မဲခေါင်၊ အောက်တိုဘာ ၂၉
တော်လှန်ရေးနှင့် ပတ်သက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ပေါ် ရှိ ဈေးဆိုင်အချို့ကို စစ်တပ်က ဖမ်းဆီးချိတ်ပိတ်နေသလို့ အချို့ကိုလည်း ဖျက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။
စစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်သည့် သီပေါမြို့ပေါ် အနောက်ရပ်ရှိ သရဖူစတိုးဆိုင်ကို ချိတ်ပိတ်လိုက်ကြောင်း၊ ယင်းအပြင် စျေးရပ်ရှိ ဘောလုံးကွင်းတိုက်တန်း မှဆိုင်များကိုလည်း စစ်တပ်က အကုန်ဖျက်ခိုင်းကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကြားတာတော့ Kpay နဲ့လိုက်တာတဲ့။ သရဖူစတိုးကတော့ ငွေထုတ်လုပ်ငန်းလုပ်တဲ့ သမီးနဲ့သားမက် ပိုင်ရှင်၂ဦးဖမ်းခံရတယ်။ အခြားလည်းကြားပေမယ့် သေချာမမေးရဲဘူး”ဟု ဇာတ်စုရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းသို့ ဖမ်းဆီး ချိတ်ပိတ်မှုများကို မနေ့ အောက်တိုဘာ၂၈ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့တွင်လည်း အလားတူ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်တပ်က သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ၁၀ရက်ကျော်အကြာတွင် ဖမ်းဆီးမှုများ၊ ဈေးဆိုင်ခန်းများ ဖျက်ခိုင်းခြင်း၊ ပိတ်ပင်တာများကိုပြုလုပ်လာခြင်းဖြစ်သည်။
ပုံ– ချိတ်ပိတ်ခံရသည့်သရဖူစတိုး
#MeKongNews
#သီပေါ
#စစ်ကောင်စီ
#ချိတ်ပိတ်
#တော်လှန်ရေး








