နေ့စဥ်သတင်း

ဆီဆိုင်တွင် တစ်အိမ် ၇ သိန်းကျပ် PNO ဆက်ကြေးကောက်

မဲခေါင် 8 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်‌တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တပ်ဖွဲ့စရိတ်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ၇ သိန်းကျပ် ဆက်ကြေးကောက်ခံကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။ ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ကပ်လျက် တဆက်စပ်တည်း တည်ရှိနေသည့် ဘုရားဖြူ၊ ဟော်တောင်၊ ဟော်မြောက်၊ ဝါးတော၊ ခြုံပွတ်စသည့်ကျေးရွာတို့တွင် အောက်တိုဘာ ၂၈ ရက်၌ ကောက်ခံခဲ့ခြင်းဖြစ်ပြီး မထည့်ဝင်နိုင်သည့် အိမ်များကို ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။ PNO ပြည်သူ့စစ်အတွက် စစ်စရိတ်ဟုဆိုကာ မိသားစုရှိသည့် တစ်အိမ်လျှင် ၇ သိန်းကျပ်၊ တစ်ဦးတည်းနေထိုင်သူများအား ၂ သိန်းကျပ်၊ နိုင်ငံခြားတွင်ရှိသည့်သူများအား တစ်ဦးလျှင် ၂ သိန်းကျပ် ဖြင့် ဆက်ကြေးကောက်ခံခဲ့ခြင်း

မဲခေါင်၊ နိုဝင်ဘာ ၈

ရှမ်းပြည်‌တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တပ်ဖွဲ့စရိတ်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ၇ သိန်းကျပ် ဆက်ကြေးကောက်ခံကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။

ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ကပ်လျက် တဆက်စပ်တည်း တည်ရှိနေသည့် ဘုရားဖြူ၊ ဟော်တောင်၊ ဟော်မြောက်၊ ဝါးတော၊ ခြုံပွတ်စသည့်ကျေးရွာတို့တွင် အောက်တိုဘာ ၂၈ ရက်၌ ကောက်ခံခဲ့ခြင်းဖြစ်ပြီး မထည့်ဝင်နိုင်သည့် အိမ်များကို ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

PNO ပြည်သူ့စစ်အတွက် စစ်စရိတ်ဟုဆိုကာ မိသားစုရှိသည့် တစ်အိမ်လျှင် ၇ သိန်းကျပ်၊ တစ်ဦးတည်းနေထိုင်သူများအား ၂ သိန်းကျပ်၊ နိုင်ငံခြားတွင်ရှိသည့်သူများအား တစ်ဦးလျှင် ၂ သိန်းကျပ် ဖြင့် ဆက်ကြေးကောက်ခံခဲ့ခြင်း ဖြစ်သည်။

“အခုထိမထည့်နိုင်သေးတဲ့ အိမ်လည်းရှိတော့ ရွာထဲကနေ နှင်ထုတ်မယ်၊ တခုခုဖြစ်ရင် အဆိုးမဆိုနဲ့ဆိုပြီး ခြိမ်းခြောက်တယ်။ တခြားလူမျိုးတွေများတဲ့ မြို့ပေါ်ရပ်ကွက်တွေကျတော့ သူတို့မကောက်ရဲဘူး။ ပအိုဝ်းတွေပဲများတဲ့ ရွာတွေပဲ သူတို့ကောက်ရဲ၊ အနိုင်ကျင့်ရဲတယ်။ ၆ လ တကြိမ်ကောက်တဲ့ ၂ သိန်းလည်း ထည့်ပြီးပြီ။ အခုကတစ်ခါ တစ်အိမ် ၇ သိန်းတဲ့၊ စိုက်ပျိုးတဲ့ဟာတွေက စျေးမရှိ၊ အကြွေးမကျေသေးဘူး။ သူတို့ တောင်းတာလည်း အကြွေးနဲ့ယူပြီးထပ်ထည့်ရတယ်” ဟု ကိုယ်တိုင်ဆက်ကြေးထည့်ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းဆက်ကြေးများကို မော်ချောက်၊ ထွက်မြင့်၊ အေးဗုတ် စသည့် PNO အဖွဲ့ဝင်များက အထက်အမိန့်ဟုဆိုကာ ဦးဆောင်ကောက်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်‌ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် စစ်ကောင်စီနှင့်ပေါင်းပြီး ရှမ်းပြည်၊ ကရင်နီ ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေပြီး ကျေးရွာများကိုလည်း မီးရှို့ခြင်း၊ လုယက်ခြင်းများ ကျူးလွန်နေသည်။

#MeKongNews
#ရှမ်းတောင်
#ဆီဆိုင်
#ဆက်ကြေးကောက်
#PNO‌

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now