နေ့စဥ်သတင်း

မိုင်းနောင်တွင်​ ပြည်သူ့စစ်၏ ကျားဖြန့်များကို စစ်တပ်က အဖမ်းပြသော်လည်း များစွာကျန်နေသေး

မဲခေါင် 28 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ၂၈ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်အတွင်းရှိ ကျားဖြန့်များကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၂၆ ဦး အပါအဝင် နိုင်ငံသား ၈ ဦးနှင့် စုစုပေါင်း ၃၄ ဦး ကိုလက်နက်ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းအရ သိရသည်။ ကျားဖြန့်များနှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-13 သေနတ် တစ်လက်၊ AK-12 သေနတ် တစ်လက်၊ ကာဘိုင် သေနတ် တစ်လက်၊ WICHESTER 12 V သေနတ် တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 V ကျည် ၂တောင့်၊ ၉

မဲခေါင်၊ နိုဝင်ဘာ၂၈

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်အတွင်းရှိ ကျားဖြန့်များကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၂၆ ဦး အပါအဝင် နိုင်ငံသား ၈ ဦးနှင့် စုစုပေါင်း ၃၄ ဦး ကိုလက်နက်ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းအရ သိရသည်။

ကျားဖြန့်များနှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-13 သေနတ် တစ်လက်၊ AK-12 သေနတ် တစ်လက်၊ ကာဘိုင် သေနတ် တစ်လက်၊ WICHESTER 12 V သေနတ် တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 V ကျည် ၂တောင့်၊ ၉ မမကျည်အိမ် ၁ ခု၊ AK ကျည်အိမ် ၁ ခုနှင့် ကာဘိုင်ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယင်းဖမ်းဆီးမှုကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း မိုင်းနောင်မြို့နယ် နောင်တောက်ကျေးရွာ၊ကောင်းဟိုင်းကျေးရွာနှင့်ဝမ်ကျောင်းကျေးရွာများအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ အဖမ်းပြသော်လည်း မိုင်းနောင်၊ ကျေးသီး တစ်ကြောတွင် ကျားဖြန့်များစွာ ကျန်နေသေးကြောင်း မိုင်းကိုင်ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီ မိုင်းနောင်၊ မိုင်းကိုင်၊ ကျေးသီး တစ်ကြောလုံး ၇၅၈ နေရာတွေပဲ။ အဲဒီ မိုင်းနောင်၊ နောင်တောက်နဲ့ မိုင်းကိုင်က မိုင်းခွန်အုပ်စု ဟွေရုပ်နဲ့ ကပ်နေတာ၊ ခုက နဲနဲပဲ အဖမ်းပြတာ၊ ကျားဖြန့်တွေအများ ကြီးကျန်သေးတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

၎င်းပြောသည့် ၇၅၈ မှာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ခိုလန်)လက်အောက်ခံ ပြည်သူ့စစ်တပ်မဟာ (၇၅၈) ဖြစ်ပြီး ယခင်က RCSS အဖွဲ့၏ လက်အောက်ခံ တပ်မဟာ တစ်ခု ဖြစ်ခဲ့သော် လည်း ၂၀၀၆ ခုနှစ်၌ RCSS မှ ခွဲထွက်ကာ စစ်အစိုးရထံ လက်နက်ချခဲ့သည့် အဖွဲ့ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်လာသည့်နောက်ပိုင်း ပြည်သူ့စစ်အဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးယင်း ပြည်သူ့စစ် တပ်မဟာ ၇၅၈ မှာ စစ်ကောင်စီ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိနေကြောင်း သိရသည်။

လက်ရှိ ယင်း ၇၅၈ ကို အုပ်ချုပ်သူမှာ တပ်မဟာမှူး ဦးဒေါန(ခေါ်)ဦးအောင်ညွန့်ဖြစ်ပြီး ၎င်း၏သားဖြစ်သူ ဗိုလ်စိုင်းဆေစင်က ကျားဖြန့်လုပ်ငန်းများကို ဦးစီးနေကြောင်း ဒေသခံများထံမှ သိရသည်။

အခြားနေရာများမှ ရောက်ရှိလာသည့်အွန်လိုင်း ငွေလိမ် ကျားဖြန့်လုပ်ငန်းများသည် ရှမ်းပြည်တောင်ပိုင်းရှိ မိုင်းရှူး၊ မိုင်းနောင်၊ လဲချား၊ ခိုလမ်နှင့် ကွန်ဟိန်း မြို့နယ်များ အကြားရှိ တောတောင်များအတွင်း၌ ပြည်သူ့စစ်အဖွဲ့များ၏ အကာအကွယ်ဖြင့် လုပ်ငန်းများ ဆက်လက်ကြီးထွားလာနေကြကြောင်း ဒေသခံများက ပြောသည်။

#MeKongNews
#ကျားဖြန့်
#ရှမ်းပြည်
#မိုင်းနောင်
#ပြည်သူ့စစ်
ဓာတ်ပုံ – စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now