နေ့စဥ်သတင်း

လဲချား ကျားဖြူပါတီဥက္ကဌမိသားစုကို ပြည်သူ့စစ်က အသက်အန္တရာယ် ခြိမ်းခြောက်သည့်အတွက် ထွက်ပြေးရ

မဲခေါင် 14 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၄ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် လဲချားမြို့နယ်မှ ကျားဖြူပါတီကိုယ်စားပြု ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်နန်းခမ်းလူနှင့် ၎င်း၏ အမျိုးသားဖြစ်သူ လဲချားမြို့နယ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းရွှေဆိုင် တို့ကို ဝမ်ပန်တပ်မဟာ ၇၅၈ ပြည်သူ့စစ် ခေါင်းဆောင် စိုင်းဆေးစင်က အသက်အန္တရာယ် ခြိမ်းခြောက်သဖြင့် တောင်ကြီးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိသားစုဝင်များထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် ဒေါ်နန်းခမ်းလူ မိသားစုပိုင် လဲချားမြို့နယ်၊ ဝမ်ဆေကျေးရွာအုပ်စု၊ မတ်လန်းရွာရှိ “တိုင်းဧကရီ” သီးနှံအခြောက်ခံစက်ရုံဝန်း ပတ်ပတ်လည်ကို ကာရံထားသည့် ခြံစည်းရိုးကို ၇၅၈ ပြည်သူ့စစ် ဗိုလ်စိုင်းဆေးစင်နှင့် လက်နက်ကိုင် ၂၀ ခန့်က အင်အားသုံးကာ ဖျက်ဆီးခဲ့ပြီး ယင်းကိစ္စကို

မဲခေါင်၊ နိုဝင်ဘာ ၁၄

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် လဲချားမြို့နယ်မှ ကျားဖြူပါတီကိုယ်စားပြု ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်နန်းခမ်းလူနှင့် ၎င်း၏ အမျိုးသားဖြစ်သူ လဲချားမြို့နယ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းရွှေဆိုင် တို့ကို ဝမ်ပန်တပ်မဟာ ၇၅၈ ပြည်သူ့စစ် ခေါင်းဆောင် စိုင်းဆေးစင်က အသက်အန္တရာယ် ခြိမ်းခြောက်သဖြင့် တောင်ကြီးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် ဒေါ်နန်းခမ်းလူ မိသားစုပိုင် လဲချားမြို့နယ်၊ ဝမ်ဆေကျေးရွာအုပ်စု၊ မတ်လန်းရွာရှိ “တိုင်းဧကရီ” သီးနှံအခြောက်ခံစက်ရုံဝန်း ပတ်ပတ်လည်ကို ကာရံထားသည့် ခြံစည်းရိုးကို ၇၅၈ ပြည်သူ့စစ် ဗိုလ်စိုင်းဆေးစင်နှင့် လက်နက်ကိုင် ၂၀ ခန့်က အင်အားသုံးကာ ဖျက်ဆီးခဲ့ပြီး ယင်းကိစ္စကို ကာယကံရှင်က သူ၏ လူမှုကွန်ရက်တွင် တင်ပြထားသည်။

ယင်းနောက် အောက်တိုဘာ ၃၁ ရက်တွင် မဲခေါင်သတင်းဌာနမှလည်း သတင်းဖော်ပြခဲ့ပြီးနောက် ယင်းအပေါ် ဆက်လက် ခြိမ်းခြောက်လာခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“စိုင်းဆေးစင်ရဲ့ အမေ ဒေါ်နန်းရွှေနုက သတင်းတွေပါပြီး ညနေဘက်မှာ သူတို့ ခြံရှေ့ လျှောက်သွားဆဲတယ်။ အဲလို သတင်းတင်ရကောင်းလားပေါ့။ အမေက ‘ရှက်’ လို့ တောင်ပြောတယ်။ သားဖြစ်သူက နန်းခမ်းလူကို သတ်မယ်လို့ ပြောတာ။ အဖေဖြစ်သူ ဦးဒေါနကတော့ ‘လင်ရော မယားရော နှစ်ယောက်လုံးကို သတ်မယ်’ လို့ ပြန်ကြားလို့ သူတို့ ကြောက်ပြီး မိသားစုလိုက် တောင်ကြီးကို ထွက်ပြေးလာရတာ” ဟု မိသားစုနှင့် ရင်းနှီးသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဒေါ်နန်းခမ်းလူ၏ ခင်ပွန်း ဦးစိုင်းရွှေဆိုင်း သည်လည်း လဲချားမြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဖြစ်ပြီး မိသားစုကို အသက်အန္တရာယ် ခြိမ်းခြောက်နေသည်ကို တပ်ချုပ်၊ ရှမ်းအစိုးရ၊ ရလခ တိုင်းမှူး (ခိုလန်) များထံသို့ နိုဝင်ဘာ ၉ ရက်က စာဖြင့် တိုင်ကြားထားကြောင်း သိရသည်။

“ရွေးကော်ကအစ အားလုံး တိုင်ထားတယ် လို့ သိရတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ မိသားစုအသက်ကိုလည်း စောင့်ရှောက်ပေးဖို့ တောင်းဆိုထားတာ။ ခုထိတော့ ဘာမှ အကြောင်းမထူးသေးဘူး။ မိသားစုက သူတို့အတွက် စိုးရိမ်နေကြတယ်” ဟု မိသားစုနီးစပ်သူက ပြောသည်။

ခြိမ်းခြောက်သူ စိုင်းဆေးစင်သည် လက်ရှိတွင် မိုင်းကိုင်မြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေရုပ်ပလောင်ရွာတွင် ယာယီတဲများ ထိုးထားပြီး ကျားဖြန့် တရုတ်လူမျိုး ၇၀၀ ခန့်ကို ထိန်းကွပ်ခိုင်းစေသဖြင့် ဒေသခံများကလည်း ပြောကြသည်။

“အဲဒီအဖွဲ့ လက်နက်ကိုင်အစောင့် ပြောတာကတော့ ရက်သတ္တပတ်လောက် ငွေမရှာနိုင်တဲ့ တရုတ်ဆို စိုင်းဆေးစင်က ရက်ရက်စက်စက် လုပ်တာ။ သေတဲ့သူတွေတောင် ရှိတယ်တဲ့။ အွန်လိုင်းက ရှာမရရင် အိမ်က ငွေပြန်တောင်းခိုင်းနေတာတဲ့” ဟု မိုင်းကိုင်ဒေသခံ တစ်ဦးက မဲခေါင်သို့ ပြောသည်။

မဲခေါင်သတင်းဌာနအနေဖြင့် ကျားဖြန့်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အခြား သတင်းအရင်းအမြစ်များထံမှ စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင် ဦးရွှေဆိုင်း၊ ဒေါ်နန်းခမ်းလူတို့ ပိုင်ဆိုင်သည့် ပြောင်းစိုက်ခင်းအတွင်း၌ စိုင်းဆေးစင်၏ တပည့် ၇၅၈ ပြည်သူ့စစ်များက အခိုင်အမာ ခြံစည်းရိုးတိုင်များ လာရောက်ကာရံနေကြောင်း သိရသည်။

#MeKongNews
#လဲချား
#ကျားဖြူ
#ပြည်သူ့စစ်
#ဝမ်ပန်တပ်မဟာ၇၅၈

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now