နေ့စဥ်သတင်း

ကရင်နီဘက်သို့ PNO ပြည်သူ့စစ် ကျူးကျော်တိုက်ခိုက်မှုကြောင့် နေ့စဉ်တိုက်ပွဲဖြစ်နေ

မဲခေါင် 10 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၀ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းဒေသအားကျော်လွန်ကာ ကရင်နီပြည်ဘက်သို့ ကျူးကျော် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အနီးတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ PNO ပြည်သူ့စစ်သည် အင်အားအများအပြားသုံးကာ ရှမ်းပြည်မှ ကရင်နီပြည်အတွင်းသို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သဖြင့် အကျအဆုံးလည်းများပြားနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ရှမ်းပြည် ဆီဆိုင်မြို့နယ်မှ ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ဘက်သို့ PNO ပြည်သူ့စစ်မှ ကျူးကျော်လာခြင်းကြောင့် နိုဝင်ဘာလမှစတင်ပြီး ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။ “တိုက်ပွဲက နေ့တိုင်းလိုလိုဖြစ်တယ်။ PNO နဲ့ စကမ ပေါင်းပြီး ရွာတွေဘက်ကို ပစ်ခတ်တာ စစ်ကြောင်းထိုးတာတွေ ရှိနေတယ်။ အသေအကျများပေမယ်

မဲခေါင်၊ ဒီဇင်ဘာ ၁၀

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းဒေသအားကျော်လွန်ကာ ကရင်နီပြည်ဘက်သို့ ကျူးကျော် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အနီးတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

PNO ပြည်သူ့စစ်သည် အင်အားအများအပြားသုံးကာ ရှမ်းပြည်မှ ကရင်နီပြည်အတွင်းသို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သဖြင့် အကျအဆုံးလည်းများပြားနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရှမ်းပြည် ဆီဆိုင်မြို့နယ်မှ ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ဘက်သို့ PNO ပြည်သူ့စစ်မှ ကျူးကျော်လာခြင်းကြောင့် နိုဝင်ဘာလမှစတင်ပြီး ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

“တိုက်ပွဲက နေ့တိုင်းလိုလိုဖြစ်တယ်။ PNO နဲ့ စကမ ပေါင်းပြီး ရွာတွေဘက်ကို ပစ်ခတ်တာ စစ်ကြောင်းထိုးတာတွေ ရှိနေတယ်။ အသေအကျများပေမယ် လူတွေထပ်ဖြည့်ပြီး ထိုးနေတာတွေ့ရတယ်” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် လွိုင်ကော်မြို့နယ်အတွင်း စစ်ကြောင်းထိုးသည့် စစ်ကောင်စီနှင့် PNO ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်နှင့် PNO အများအပြားသေဆုံးပြီး လက်နက် ၂၂ လက် သိမ်းဆည်းခဲ့ရသေးသည်။

ကရင်နီပြည်ကို ဝင်ရောက်တိုက်ခိုက်နေသည့်အကြောင်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကလည်း ၎င်းတို့၏ ဝါဒဖြန့်ချီသည့် လူမှုကွန်ယက်စာမျက်များတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

လွိုင်ကော်မြို့နယ် ထီးစဲခါးတောင်ဘက် လွိုင်လင်လေးဘက်တွင် ဒီဇင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ PNO နှင့်တော်လှန်ရေးအဖွဲ့များ နေ့တိုင်းတိုက်ပွဲဖြစ်ပွားနေသည်ဟု ပအိုဝ်းဘာသာဖြင့် ဒီဇင်ဘာ ၉ ရက် နံနက်တွင် ဝါဒဖြန့်ချီထားသည်ကိုတွေ့ရသည်။

“PNO ပြည်သူ့စစ်နဲ့ ပဒေါင်(မူရင်းအသုံးအနှုန်း)တွေ အခုလက်ရှိ လွိုင်လင်လေးဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ ၁ ရက်နေ့ကနေ ဒီနေ့အထိ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ PNO က ပအိုဝ်းဘာသာနဲ့ သတင်းတင်တာပါ” ဟု PNO ပြည်သူ့စစ်၏ ဝါဒဖြန့်ချီမှုကို ဘာသာပြန်ပေးသည့် ပအိုဝ်းလူငယ်တဦးက ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးမှုများပြားသဖြင့် PNO ပြည်သူ့စစ်သည် ဒီဇင်ဘာ ၄ ရက်နေ့တွင် နောင်ကားကျေးရွာနှင့် နောင်ပစ်ကျေးရွာတွင် လူထပ်မံစုဆောင်ပြီး ကရင်နီပြည်ဘက်သို့ ပို့ဆောင်ခဲ့သည်။

“နောင်ကားနဲ့ နောင်ပစ်မှာ လူစုပြီး ကရင်နီဘက်ကို ထပ်ပို့တာ အများကြီးပဲ ကားအစီး ၃၀ ကျော် ရှိတယ်။ဖိုးဝီးကားတွေကော ကင်တာကားတွေကော။ ၁၀ ရက်သင်တန်း တက်ထားတဲ့သူတွေလည်း ပါတယ်။ သင်တန်းမတက်ဖူးတဲ့သူတွေလည်း ပါတယ်။ ကရင်နီဖက်ကို အင်အားဖြည့်ရမယ်ဆိုပြီး ခေါ်သွားတာ” ဟု ဒေသခံသတင်း ပအိုဝ်းလူငယ်သတင်းရင်းမြစ်ကပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ PNO ပြည်သူ့စစ်သည် ယခင်တွင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ခဲ့ဖူးသော်လည်း ဦးအောင်ခမ်းထီဦးဆောင်ကာ ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပြီး လက်ရှိတွင်လည်း စစ်ကောင်စီနှင့်အတူ ကရင်နီပြည်ကို ကျူးကျော်ကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိသည်။

#MeKongNews
#PNO
#ထိုးစစ်
#လွိုင်ကော်
#တိုက်ပွဲဖြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now