နေ့စဥ်သတင်း

တန့်ယန်းတွင် အမျိုးသမီးငယ်တစ်ဦးကို သိန်း ၅၀၀ ဖြင့် ပြန်ရွေးခိုင်းသည့် ပြန်ပေးသမားများကို SSPP ဖမ်းဆီး

မဲခေါင် 24 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၅၀၀ ဖြင့် ပြန်ရွေးခိုင်းမှုတွင် ကျူးလွန်သူများဖြစ်သည့် တရားခံ ၆ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် – SSPP က သတင်းထုတ်ပြန်သည်။ ပြန်ပေးဆွဲခံရသူ အမျိုးသမီးသည် မိုင်းရှုးဇာတိဖြစ်ပြီး မိုင်းလားတွင် ရောက်ရှိနေစဉ် အလုပ်မရှိကြောင်း လိုင်းပေါ် တင်ရာမှ ပြန်ပေးဆွဲသူများက တန့်ယန်းတွင် အလုပ်ရှိကြောင်း အလုပ်လိုချင်ပါက တန့်ယန်းလာရမည်ဟု ဆက် သွယ်ပြောဆိုသဖြင့် အမျိုးသမီး ရောက်လာသည့်အခါ ပြန်ပေးသမားများက ဖမ်းဆီး ခေါ် ဆောင်သွားခြင်း ဖြစ်သည်။ “ကောင်မလေးက ၁၈ နှစ်ပဲ ရှိသေးတယ်ဗျာ၊ အလုပ်ရမယ်ထင်ပြီး တန့်ယန်းကို

မဲခေါင်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၅၀၀ ဖြင့် ပြန်ရွေးခိုင်းမှုတွင် ကျူးလွန်သူများဖြစ်သည့် တရားခံ ၆ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် – SSPP က သတင်းထုတ်ပြန်သည်။

ပြန်ပေးဆွဲခံရသူ အမျိုးသမီးသည် မိုင်းရှုးဇာတိဖြစ်ပြီး မိုင်းလားတွင် ရောက်ရှိနေစဉ် အလုပ်မရှိကြောင်း လိုင်းပေါ် တင်ရာမှ ပြန်ပေးဆွဲသူများက တန့်ယန်းတွင် အလုပ်ရှိကြောင်း အလုပ်လိုချင်ပါက တန့်ယန်းလာရမည်ဟု ဆက် သွယ်ပြောဆိုသဖြင့် အမျိုးသမီး ရောက်လာသည့်အခါ ပြန်ပေးသမားများက ဖမ်းဆီး ခေါ် ဆောင်သွားခြင်း ဖြစ်သည်။

“ကောင်မလေးက ၁၈ နှစ်ပဲ ရှိသေးတယ်ဗျာ၊ အလုပ်ရမယ်ထင်ပြီး တန့်ယန်းကို ဆင်းလာတာ ရောက်တာနဲ့ ပြန်ပေးဆွဲသမားတွေက ကားပေါ်တင် လက်ထိပ်ခတ်ပြီး မျက်လုံးကိုလည်း ပိတ်ထားလိုက်တယ်။ အခန်းတစ်ခုထဲမှာ သုံးရက်လောက် ဖမ်းထားပြီးမှ မိဘတွေဆီကို ဖုန်းဆက်ခိုင်းပြီး ငွေသိန်း ၅၀၀ နဲ့ ရွေးခိုင်းတာတဲ့ဗျာ။ ကလေးသာသာ လူငယ်တွေပဲ ရုပ်ကြည့်ရတာ ဆယ်ကျော်သက် အရွယ်တွေပဲဗျ။ ပိုက်ဆံကို အလွယ်လမ်းနဲ့ ရချင်ကြတော့ လုပ်သင့်မလုပ်သင့် မစဉ်းစားတတ် ကြတော့တာလေ”ဟု ဖြစ်စဉ်သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် ယင်းအမှု ဖြစ်ပွားခဲ့ကာ ဒီဇင်ဘာ ၁၉ ရက်တွင် ပြစ်မှုကျူးလွန်သူ လူငယ် ၆ ဦး SSPP က ဖမ်းမိထားပြီး ပြန်ပေးဆွဲခံရသည့် မိန်းကလေးကိုလည်း မိသားစုထံ ပြန်လည် အပ်နှံခဲ့သည်ဟု SSPP ကထုတ်ပြန်သည်။

ဖမ်းမိသည့် ပြန်ပေးသမားများကိုမူ ဥပဒေအရ အရေးယူသွားမည်ဟု SSPP ကဆိုသည်။

“ပြန်ပေးဆွဲတဲ့ သူတွေကလည်း လူငယ်တွေပဲ ရှမ်းစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ အခုတော့ အဲ့လူတွေကို ဝတ်စုံစိမ်းတပ်- SSPP က ဖမ်းဆီးလိုက်ပြီ။ တန့်ယန်းမှာက အဖွဲ့စုံတော့ အမှုတွေကလည်း အစုံပဲ မူးယစ်ဆေးဝါးလည်း ပေါတယ်လေ”ဟု သတင်းရင်းမြစ်က ပြောသည်။

ယင်းလူငယ် ၆ ဦးကို SSPP က တန့်ယန်းမြို့တရုတ်သင်္ချိုင်း အနီးရှိ နေအိမ်တစ်ခုတွင် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်သူများသည် အသက် ၁၉ နှစ်မှ ၂၀ ကျော်အရွယ် ရှိသူများဖြစ်ပြီး တန့်ယန်းမြို့နယ်၊ ဝိန်းမိုင်ကျေးရွာအုပ်စု ဝိန်းမိုင်ကျေးရွာ၊ ကွန်ဟုန်းကျေးရွာနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု၊ ဟွေအောကျေးရွာတွင် နေထိုင်သူများ ဖြစ် ကြောင်း SSPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MeKongNews
#တန့်ယန်း
#အမျိုးသမီး
#ပြန်ပေးဆွဲ
#SSPP
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now