မဲခေါင်၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် – SSPP/SSA က သတင်းထုတ်ပြန်သည်။
ယနေ့ နိုဝင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်သည် SSPP/SSA တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စု၊ ပုံဝိုးကျေးရွာအနီး၊ တောတွင်းတစ်နေရာတွင် ထိုးစစ်ဆင် ဝင်ရောက်လာသဖြင့် မွန်းလွဲ ၃ နာရီအချိန်ထိ နှစ်ဖက် ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
“တိုက်ပွဲဖြစ်ပွားတာဟုတ်တယ်။ စစ်ကော်မရှင်တပ်က ထိုးလာလို့ ဖြစ်တယ်လို့ပဲ ကနဦးသိရတယ်” ဟု SSPP နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ယင်းတိုက်ပွဲအတွင်းတွင် စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြီး တိုက် ခိုက်နေကြောင်း SSPPကလည်း ထုတ်ပြန်ချက်တွင်ဆိုသည်။
UWSP/UWSA”ဝ”တပ်ဖွဲ့ဦးဆောင်သည့် FPNCC တွင် အဖွဲ့ဝင်ဖြစ်သည့် SSPPသည် စစ်ကော်မရှင်နှင့် တွေ့ဆုံမှုရှိကြသည့် အဖွဲ့ဖြစ်ပြီး ပြည်နယ်အဆင့် နှင့်ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးစာချုပ်ထိုးထားသည့်အဖွဲ့ဖြစ်သည်။
ပုံဝိုးရွာသည် ကျောက်မဲမြို့တောင်ဘက် မိုင်၂၀ ခန့်ဝေးပြီး နောင်ပိန်နှင့် ၁၀မိုင်အကွာအဝေးတွင်တည်ရှိကာ SSPP စိုးမိုးသည့်နေရာဖြစ်ကြောင်း သိရသည်။
#MeKongNews
#ကျောက်မဲ
#စစ်ကောင်စီတပ်
#SSPP
#တိုက်ပွဲဖြစ်








