မဲခေါင်၊ ဒီဇင်ဘာ ၁၉
UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်မှ လားရှိုး – ရန်ကုန်သို့ ခရီးသွားသည့် ပြည်သူတစ်ဦး၏ လားရှိုး “ဝ” ရုံး ထောက် ခံစာမှာ ၄၁၄ – တပ်မအလံ အမှတ်အသား ပါခြင်းကြောင့် အကျုံးမဝင် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံရဲက ငွေညှစ်တောင်းခံခဲ့ကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် ခရီးသည်တစ်ဦးကို ကိုးကား၍ ဒေသတွင်း သတင်းပေ့ချ် Wa News Land က ဖော်ပြထားသည်။
၎င်းသည် လားရှိုး – မိုင်းရယ် – တောင်ကြီး – ရန်ကုန် ခရီးစဥ်ကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးအဝင်တွင် စစ်ဆေးခံခဲ့ရပြီး ယင်းကဲ့သို့ ငွေညှစ်ခံရခြင်း ဖြစ်ကြောင်း သတင်းကဆိုသည်၊
“ဟိုပန်ကလာတော့ လားရှိူး “ဝ” ရုံးထောက်ခံစာ ဝင်ယူသွားတယ်။ ထောက်ခံစာမှာ UWSA ၄၁၄ တပ်မအလံပါ လို့ ဆိုပြီးရစ်တယ်၊ ငါတို့နယ်မြေကို စော်ကားတာလားတဲ့။ ထောက်ခံစာက ဟိုပန်နဲ့ လားရှိုးအတွင်းပဲ အကျုံးဝင် တယ်၊ ရန်ကုန် – တောင်ကြီး ဘက်တွေမရဘူးလို့ပြောတယ်။ ဖြတ်ချင်လားတဲ့၊ ဖြတ်ချင်ရင် ကားဆရာနဲ့ညှိပြီး ငါ့ ဆီပြန်လာတဲ။ ၊ငွေခင်းလိုက်ရတယ်”ဟု ယင်းခရီးသည်က ပြောကြောင်း ဖော်ပြထားသည်။
ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြား လားရှိုး – မန်းလေး – ရန်ကုန် ပြည်ထောင်စုလမ်းမကြီး ပိတ်ထားခြင်းကြောင့် ရန်ကုန်သို့ ယခင် တစ်ညအိပ်ခရီးကို ယခုတွင် ရှမ်းတောင်မှတစ်ဆင့် ဖြတ်သန်းရပြီး တစ်ညအိပ် ၂ ရက်နီးပါး ခရီးဆက်ရသည့်အတွက် ခရီးသွားပြည်သူများ အခက်ကြုံနေရသည်ဟု ဆိုသည်။
UWSA သည် စစ်ကောင်စီနှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဆက်ဆံရေးလည်း အဆင်ပြေနေသည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
#MeKongNews
#တောင်ကြီး
#UWSA
#ထောက်ခံစာ
#စစ်ကောင်စီရဲ
#ခရီးသည်
#ငွေညှစ်








