နေ့စဥ်သတင်း

ဖယ်ခုံ၌ ရွာကိုမီးရှို့နေသည့် PNO ဗိုလ်မှူး စနိုက်ပါစာမိပြီး သေဆုံး

မဲခေါင် 20 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘောရန်ကျေးရွာကို မီးဝင်ရှို့စဉ် တော်လှန်ရေးတပ်ဖွဲ့၏ စနိုက်ပါဖြင့် ပစ်ခတ် ခံရသဖြင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်မှူးတစ်ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် တွင်စစ်ကောင်စီလက်အောက်ခံ PNO ဗိုလ်မှူးခွန်စိုးအောင် ဦးဆောင်သော တပ်ဖွဲ့က ဘောရန်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့စဉ် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ၎င်းမှာ စနိုက်ပါဖြင့် အပစ်ခံရခြင်းဖြစ်သည် ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ရွာထဲကို သူတို့ဝင်ပြီး မီးရှို့ရှင်းလင်းနေတဲ့အချိန် စနိုက်ပါနဲ့ အပစ်ခံရလို့ တစ်ခါတည်းသေသွားတယ်။ ပြီးခဲ့တဲ့ ၁ ရက် ဘောရန်ကျေးရွာမှာ

မဲခေါင်၊ နိုဝင်ဘာ ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘောရန်ကျေးရွာကို မီးဝင်ရှို့စဉ် တော်လှန်ရေးတပ်ဖွဲ့၏ စနိုက်ပါဖြင့် ပစ်ခတ် ခံရသဖြင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်မှူးတစ်ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် တွင်စစ်ကောင်စီလက်အောက်ခံ PNO ဗိုလ်မှူးခွန်စိုးအောင် ဦးဆောင်သော တပ်ဖွဲ့က ဘောရန်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့စဉ် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ၎င်းမှာ စနိုက်ပါဖြင့် အပစ်ခံရခြင်းဖြစ်သည် ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရွာထဲကို သူတို့ဝင်ပြီး မီးရှို့ရှင်းလင်းနေတဲ့အချိန် စနိုက်ပါနဲ့ အပစ်ခံရလို့ တစ်ခါတည်းသေသွားတယ်။ ပြီးခဲ့တဲ့ ၁ ရက် ဘောရန်ကျေးရွာမှာ အပစ်ခံလိုက်ရတာ ပွဲချင်းပြီးပဲတဲ့။ အသုဘပွဲလည်း သူ့ရွာမှာပဲ လုပ်ပြီးသွားပြီ ကလေးတစ်ယောက် ကျန်ရစ်တယ်” ဟု ၎င်းကပြောသည်။

၎င်းသည် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအုပ်စု၊ ဇလဲကုန်းသာရွာမှဖြစ်ပြီး ကလေးတစ်ဦး နှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်သည်။

၎င်းသည် မသေဆုံးခင်ကလည်း စစ်ကောင်စီ လက်အောက်ခံ PNO အတွက် လူစုဆောင်းခြင်း၊ ၎င်းကိုယ်တိုင် ဦးဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်း၊ ပြည်သူလူထုကျေးရွာကို မီးရှို့ခြင်းများတွင် ပါဝင်သူ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည် ။

“တစ်ခါတလေ ရှေ့တန်းကနေ ပြန်လာရင် သူတို့ဘယ်လို တိုက်ပွဲဝင်ရတယ်။ ရွာတွေကို ဘယ်လို မီးရှို့ရှင်းလင်းရ တယ် ဆိုတာမျိုး ကြားလေ့ရှိတယ်။ အခုတော့ သူ့ကံအတိုင်း သူ့လုပ်ရပ်အတိုင်း သူလည်း သေရတယ်လို့ပဲ ပြောရမှာပေါ့ဗျာ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မဲခေါင်က ရရှိထားသည့် စာရင်းများအရ နိုဝင်ဘာလအတွင် ရှမ်း – ကရင်နီနယ်စပ် တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ PNO ဘက်မှ ဗိုလ်မှူးခွန်စိုးအောင်၊ ဗိုလ်မှူးခွန်ဖေ အပါအဝင် ဗိုလ်မှူး ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

#MeKongNews
#ဖယ်ခုံ
# PNOဗိုလ်မှူး
#စနိုက်ပါစာမိ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now