နေ့စဥ်သတင်း

စစ်ကောင်စီသုံ့ပန်း ၂၀၀ ကျော် MNDAA ပြန်လွှတ်

မဲခေါင် 16 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၅ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၌ ၁၀၂၇ စစ်ဆင်ရေးများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်း ၂၀၀ ကျော်ကို MNDAA က ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းတို့နှင့်နီးစပ်သူ လားရှိုးမြို့ခံတစ်ဦးက ပြောသည်။ ယင်းစစ်သုံ့ပန်းများကို လားရှိုးမြို့၊ ဟိုပိတ်ရွာ၌ ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “သူတို့ စစ်ဆေးရုံ ၉/၁၀၀ ထဲကို ရောက်နေပြီ။ အရာရှိတွေရောပါတယ် သိရတယ်၊ အားလုံး ၂၀၂ ယောက်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင်လည်း စစ်သုံ့ပန်း ၄၆ ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့သေးသည်။ စစ်ကောင်စီတပ်မိသားစု လူမှုကွန်ရက်များတွင်လည်း ၎င်းတို့နှင့်

မဲခေါင်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၌ ၁၀၂၇ စစ်ဆင်ရေးများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်း ၂၀၀ ကျော်ကို MNDAA က ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းတို့နှင့်နီးစပ်သူ လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

ယင်းစစ်သုံ့ပန်းများကို လားရှိုးမြို့၊ ဟိုပိတ်ရွာ၌ ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူတို့ စစ်ဆေးရုံ ၉/၁၀၀ ထဲကို ရောက်နေပြီ။ အရာရှိတွေရောပါတယ် သိရတယ်၊ အားလုံး ၂၀၂ ယောက်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင်လည်း စစ်သုံ့ပန်း ၄၆ ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့သေးသည်။

စစ်ကောင်စီတပ်မိသားစု လူမှုကွန်ရက်များတွင်လည်း ၎င်းတို့နှင့် တော်စပ်သူများ ပါ၊ မပါ စုံစမ်းနေကြသည်ကို တွေ့ရသည်။

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် နှစ်ဖက်စစ်ရေး တင်းမာနေချိန်တွင် MNDAA က ယင်းကဲ့သို့ ပြန်လွှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်တွင် လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်ဆွေးနွေးမှု မပြေမလည်ဖြစ်ပြီးနောက် ယမန်နေ့မှစ၍ သီပေါတံတားကို နှစ်ဖက် အပြန်အလှန်ပိတ်ဆို့ပြီး စစ်ရေးတင်းမာလျက်ရှိရာ MNDAA က ယခုကဲ့သို့ စစ်သုံ့ပန်းများလွှတ်ပေးခြင်းဖြင့် ယင်းအခြေအနေကို လျော့ကျသွားစေမည်ဟု မျှော်လင့်ရသည်။

ယင်းမတိုင်မီ သီပေါ-လားရှိုးလမ်းပိုင်းနှင့် ဟိုယဘက်မှ MNDAA တပ်များအား စစ်ကောင်စီက ဆုတ်ခွာခိုင်းရာမှ နှစ်ဖက်စစ်ရေး တင်းမာနေခဲ့သည်။

#MeKongNews
#စစ်ကောင်စီသုံ့ပန်း
#MNDAA
#၁၀၂၇
#လားရှိုး
မှတ်ချက် – ပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now