နေ့စဥ်သတင်း

ဆောင်းပြောင်းရွာ အနီး စစ်ဘေးရှောင်များ အသုံးအဆောင်နှင့် ဆေးဝါး ပြတ်လပ်

မဲခေါင် 15 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီး တောတောင်ထဲတွင် ခိုလှုံနေရသော စစ်ဘေးရှောင် ၅၅၁ ဦးအတွက် စောင်၊ မိုးကာ၊ ဆေးဝါးများ ပြတ်လပ်ပြီး အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။ ယင်းစစ်ဘေးရှောင်များသည် အောက်တိုဘာ ပထမပတ်ကတည်းက ရှောင်တိမ်းလာကြခြင်းဖြစ်ပြီး အအေးဒဏ်ကြောင့် နှာစေး၊ ချောင်းဆိုးဖျားနာသူ များပြားနေကြောင်း သိရသည်။ “၁၅ ပေပတ်လည်တောင်မရှိတဲ့ မိုးကာတဲလေးထဲမှာ မိသားစု ၆ စုထိ ဖြစ်သလို စုပေါင်းနေနေရတာ ၁ လလောက်ရှိလာပြီ။ အခုက အရမ်းလည်းအေးတော့ ဖျားနာသူများတယ်။ စုပေါင်းပြီးနေတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးကြတယ်။ အဲဒါကြောင့် ဖျားသူများတယ်။ အခုဆို ဆေးဝါး၊ မိုးကာ၊

မဲခေါင်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီး တောတောင်ထဲတွင် ခိုလှုံနေရသော စစ်ဘေးရှောင် ၅၅၁ ဦးအတွက် စောင်၊ မိုးကာ၊ ဆေးဝါးများ ပြတ်လပ်ပြီး အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ယင်းစစ်ဘေးရှောင်များသည် အောက်တိုဘာ ပထမပတ်ကတည်းက ရှောင်တိမ်းလာကြခြင်းဖြစ်ပြီး အအေးဒဏ်ကြောင့် နှာစေး၊ ချောင်းဆိုးဖျားနာသူ များပြားနေကြောင်း သိရသည်။

“၁၅ ပေပတ်လည်တောင်မရှိတဲ့ မိုးကာတဲလေးထဲမှာ မိသားစု ၆ စုထိ ဖြစ်သလို စုပေါင်းနေနေရတာ ၁ လလောက်ရှိလာပြီ။ အခုက အရမ်းလည်းအေးတော့ ဖျားနာသူများတယ်။ စုပေါင်းပြီးနေတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးကြတယ်။ အဲဒါကြောင့် ဖျားသူများတယ်။ အခုဆို ဆေးဝါး၊ မိုးကာ၊ စောင်အရေးပေါ်လိုတယ်” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းစစ်ဘေးရှောင်များသည် နေအိမ်မီးရှို့ခံရသော ဘောရန်ရွာမှ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ အများစုပါဝင်သော ဒေသခံများဖြစ်ကြကြောင်း သိရသည်။

“စစ်ရှောင်လာတုန်း အရေးကြီးတဲ့ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်နဲ့ စားစရာတွေပဲ ယူလာနိုင်တယ်။ အိမ်မှာကျန်တဲ့ အဖိုးတန်ပစ္စည်းတွေလည်း အိမ်မီးရှို့ခံရပြီး အကုန်ပါသွားတယ်။ စိုက်ပျိုးထားတဲ့ တောင်ယာ တွေလည်း ပြန်မသိမ်းရဘူး။ အခုဆို စစ်ဘေးရှောင်တွေက အလှူရှင်အပေါ်ပဲ အဓိကမှီခိုရတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ ဆေးဝါး၊ မိုးကာ၊ စောင်များအပြင် စားနပ်ရိက္ခာ၊ ခြင်ထောင်၊ ခြင်ဖြန်းဆေး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများလည်း လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ဘေားရန်ကျေးရွာသည် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့စစ်ကြောင်းထိုးလာပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် အိမ်ခြေ ၃၀၀ ကျော်ကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

#MeKongNews
#ဆောင်းပြောင်း
#ပင်လောင်း
#စစ်ဘေးရှောင်
#အရေးပေါ်လိုအပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now