နေ့စဥ်သတင်း

မိုးကုတ်နှင့် မိုးမိတ်အတွက် TNLA တောင်းပန်

မဲခေါင် 2 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂ မိုးကုတ်နှင့် မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးလိုက်ရသည့် အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA ဗိုလ်ချုပ်တားဘုန်းကျော်က အနူးအညွတ် တောင်းပန်ကြောင်း ပြောသည်။ ဒီဇင်ဘာ ၁ ရက် ညသန်းခေါင်တွင် လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ‘မိုးကုတ်ဋီကာ’ ခေါင်းစဉ်တပ်ကာ ရေးသည့်ပို့စ်တွင် ၎င်းက တောင်းပန်ခဲ့ခြင်းဖြစ်သည်။ “ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကျင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်။”ဟု ၎င်းက ပြောသည်။ တအာင်းနိုင်ငံရေး၏ ပန်းတိုင်တစ်ခုမှာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်ပြီး မိုးကုတ်သည် တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမည်ဟု ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောသည်။ “အခုတော့

မဲခေါင်၊ ဒီဇင်ဘာ ၂

မိုးကုတ်နှင့် မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးလိုက်ရသည့် အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA ဗိုလ်ချုပ်တားဘုန်းကျော်က အနူးအညွတ် တောင်းပန်ကြောင်း ပြောသည်။

ဒီဇင်ဘာ ၁ ရက် ညသန်းခေါင်တွင် လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ‘မိုးကုတ်ဋီကာ’ ခေါင်းစဉ်တပ်ကာ ရေးသည့်ပို့စ်တွင် ၎င်းက တောင်းပန်ခဲ့ခြင်းဖြစ်သည်။

“ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကျင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်။”ဟု ၎င်းက ပြောသည်။

တအာင်းနိုင်ငံရေး၏ ပန်းတိုင်တစ်ခုမှာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်ပြီး မိုးကုတ်သည် တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမည်ဟု ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောသည်။

“အခုတော့ လက်ထဲရောက်တဲ့ ကိတ်မုန့်ကို မစားရဘဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ ကံမကုန် သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။”ဟု ၎င်းက ပြောသည်။

TNLA အနေဖြင့် ကျည်ဆံနှင့် ဘတ်ဂျက်ငွေ မရှိတော့ခြင်းကြောင့် မိုးကုတ်နှင့် မိုးမိတ်ကို ပေးရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကျည်မရှိ၊ ဘတ်ဂျတ်မရှိ၊ သေစရာလူသူလည်း နည်းလာတော့ မိုးကုတ် – မိုးမိတ်နဲ့ ညှိပြီး အပစ်ရပ်ရတယ်။ ပွဲကမပြီးသေးပါဘူး”ဟု ၎င်းက ရေးသားထားသည်။

၁၀၂၇ စစ်ဆင်ရေးတွင် TNLA သည် မဟာမိတ်များနှင့် ပေါင်းပြီး မြို့ ၁၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် စစ်ကောင်စီထိုးစစ်ကြောင့် ၂၀၂၅ ခုနှစ်တွင် နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့ကို ပြန်လည် လက်လွှတ်ခဲ့ရသည်။

ထို့နောက် အောက်တိုဘာလတွင် တရုတ် ကြားဝင်စွက်ဖက်မှုဖြင့် မိုးကုတ်နှင့် မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်လည် ပေးအပ်ကာ အပစ်ခတ်ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်သည် TNLA ၏ လုံခြုံရေးပေးမှုဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် မိုးကုတ်နှင့် မိုးမိတ်မြို့တွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ထို့သို့ ဝင်လာပြီးနောက် စစ်ကောင်စီတပ်သည် မြို့ထဲမှ မြို့ပြင်ဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် နိုဝင်ဘာ ၃၀ ရက်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDFနှင့် တိုက်ပွဲ ပြင်းထန်နေသည်။

ထို့ပြင် မြို့တွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေသည်။

#MeKongNews
#မိုးကုတ်
#TNLA
#ဗိုလ်ချုပ်တားဘုန်းကျော်
#တောင်းပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now