နေ့စဥ်သတင်း

ရှမ်းပြည်တွင် ဖမ်းဆီးထားသည့် ကုန်ကား ၆၄ စီးမှ ကုန်များကို ဒဏ်ကြေးဖြင့် ပြန်ရွေးနိုင်ဟု စစ်ကောင်စီကြေညာ

မဲခေါင် 7 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၆ တရားမဝင်ကုန်ဟုဆိုကာ ကာလကြာ ဖမ်းဆီးထားသည့် ကုန်ကား ၄၇၀ စီး ပေါ်မှ ကုန်ပစ္စည်းများကို ဒဏ်ကြေးဆောင်ကာ ပြန်ရွေးနိုင်ကြောင်း စစ်ကောင်စီ အကောက်ခွန်ဌာနက ကြေညာသည်။ ယင်း ကုန်ကား ၄၇၀ စီးထဲတွင် ရှမ်းပြည်၌ ဖမ်းဆီးထားသည့် ကုန်ကား ၆၄ စီးပါဝင်ကြောင်း၊ အခြားကုန်ကားများမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့မှ ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၃ ရက်အတွင်း ဖမ်းဆီးထားသည့် ကုန်များဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် ကုန်များမှာ လိုင်စင်မဲ့နှင့် အကောက်ခွန်မဲ့ကုန်များ၊​ တားမြစ်ပိတ်ပင်ထားသည့် ကုန်များဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ ယင်းထဲမှ ကန့်သတ်၊ တားမြစ် ကုန်ပစ္စည်းများဖြစ်သည့်

မဲခေါင်၊ နိုဝင်ဘာ ၆

တရားမဝင်ကုန်ဟုဆိုကာ ကာလကြာ ဖမ်းဆီးထားသည့် ကုန်ကား ၄၇၀ စီး ပေါ်မှ ကုန်ပစ္စည်းများကို ဒဏ်ကြေးဆောင်ကာ ပြန်ရွေးနိုင်ကြောင်း စစ်ကောင်စီ အကောက်ခွန်ဌာနက ကြေညာသည်။

ယင်း ကုန်ကား ၄၇၀ စီးထဲတွင် ရှမ်းပြည်၌ ဖမ်းဆီးထားသည့် ကုန်ကား ၆၄ စီးပါဝင်ကြောင်း၊ အခြားကုန်ကားများမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့မှ ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၃ ရက်အတွင်း ဖမ်းဆီးထားသည့် ကုန်များဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် ကုန်များမှာ လိုင်စင်မဲ့နှင့် အကောက်ခွန်မဲ့ကုန်များ၊​ တားမြစ်ပိတ်ပင်ထားသည့် ကုန်များဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

ယင်းထဲမှ ကန့်သတ်၊ တားမြစ် ကုန်ပစ္စည်းများဖြစ်သည့် Vape၊ စီးကရက်၊ ဘီယာ၊ ဖဲထုပ် စသည့် ပစ္စည်းများကိုမူ လုံးဝ သိမ်းဆည်းသွားမည် ဖြစ်ကာ တချို့သော တရားမဝင်ပစ္စည်းများကို ဒဏ်ကြေး ၂ ဆ၊ ၁ ဆ၊ ထက်ဝက်၊ ဝ ဒသမ ၇၅ ဆ စသဖြင့် ဒဏ်ကြေးကောက်ကာ ရွေးရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ယင်းသို့ ဒဏ်ကြေးဖြင့် ပြန်ရွေးနိုင်သည်ဆိုသော်လည်း ကုန်သည်အများစုအတွက် အဆင်မပြေကြောင်း၊ ဒဏ်ကြေးဖြင့် ပြန်ရွေးပါက ကုန်ပစ္စည်းတန်ဖိုး၏ ၄ဆ၊ ၅ ဆ ကျသင့်သွားမည်ဖြစ်ပြီး ပြန်ရောင်းရန်အတွက်လည်း တွက်ချေမကိုက်ကြောင်း ရှမ်းအရှေ့ ကုန်သည်တစ်ဦးက ပြောသည်။

