နေ့စဥ်သတင်း

MNDAA ၏ စစ်သုံ့ပန်းဖြစ်ဖူးသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုး ဟိုပုံး၌ ငွေတောင်းကြမ်းနေ

မဲခေါင် 20 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၀ ကိုးကန့်တပ်ဖွဲ့ – MNDAA ၏ စစ်သုံ့ပန်း ဖြစ်ခဲ့ဖူးသူ စစ်ကောင်စီ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံး – မိုင်းပွန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်ဖွင့်ကာ ကုန်တင်ယာဉ်များထံမှ ငွေတောင်းကြမ်းနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ယင်းဂိတ်ကို ၎င်းကိုယ်တိုင်ဦးစီးကာ သင်တန်းကျောင်းရှေ့ လမ်းမကြီးပေါ်တွင် ဖွင့်လှစ် စစ်ဆေးနေခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များထံမှ ငွေတောင်းကြမ်းနေခြင်း ဖြစ်သည်။ ယင်းဂိတ်သည် ဖြတ်သန်းသွားလာသည့် ပြည်သူများကို မတရားစစ်ဆေးသည့်အပြင် ကုန်တင်ယာဉ်များကို ငွေတောင်းခြင်း၊ ယာဉ်များကိုဖမ်းဆီးကာ ငွေဖြင့်ပြန်လည်ရွေးခိုင်းများ ပြုလုပ်နေကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။ “သူတို့ ကျောင်းဝင်ပေါက်ရှေ့က လမ်းမပေါ်မှာ ခုံချပြီးစစ်ဆေးတာ ကျောင်းအုပ်ဆိုတဲ့ သန့်ထင်စိုးငတိကိုယ်တိုင် လာထိုင်တာလည်း တွေ့ရတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၀

ကိုးကန့်တပ်ဖွဲ့ – MNDAA ၏ စစ်သုံ့ပန်း ဖြစ်ခဲ့ဖူးသူ စစ်ကောင်စီ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံး – မိုင်းပွန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်ဖွင့်ကာ ကုန်တင်ယာဉ်များထံမှ ငွေတောင်းကြမ်းနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ယင်းဂိတ်ကို ၎င်းကိုယ်တိုင်ဦးစီးကာ သင်တန်းကျောင်းရှေ့ လမ်းမကြီးပေါ်တွင် ဖွင့်လှစ် စစ်ဆေးနေခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များထံမှ ငွေတောင်းကြမ်းနေခြင်း ဖြစ်သည်။

ယင်းဂိတ်သည် ဖြတ်သန်းသွားလာသည့် ပြည်သူများကို မတရားစစ်ဆေးသည့်အပြင် ကုန်တင်ယာဉ်များကို ငွေတောင်းခြင်း၊ ယာဉ်များကိုဖမ်းဆီးကာ ငွေဖြင့်ပြန်လည်ရွေးခိုင်းများ ပြုလုပ်နေကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

“သူတို့ ကျောင်းဝင်ပေါက်ရှေ့က လမ်းမပေါ်မှာ ခုံချပြီးစစ်ဆေးတာ ကျောင်းအုပ်ဆိုတဲ့ သန့်ထင်စိုးငတိကိုယ်တိုင် လာထိုင်တာလည်း တွေ့ရတယ်။ အဓိက ငွေတောင်းချင်တာ စစ်ခံရပြီဆိုတာနဲ့ ငွေကအနည်းနဲ့အများ ပေးရပြီ။ တရုတ်ထုတ်ကုန်ပါတဲ့ ကားတွေဆို ဖမ်းပြီး ငွေသိန်းသုံးလေးဆယ်နဲ့ ပြန်ရွေးခိုင်းတာလည်း လုပ်တယ်။ ဒီငတိက ကိုးကန့် ပြန်လွှတ်ပေးလို့ အခု ကျောင်းအုပ်လာဖြစ်နေတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြော သည်။

စစ်ကောင်စီ၏ ယင်းစစ်ဆေးရေးဂိတ်သည် ကုန်တင်ယာဉ်များကို စစ်ဆေးရာတွင် အထောက်အထား အပြည့်အစုံပြနိုင်သည့် ယာဉ်များကိုပါ ကုန်ပစ္စည်းများကို ဖောက်ထွင်းယူခြင်းများ ပြုလုပ်ကြကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

“အထောက်အထားပြည့်စုံတဲ့ ကားတွေကိုကျ အမျိုးမျိုးရစ်ပြီး ကားပေါ်မှာပါတဲ့ ပစ္စည်းတွေကိုယူတာတို့ လက်ဖက်ရည်ဖိုးဆိုပြီး ငွေတစ်သိန်းတောင်းတာတို့ လုပ်ကြတယ်ဗျာ” ဟု ကိုယ်တိုင်ကြုံရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယင်းဂိတ်မှ ဖမ်းဆီးသည့်ကားများကို ပြန်လည် ရွေးချယ်ရာတွင်လည်း ကားများသာ ပြန်လည်ရရှိပြီး ကားပေါ်ပါ ပစ္စည်းများကိုမူ စစ်ကောင်စီတပ်က အကုန် သိမ်းဆည်းသွားကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ယခင်က တိုင်းစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး နှစ်ဘက်အပစ်ရပ်ပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

#MeKongNews
#ဟိုပုံး
#ဗိုလ်မှူးချုပ်သန့်ထင်စိုး
#ငွေတောင်းကြမ်း
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now