မဲခေါင်၊ နိုဝင်ဘာ ၉
ရှမ်းတောင် – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီးတွင် စစ်ကောင်စီနှင့် PNO စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ဖယ်ခုံအနောက်ခြမ်းနှင့် မိုးဗြဲကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အင်အား ၅၀၀ကျော်က စစ်မျက်နှာ ၅ ခု ဖွင့်၍ ထိုးစစ်ဆင်လာနေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းမှ စ၍ စစ်ကောင်စီတပ်က မိုးဗြဲအနီးကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ဒီကောင်တွေအထိများတယ်၊ သေနတ်ရတာတွေလည်းရှိတယ်။ တောင်မဲသင်းဘက်လည်းတိုက်နေတယ်။ လေယာဥ်တွေပါတယ်။ ထုတ်ပြန်ချက်ကတော့ KNDF က ထုတ်ပြန်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ကရင်နီနယ်စပ်တလျှောက် စစ်ရေးအခြေအနေအရ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ မိုးဗြဲနှင့် ရှမ်းတောင်-ကရင်နီနယ်စပ်ပင်လောင်း၊ ဖယ်ခုံမြို့နယ်များတွင် စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့ကစစ်မျက်နှာ ၅ ခု ဖွင့်ပြီးထိုးစစ်ဆင်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် – KNDF ကထုတ်ပြန်ထားသည်။
#MeKongNews
#မိုးဗြဲ
#စစ်ကောင်စီ
#PNO
#စစ်ကြောင်းထိုး