“အခုဖမ်းထားတဲ့ နေရာအထိရောက်အောင်ကိုတောင်မှ လမ်းကြေးတွေအများကြီးပေးရတာ။ နယ်စပ်ကနေ စပြီးသွင်းကတည်းက သူတို့အကောက်ခွန် အပါအဝင် ဂိတ်တွေ၊ ဌာနတွေမှာ မနည်းဘူးပေးခဲ့ရတာ။ ဒီလိုပေးလည်း အဖမ်းခံရတာပဲ။ အခုသူတို့ပြောတဲ့ ဒဏ်ကြေးနဲ့ ရွေးရမယ်ဆိုရင် ကုန်ပစ္စည်းတန်ဖိုး၊ လမ်းကြေး၊ အခုဒဏ်ကြေးနဲ့ပေါင်းရင် တကယ့်ကုန်ကျစရိတ်က ၄ ၊ ၅ ဆ ဖြစ်သွားပြီ။ အဲဒါကို ဘယ်လိုလုပ်ပြီး ပြန်ရောင်းမလဲ။ အဲဒီတော့ မူလကုန်ကျထားတဲ့ ပိုက်ဆံပဲ အဆုံးခံလိုက်တာ ကောင်းပါတယ်။ ပြန်ရွေးဖို့ဆိုတာ မလွယ်တော့ဘူး” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ ဆေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်း၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ စားသုံးဆီ၊ စားသောက်ကုန်၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်း၊ တိရစ္ဆာန်သုံးဆေးဝါး၊ လယ်ယာသုံးစက်နှင့် စက်ပစ္စည်း၊ လယ်ယာလုပ်ငန်းသုံး ထော်လာဂျီ/ E Three Wheel Motorcycle များကို ဒဏ်ငွေ ထက်ဝက်၊ စက္ကူ၊ စာရေးကိရိယာနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများကို ဝ ဒသမ ၇၅ ဆ ကောက်ခံမည်ဟု ကြေညာထားသည်။

စက်‌မှုကုန်ကြမ်း၊ ပလတ်စတစ်ကုန်ကြမ်းများ၊ စားသောက်ကုန်ကြမ်း၊ ကုန်ထုတ်ပိုးမှုပစ္စည်းများ၊ စက်ဆီ၊ ချောဆီနှင့် အခြားစက်မှုသုံးဆီများ၊ ကတ္တရာ၊ လျှပ်စစ်ဓာတ်အား ထုတ်/လွှတ်/ ဖြတ်ပစ္စည်းများ၊ ဘိလပ်မြေ၊ Machine and spare parts အပိုပစ္စည်းများ ( ယာဉ်/စက်/ဆက်သွယ်ရေး )၊ Electrical Goods/ လူသုံးကုန်ပစ္စည်း/ E Bicycle၊ လေဆိပ်သုံး Tractor၊ လယ်ယာသုံး (ထွန်စက်) တို့ကို တစ်ဆ ကောက်ခံမည် ဖြစ်ကာ ဓာတ်မြေဩဇာ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ LPG Gas၊ သံနှင့် သံမဏိပစ္စည်းများ၊ Construction Materials၊ တာယာနှင့် ရော်ဘာထုတ်ကုန်ပစ္စည်းများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်၊ နောက်တွဲယာဉ်များကိုမူ ဒဏ်ကြေး ၂ဆ ကောက်ခံမည်ဟု စစ်ကောင်စီအကောက်ခွန်ဌာနက ကြေညာထားသည်။ လျှပ်စစ်ပစ္စည်းများ၊ ယန္တရားများကို ၃ ဆနှင့် လူစီးမော်တော်ယာဉ်များကို ၄ ဆ ကောက်ခံမည်ဟု ဆိုသည်။

စစ်ကောင်စီကောက်ခံသည့် ဒဏ်ကြေးမှာ ဈေးကွက်ပေါက်ဈေးထက် များပြားနေသလို ကုန်ပစ္စည်းအများစုမှာလည်း ပျက်စီးနေပြီဖြစ်သည့်အတွက် ကုန်သည်အများစု ပြန်ရွေးကြမည်မဟုတ်ကြောင်း ဟိုပုံးတွင် အဖမ်းခံရသည့် ကုန်ကားပေါ်မှ ပစ္စည်းပိုင်ရှင် ကုန်သည်တစ်ဦးက ပြောသည်။

“ကုန်သည်တွေအနေနဲ့ကတော့ ပြန်ရွေးဖို့ ရာခိုင်နှုန်းနည်းတယ်။ ရွေးခနဲ့ အရင်းနဲ့ ရှုံးနေသလို လက်ရှိပေါက်စျေးထက်လည်း အများကြီးပိုနေတော့ ရွေးကြတော့မှာမဟုတ်ဘူး။ တချို့ ကုန်တွေဆို ပျက်ကုန်ပြီလေ” ဟု ဟိုပုံးတွင် အဖမ်းခံရသည့် ကုန်ကားပေါ်မှ ပစ္စည်းပိုင်ရှင် ကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ကုန်များသာမက ကုန်တင်လာသည့် မော်တော်ယာဉ်များအနက် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ရှမ်းပြည်မှ ကုန်ကား ၆ စီး အပါအဝင် လိုင်စင်မဲ့ယာဉ် ၂၁ စီးနှင့် ပိတ်ပင်တားမြစ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၅ စီး စုစုပေါင်း မော်တော်ယာဉ် ၃၆ စီးကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်ပြီး ကျန်မော်တော်ယာဉ် ၄၃၄ စီးကို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ကြေညာထားသည်။

#MeKongNews
#ရှမ်းပြည်
#တရားမဝင်ကုန်စည်
#ဒဏ်ကြေး
#ကုန်သွယ်ရေး
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now