နေ့စဥ်သတင်း

ကြက်ခိုးသူကို ရိုက်သတ်သည့် အေးသာယာ PPP ပါတီ ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူ လူသတ်မှုဖြင့်ဖမ်းဆီးခံရ

မဲခေါင် 6 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၆ တန်ဆောင်မုန်းလပြည့်ညတွင် နေအိမ်သို့ ကြက်လာခိုးသည့် အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့မှုဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ – PPP ၏ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို အေးသာယာရဲစခန်းက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများထံမှသိရသည်။ နိုဝင်ဘာ ၄ ရက်၊ တန်ဆောင်မုန်းလပြည့်ည ၈ နာရီခွဲခန့် တွင်အေးသာယာမြို့၊ ရပ်ကွက်- ၁ နယ်မြေ -၂ နေသူ လောတာ(ခ) စိုင်းထွန်းဆာဆိုသူက မြောက်ဘက်ခြံချင်းကပ် ဦးစိုင်းရွှေထီး နေအိမ်ရှိ မန်ကျည်းပင်ပေါ်အိပ်တန်း ဝင်နေသည့် ကြက်များအား ခိုးယူစဉ် ဦးစိုင်းရွှေထီး၊ သားဖြစ်သူစိုင်းကျော်စိုးမိုးတို့ နှင့် အပြန်အလှန် စကားများကြရာမှရိုက် နှက်ခဲ့ကြခြင်းဖြစ်ကြပြီး

မဲခေါင်၊ နိုဝင်ဘာ ၆

တန်ဆောင်မုန်းလပြည့်ညတွင် နေအိမ်သို့ ကြက်လာခိုးသည့် အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့မှုဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ – PPP ၏ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို အေးသာယာရဲစခန်းက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများထံမှသိရသည်။

နိုဝင်ဘာ ၄ ရက်၊ တန်ဆောင်မုန်းလပြည့်ည ၈ နာရီခွဲခန့် တွင်အေးသာယာမြို့၊ ရပ်ကွက်- ၁ နယ်မြေ -၂ နေသူ လောတာ(ခ) စိုင်းထွန်းဆာဆိုသူက မြောက်ဘက်ခြံချင်းကပ် ဦးစိုင်းရွှေထီး နေအိမ်ရှိ မန်ကျည်းပင်ပေါ်အိပ်တန်း ဝင်နေသည့် ကြက်များအား ခိုးယူစဉ် ဦးစိုင်းရွှေထီး၊ သားဖြစ်သူစိုင်းကျော်စိုးမိုးတို့ နှင့် အပြန်အလှန် စကားများကြရာမှရိုက် နှက်ခဲ့ကြခြင်းဖြစ်ကြပြီး ၅၂နှစ်အရွယ် စိုင်းထွန်းဆာမှာ ဦးစိုင်းရွှေထီး နေအိမ်ရှေ့ ကွန် ကရစ်ရေမြောင်းပေါ်တွင် ပက်လက်အနေအထားဖြင့် နဖူးပေါက်ပြဲသွေးထွက် ဒဏ်ရာများဖြင့်လဲကျသေ ဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

“သေသူကလည်း အပျော်ချက်စားဖို့လုပ်ရင်း အပျော်ကလည်းအပျက်ဖြစ်၊ သတ်သူတွေကလည်း ဒေါသကြောင့် လူသေရတာ၊ ခြံထဲမှာပွဲချင်းပြီး ရိုက်သတ်ခံရတာ၊ ရဲဖမ်းသွားပြီ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဦးစိုင်းရွှေထီး ၅၈ နှစ်နှင့် ၎င်း၏ သား စိုင်းကျော်စိုးမိုး ၃၄နှစ် တို့ကို အေးသာယာနယ်မြေ ရဲစခန်းက ဖမ်းဆီးပြီး လူသတ်မှုပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဦးစိုင်းရွှေထီးသည်စစ်ကောင်စီက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် အေးသာယာ မဲဆန္ဒနယ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာသို့ ပြည်သူ့ရှေ့ဆောင်- PPP ပါတီမှ ဝင်ရောက် ယှဥ်ပြိုင် အရွေးခံ မည့်ကိုယ်စားလှယ်လောင်း ဖြစ်သည်။

“အမတ်‌လောင်းတစ်ဦးဟာ လွယ်လွယ်နဲ့ လက်လွတ်စပယ် ဥပဒေမဲ့ပြုကျင့်တာကတော့ အလွန်အံ့ဩဖို့ ကောင်းပါတယ်။ အမတ်လောင်းတွေမှာ ဘာမှနားမလည်၊ စာနာမှုမရှိတဲ့ လူတွေဘယ်လောက်တောင်ပါနေမလဲ။ အဲ့လူခိုးတာကလည်း လပြည့်ညလေ၊ အဲဒီညကခိုးရင် ကျွန်တော်တို့ဘက် (ဒေသ)မှာ အပြစ်မရှိပါဘူး။ အဲဒီနေ့ကခိုးစားကြတာအစဥ်အလာပဲ။ ဒါပေမယ့် ခုကဘယ်လိုစိတ်နဲ့ ရိုက်သတ်ရက်တာလဲတော့ မပြောတတ်ဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဦး‌စိုင်းရွှေထီးနှင့်သားဖြစ်သူတို့၏ ရိုက်နှက်မှုကြောင့်စိုင်းထွန်းဆာမှ နဖူးပေါက်ပြဲဒဏ်ရာ၊ ခြေသလုံး ညိုမဲဒဏ်ရာနှင့် ညာဘက်တင်ပါး ဖူးရောင်ညိုမဲ ဒဏ်ရာတို့ဖြင့် ပွဲချင်းသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အပေါ် PPP ကလည်းအတည်ပြုပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ဥပ‌ဒေအထက်တွင်မရှိကြောင်းနှင့် ဥပဒေအတိုင်းပြစ်ဒဏ် ခံယူရမည်သာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဌ ဦးစောဟန်အေးကဆိုသည်။

“ဟုတ်ပါတယ်။ သူ့အိမ်ကကြက်ခိုးတော့ ခြေလွန်လက်ဖြစ်သွားတယ်။ ဒါကသူ့ရဲ့ Personal ကိစ္စဖြစ်ပါတယ်။ တရားဥပဒေက အရေးယူသွားမှာပါ။ အခုလည်းအရေးယူပါပြီ။ ကျန်တဲ့ကိစ္စတော့ ဒီအတိုင်းဘဲ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဦးစိုင်းရွှေထီးနှင့်သားဖြစ်သူကို တာဝန်ရှိသူများက ဖမ်းဆီးထားပြီးရာဇသတ်ကြီးပုဒ်မ- ၃၀၂/၁၁၄ ပုဒ်မတို့ဖြင့်အရေး‌ယူထားကြောင်းသိရသည်။

#MeKongNews
#တောင်ကြီး
#PPP
#ကိုယ်စားလှယ်လောင်း
#လူသတ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now