နေ့စဥ်သတင်း

စစ်ကောင်စီရွေးကောက်ပွဲကို ဂုဏ်ပြုသည်ဟုဆိုကာ ရှမ်းပြည် YMBA ဥက္ကဌ ဦးစိုင်းရီကျောက် သွေးလှူပွဲကျင်းပ၊ အသင်းသားများ ဝင်မလှူ

မဲခေါင် 18 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၈ တောင်ကြီးအခြေစိုက် ရှမ်းပြည် ဗုဒ္ဓကလျာဏယုဝအသင်း – YMBA ဥက္ကဌ ဦးစိုင်းရီကျော်မှ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် သွေးလှူဒါန်းပွဲ ကျင်းပခဲ့သော်လည်း အသင်းသားများကို ဘာသာရေးကို ခုတုံးလုပ်သည်ဟု ယူဆသဖြင့် တစ်ယောက်မျှ ပါဝင်သွေးလှူခြင်းမရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့က တောင်ကြီးမြို့၊ မိခင်နှင့်ကလေးဆေးရုံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အသင်းသားများ ပါဝင်လှူဒါန်းခြင်းမရှိသည့်အတွက် ၎င်း၏နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများ၊ နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များကသာ သွေးလှူခဲ့ကြောင်း YMBA အသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ “သူ့(ဦးစိုင်းရီကျောက်) လုပ်ရပ်တွေ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုခေါင်းစဉ်တပ်ပြီး လုပ်နေတာတွေက စစ်တပ်ကို မျက်နှာလုပ်၊ ဖားတာတာမျိုးတွေ

မဲခေါင်၊ ဒီဇင်ဘာ ၁၈

တောင်ကြီးအခြေစိုက် ရှမ်းပြည် ဗုဒ္ဓကလျာဏယုဝအသင်း – YMBA ဥက္ကဌ ဦးစိုင်းရီကျော်မှ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် သွေးလှူဒါန်းပွဲ ကျင်းပခဲ့သော်လည်း အသင်းသားများကို ဘာသာရေးကို ခုတုံးလုပ်သည်ဟု ယူဆသဖြင့် တစ်ယောက်မျှ ပါဝင်သွေးလှူခြင်းမရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က တောင်ကြီးမြို့၊ မိခင်နှင့်ကလေးဆေးရုံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အသင်းသားများ ပါဝင်လှူဒါန်းခြင်းမရှိသည့်အတွက် ၎င်း၏နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများ၊ နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များကသာ သွေးလှူခဲ့ကြောင်း YMBA အသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

“သူ့(ဦးစိုင်းရီကျောက်) လုပ်ရပ်တွေ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုခေါင်းစဉ်တပ်ပြီး လုပ်နေတာတွေက စစ်တပ်ကို မျက်နှာလုပ်၊ ဖားတာတာမျိုးတွေ များလာလို့ပါ။ အခုလာမယ့် ရွေးကောက်ပွဲအတွက် အစိုးရကို မျက်နှာလိုချင်လို့ သူ့အင်အားနဲ့ အသုံးပြုတာပါ” ဟု အသင်းဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

YMBA အသင်းသားများထဲတွင် သွေးလှူဒါန်းမည့်သူ မရှိသဖြင့် ရှမ်းပြည်တွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီစုံမှ အသင်းဝင် သွေးအလှူရှင်အနည်းငယ်ဖြင့်သာ ပြုလုပ်ခဲ့ရပြီး လက်ခံရရှိသည့် သွေးအိတ်အရေအတွက်ကိုလည်း မထုတ်ပြန်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဦးစိုင်းရီကျောက်မှာ YMBA အသင်းအမည်ကို အသုံးချကာ စစ်တပ်ကို မျက်နှာချိုသွေးခြင်း၊ ကိုယ်ကျိုးစီးပွား ဖော်ဆောင်ရန်ကြိုးပမ်းခြင်းများကြောင့် အသင်းဝင်များနှင့်လည်း အဆင်မပြေကြောင်း နီးစပ်သူများက ပြောသည်။

ဦးစိုင်းရီကျောက်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြုလုပ်သည့် စစ်ကောင်စီဇာတ်ညွှန်းရေးသည့် မဟာမိတ်တပ်များ ရှမ်းများမှ ထွက်ခွာပေးရေး လုပ်ဇာတ်ဆန္ဒပြပွဲများကိုလည်း တောင်ကြီးမြို့တွင် ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်များက ရှမ်းပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်း(YMBA) အနေနှင့် သာမန်သွေးလှူပွဲများသာ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်မှ ဥက္ကဌ ဦးစိုင်းရီက ၎င်းတစ်ဦးတည်းသဘောဖြင့် စစ်ကောင်စီမှ ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအား ထောက်ခံသည့် သွေးလှူဒါန်းပွဲဟု ဆိုကာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ချက် – ပုံဟောင်းအသုံးပြုထားသည်။
ပုံအညွှန်း – ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်က တောင်ကြီး YMBA မှ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သွေးလှူနေပုံ

#MeKongNews
#YMBA
#သွေးလှူ
#ဗုဒ္ဓကလျာဏယုဝအသင်း
#တောင်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now