နေ့စဥ်သတင်း

ပင်လောင်း၌ PNO တပ်သားများ ဘိန်းချက်နေ

မဲခေါင် 6 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးနဂါးပတ်ရွာ အနောက်ဘက်တွင် ပအိုဝ်းပြည်သူ့စစ် – PNO တပ်သားများက ဘိန်းမဲချက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းကို PNO မှ ဦးနေဝင်းထွန်း လက်အောက်ရှိ တပ်သားများက ဦးဆောင်နေပြီး နဂါးပတ်ရွာခံများနှင့် ပင်လောင်းမြို့၊ တောင်ကြီးမြို့တို့မှ သူဌေးများက ရှယ်ယာ ဝင်ထားကြောင်း ဒေသခံများက ဆိုသည်။ “သူတို့ချက်နေတာ ၃/၄နှစ်ရှိပြီ။ မနှစ်တော့ ရှုံးကြတယ်။ ဒီနှစ်လည်း ချက်နေတယ်။ ရှယ်ယာဝင်တဲ့ လူတွေကလည်း တကယ့် PNO နဲ့ နီးစပ်တဲ့လူတွေ ပအိုဝ်းသူဌေးတွေ”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ ပင်လောင်း၊ ဟိုပုံး၊ စံကားနှင့် ဖယ်ခုံထွက်

မဲခေါင်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးနဂါးပတ်ရွာ အနောက်ဘက်တွင် ပအိုဝ်းပြည်သူ့စစ် – PNO တပ်သားများက ဘိန်းမဲချက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းကို PNO မှ ဦးနေဝင်းထွန်း လက်အောက်ရှိ တပ်သားများက ဦးဆောင်နေပြီး နဂါးပတ်ရွာခံများနှင့် ပင်လောင်းမြို့၊ တောင်ကြီးမြို့တို့မှ သူဌေးများက ရှယ်ယာ ဝင်ထားကြောင်း ဒေသခံများက ဆိုသည်။

“သူတို့ချက်နေတာ ၃/၄နှစ်ရှိပြီ။ မနှစ်တော့ ရှုံးကြတယ်။ ဒီနှစ်လည်း ချက်နေတယ်။ ရှယ်ယာဝင်တဲ့ လူတွေကလည်း တကယ့် PNO နဲ့ နီးစပ်တဲ့လူတွေ ပအိုဝ်းသူဌေးတွေ”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ပင်လောင်း၊ ဟိုပုံး၊ စံကားနှင့် ဖယ်ခုံထွက် ဘိန်းများကို PNO က ဝယ်ယူပြီး ယင်းနေရာတွင် ချက်ကြကြောင်း ၎င်းက ဆက်ပြောသည်။

PNO သည် ဒေသခံများ ဘိန်းစိုက်လျှင် ဆက်ကြေး ကောက်သည့်အပြင် ဒေသခံများ၏ ဘိန်းစိမ်းကို ပြန်ဝယ်ရာတွင်လည်း ငွေအကုန်မချေ‌ဘဲ WY ဆေးပြားဖြင့် တစ်ဝက် ပေးချေကြောင်း ဒေသခံများက ပြောသည်။

ယင်းဒေသ၌ ဘိန်းမဲတစ်ကီလို ကျပ် ၆ သိန်းကျော်ရှိပြီး ဘိန်းမဲနှင့် ဓာတုပစ္စည်းများ ရောစပ် ချက်လုပ်သည့် ဟွမ်ဖီးဟု ခေါ်သည့် နံပါတ် ၃ မူးယစ်ဆေးဝါးမှာ ဈေးကွက်များတွင် အရည်အသွေးအလိုက် တစ်ကီလို ကျပ်သိန်း ၇၀ မှ ၈၀ အထိ ပေါက်ဈေးရှိသည်။

“တချို့ ရွာဆိုရင် PNOနဲ့ စကားလက်ခံထားတာ ရှိတယ်။ ဘိန်းပေါ်ချိန် သူတို့ဆီပဲ ရောင်းရမယ် ပြီးရင် ငွေနဲ့ ၈၀ ရာခိုင်နှုန်း လက်ခံရမယ်။ ၂၀ ရာခိုင်နှုန်းကျ ဆေးပြား လက်ခံရမယ်ဆိုပြီး အပေးအယူ လုပ်ထားတာရှိတယ်။ အဲလိုတွေကြောင့် ဒေသခံတွေက အေးအေးဆေးဆေး စိုက်ပျိုးနိုင်တယ်။ ရဲ၊ စစ်သား လာဖျက်မှာကိုလည်း မကြောက်ရတော့ဘူး”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ပင်လောင်းတောင်ဖက်နှင့် အနောက်ဖက် ကျေးရွာအများစုသည် စစ်အာဏာ သိမ်းပြီးနောက် ဘိန်းကို အဓိက စိုက်ပျိုးကြပြီး မိုးရာသီနှင့် ဆောင်းရာသီတွင် ရေသွင်း၍ တစ်နှစ်နှစ်ကြိမ် စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#PNO
#ပင်လောင်း
#ဘိန်းချက်
#လုံးနဂါးပတ်ရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now