နေ့စဥ်သတင်း

ကမ္ဘာက ၇ နှစ်စာ အချိန်ယူရမည့် ဘောလုံးပွဲကို PNO က တစ်လကျော်ဖြင့် ကျင်းပနိုင်ခဲ့သဖြင့် လီဗာပူးအသင်းကပင် အံ့ဩချီးကျူးခဲ့ဟု ဥက္ကဌ ခွန်စံလွင် ကြွားဝါ

မဲခေါင် 23 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၃ ဥရောပအပါအဝင် ကမ္ဘာက ၇ နှစ်စာ အချိန်ယူရမည့် ဘောလုံးပြိုင်ပွဲကို PNO က တစ်လကျော်ဖြင့် ကျင်းပနိုင်ခဲ့သဖြင့် လီဗားပူးအသင်းကပါ နောင်ကားဘောလုံးပွဲကို အံ့ဩခဲ့သည်ဟု ဥက္ကဌ ခွန်စံလွင်က ဆိုသည်။ ကမ္ဘာတွင် ဘောလုံးပြိုင်ပွဲများကို နှစ်စဉ် အသင်း ၂၀ ဖြင့်သာ ကျင်းပလေ့ ရှိသော်လည်း PNO ၏ နောင်ကား ဘောလုံးပွဲသည် အကြီးတန်း ၁၄ သင်း၊ အငယ်တန်း ၁၂၉ သင်း စုစုပေါင်း အသင်း ၁၄၀ကျော်ရှိသည်ဟု ခွန်စံလွင်က နောင်ကား ဘောလုံးပွဲဖွင့်ပွဲတွင် ပြောသည်။ “နိုင်ငံတကာနှင့် ဥရောပ ဘောလုံးအသင်းတွေမှာ ဆိုရင် တစ်နှစ်ပတ်လုံးမှ အသင်း

မဲခေါင်၊ ဒီဇင်ဘာ ၂၃

ဥရောပအပါအဝင် ကမ္ဘာက ၇ နှစ်စာ အချိန်ယူရမည့် ဘောလုံးပြိုင်ပွဲကို PNO က တစ်လကျော်ဖြင့် ကျင်းပနိုင်ခဲ့သဖြင့် လီဗားပူးအသင်းကပါ နောင်ကားဘောလုံးပွဲကို အံ့ဩခဲ့သည်ဟု ဥက္ကဌ ခွန်စံလွင်က ဆိုသည်။

ကမ္ဘာတွင် ဘောလုံးပြိုင်ပွဲများကို နှစ်စဉ် အသင်း ၂၀ ဖြင့်သာ ကျင်းပလေ့ ရှိသော်လည်း PNO ၏ နောင်ကား ဘောလုံးပွဲသည် အကြီးတန်း ၁၄ သင်း၊ အငယ်တန်း ၁၂၉ သင်း စုစုပေါင်း အသင်း ၁၄၀ကျော်ရှိသည်ဟု ခွန်စံလွင်က နောင်ကား ဘောလုံးပွဲဖွင့်ပွဲတွင် ပြောသည်။

“နိုင်ငံတကာနှင့် ဥရောပ ဘောလုံးအသင်းတွေမှာ ဆိုရင် တစ်နှစ်ပတ်လုံးမှ အသင်း ၂၀ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဆိုရင် ဒါ ၇ နှစ်စာကို တစ်လကျော်သာ အတွင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် နောင်ကားဘောလုံးပွဲသည် အသင်းလည်း များသဖြင့် အင်္ဂလန်ရှိ လီဗာပူးအသင်းကပါ အံ့ဩ ချီးကျုးခဲ့ရကြောင်း ၎င်းက ပြောသည်။

“ဥရောပအထင်ကရ အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ကာလတစ်ခု ၂၀၀၂ ဝန်းကျင်မှာ ကျွန်တော်တို့ ဒေသကို ရောက်ရှိပြီးတော့မှ ကျွန်တော်တို့ ဘောလုံးပြိုင်ပွဲကို အားပေး ချီးမြှင့်ခဲ့တာ ဖြစ်ပါ တယ်။ သူတို့ အံ့လည်းအံ့ဩတယ် အသင်းလည်း များတယ် ပရိသတ်လည်း များတယ် “ဟု ၎င်းက ဖွင့်ပွဲတွင် ပြောသည်။

ယခုနှစ်တွင် ကျင်းပသည့် နောင်ကားဘောလုံးပွဲကို လီဗာပူးအသင်းက လာရောက်ချင်သော်လည်း ဒီဇင်ဘာကာလ ဖြစ်သည့်အတွက် မလာရောက်နိုင်ခြင်း ဖြစ်ပြီး ခရစ္စမတ် ဆုတောင်းပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာ၌ PNO ဥက္ကဌဖလား ပြိုင်ပွဲကို ကျင်းပနေပြီး ကျေးရွာ အချို့တွင် ဘောလုံးပွဲအတွက် ဟုဆိုကာ ငွေကြေး ကောက်ခံနေမှုလည်း ရှိသည်။

PNO ပြည်သူ့စစ်ခေါင်းဆောင်နှင့် PNO ပါတီ ဥက္ကဌလည်း ဖြစ်သူ ခွန်စံလွင်သည် စစ်ကောင်စီ အကြံပေးအဖွဲ့တွင် ပါဝင်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က အကြမ်းဖက်သမားအဖြစ် ကြေညာခံထားရသူ ဖြစ်သည်။

#MeKongNews
#ဘောလုံးပွဲ
#PNO
#တစ်လကျော်
#လီဗာပူး
#ခွန်စံလွင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now