နေ့စဥ်သတင်း

ဆီဆိုင်တွင် ဒေသခံမြေများကို စစ်ကောင်စီတပ် အဓမ္မသိမ်းပြီး မိုင်းပါ ထောင်ထား

မဲခေါင် 16 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၆ စစ်ကောင်စီတပ် ပြန်သိမ်းထားသော ဆီဆိုင်မြို့နယ်၊ ထီမန်း ကျေးရွာခံများ၏ တောင်ယာ မြေကွက်များကိုစစ်ကောင်စီတပ်က ခြံစည်းရိုးများ အဓမ္မ ကာထားပြီး မြေမြုပ်မိုင်းများပါ ထောင်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ထီးမန်းကျေးရွာ အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်တပ်သိမ်းမြေ စုစုပေါင်း ဧက ၇၀၀ ရှိပြီး ယင်းမြေ အားလုံးကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် စစ်ကောင်စီ တပ်သားများက သံကြိုး၊ အုတ်တံတိုင်းဖြင့် အခိုင်အမာ လာကာထားပြီး မြေမြုပ်မိုင်းများပါ ‌ထောင်ထားသဖြင့် လုံးဝဝင်၍ မရတော့ကြောင်း ဒေသခံများက ဆိုသည်။ “အရင်နှစ်‌တွေဆို ဝင်လို့ရတယ်၊ ပြီးရင် အဲ့မြေထဲကို စိုက်ပျိုးရေး လုပ်ချင်တယ်ဆိုရင်

မဲခေါင်၊ ဒီဇင်ဘာ ၁၆

စစ်ကောင်စီတပ် ပြန်သိမ်းထားသော ဆီဆိုင်မြို့နယ်၊ ထီမန်း ကျေးရွာခံများ၏ တောင်ယာ မြေကွက်များကိုစစ်ကောင်စီတပ်က ခြံစည်းရိုးများ အဓမ္မ ကာထားပြီး မြေမြုပ်မိုင်းများပါ ထောင်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ထီးမန်းကျေးရွာ အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်တပ်သိမ်းမြေ စုစုပေါင်း ဧက ၇၀၀ ရှိပြီး ယင်းမြေ အားလုံးကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် စစ်ကောင်စီ တပ်သားများက သံကြိုး၊ အုတ်တံတိုင်းဖြင့် အခိုင်အမာ လာကာထားပြီး မြေမြုပ်မိုင်းများပါ ‌ထောင်ထားသဖြင့် လုံးဝဝင်၍ မရတော့ကြောင်း ဒေသခံများက ဆိုသည်။

“အရင်နှစ်‌တွေဆို ဝင်လို့ရတယ်၊ ပြီးရင် အဲ့မြေထဲကို စိုက်ပျိုးရေး လုပ်ချင်တယ်ဆိုရင် ဆန် ဒါမှမဟုတ် ပိုက်ဆံနဲ့ စစ်တပ်ဆီ အခွန်ဆောင်ပေးရတယ်။ ခုတော့ သူတို့ အကုန်ပိတ်တော့ ဝင်လို့ လုံးဝမရတော့ဘူး။ နောက်နှစ် တောင်သူတွေ ဘယ်လို စိုက်ပျိုးရေး လုပ်ရမလဲတောင် မသိတော့ဘူး။ “ဟု ဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယခုကဲ့သို့ ပိတ်လိုက်ခြင်းကြောင့် ပြီးခဲ့သည့် မိုးရာသီတွင် တောင်သူများ စိုက်ပျိုးထားသော ပဲစင်းငုံနှင့် ပြောင်းတချို့ကိုလည်း ရိတ်သိမ်းခွင့် မရတော့ကြောင်း ဒေသခံများက ဆိုသည်။

“ပြီးခဲ့တဲ့နှစ် တစ်နှစ်စာ စိုက်ပျိုးထားတဲ့ တောင်ယာ မသိမ်းရသေးဘဲ ခုလိုပိတ်တော့ စိုက်ထားတဲ့ တောင်သူတွေ တစ်နှစ်စာ နစ်နာရတယ်။ တချို့ဆို အော်‌တောင်ငိုတယ်၊ လဲကျ သတိမေ့ပြီး ဆေးရုံတင်ရတဲ့‌ တောင်သူတွေလည်း ရှိတယ်၊ တောင်သူတွေ စိတ်တော်တော် ထိခိုက်ကြရတယ်။ ကိုယ့်ရဲ့ ဘိုးဘွားပိုင်မြေမှာ ကိုယ်စိုက်ပျိုးခွင့်တောင် မရတဲ့ဘဝ တော်တော် ရင်နာဖို့ ကောင်းတယ်။ ကူညီပေးမယ့် သူလည်းမရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းမြေများကို ပြန်လည်ရရှိရန် နယ်မြေ ထိန်းချုပ်သူ ပအိုဝ်းပြည်သူ့စစ် – PNO မှ ဦးခွန်အောင်ခမ်းထီ နှင့် ဦးခွန်စံလွင်တို့ကို ဒေသခံ တောင်သူများက အကူညီ သွားတောင်းသော်လည်း ငြင်းဆန်ခဲ့သည့် အပြင် စစ်တပ်ကို မဆန့်ကျင်ရန်လည်း ပြောခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဆီဆိုင်မြို့ မြောက်ဘက်ရှိ တောင်ကြီး – လွိုင်ကော်လမ်း အရှေ့ဘက် ဒေသခံ တောင်သူများ၏ မြေဧက ၃၀၀ နှင့် လမ်းအနောက်ဘက်ရှိ မြေဧက ၁၉၀၀ ကျော်ကို ဆီဆိုင်မြို့ရှိ ခမရ – ၄၂၃ နှင့် ခမရ – ၄၂၄ တပ်တို့က အတင်းအဓမ္မ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ သိမ်းယူပြီးနောက် တောင်သူများက ဆက်လက် စိုက်ပျိုးခဲ့ရာ ယင်းသီးနှံများကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သည့် အပြင် ပိုက်နက်ကျူးကျော်မှု ပုဒ်မ – ၄၄၇ ဖြင့်လည်း တရားစွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းတရားစွဲခံရမှုတွင် တောင်သူ ၅၀ ဦးအထိ ပါဝင်ပြီး တရားရင်ဆိုင်ချိန် ၃ နှစ် ကြာခဲ့ကာ ရုံးချိန်း ၇၀ ကြိမ် တက်ရပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ ရက်တွင် ဆီဆိုင်တရားရုံးက အမှုတစ်ခုကို ဒဏ်ငွေ ကျပ်တစ်သောင်းစီ တောင်သူများအပေါ် ချမှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ဆီဆိုင်
#ဒေသခံမြေ
#စစ်ကောင်စီတပ်
#မြေမြုပ်မိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now