ သိန်း ၅၀ ပေးရပြီး ယင်းရုံများအတွင်း ယာမဆေးပြား၊ အိုက်စ်၊ ဘိန်းဖြူ၊ ဟက်ပီးဝါးတား စသည့် မူးယစ်ဆေးများ ရောင်းချပါက ယင်းအတွက် လိုင်းကြေး ထပ်မံပေးရသည်ဟု ၎င်း၏ ပြောကြားချက်အရ သိရသည်။

“လိုင်းကြေးတွေကို ရာထူး ကြီးငယ်အလိုက် ခွဲဝေယူကြတာ။ လောင်းကစားရုံတွေကို ပြည်သူ့စစ်တွေက လုံခြုံရေး ယူပေးပြီး တာဝန်ယူထားတာ ဆိုတော့ ပြည်သူက ဘာမှပြောလို့မရ အနားကပ်လို့ မရပါဘူး။ ပြည်သူ့စစ်တွေက တာဝန်ယူပြီးလုပ် စကစတွေက လိုင်းကြေးတွေနဲ့ အေးဆေး နှပ်နေတာပေါ့။ ဒီဘက်က ပြည်သူ့စစ်အဖွဲ့တွေ ရက်ကြီးခါကြီး ရောက်လို့ တိုင်းမှူးတွေ ပြည်နယ်ရဲမှူးတွေကို သွားကန်တော့ရင် မုန့်ပုံးထဲ ရွှေချောင်းတွေနဲ့ ကန်တော့တာဗျ။ အခုခေတ်က အဲလိုပြန်ဖြစ်နေပြီ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်းရှိပြီး ၎င်းတို့သည် စစ်တပ်နှင့် ရဲများကို လိုင်းကြေးပေးကာ ကျားဖြန့်၊ လောင်းကစား၊ ပြည့်တန်ဆာရုံ၊ မူးယစ်ဆေး အရောင်းအဝယ်များကို လုပ် ကိုင်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။

#MeKongNews
#ကျားဖြန့်
#လိုင်းကြေး
#အဝေမတည့်
#မူဆယ်ရဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now