နေ့စဥ်သတင်း

ရွာငံတွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းတစ်လောင်းတွေ့

မဲခေါင် 28 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၈ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခံထားရသည့် ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် ရှာတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအလောင်းကို ရွာငံမြို့နယ်၊ ရနဲကျေးရွာ အုပ်စု၊ ကျောက်တောကျေးရွာတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း၌ တွေ့ရှိရခြင်းဖြစ်ပြီး ယင်းရုပ်အလောင်းတစ်ဝိုက်တွင် စစ်တပ်က တပ်စွဲထားသဖြင့် သေဆုံးသူ မည်သူမည်ဝါမှန်းမသိရဟု ​ဓနုဒေသ တော်လှန်ရေးတပ်ဖွဲ့များက မဲခေါင်သို့ ပြောသည်။ “လက်ရှိအဲနေရာပတ်လည်မှာ စကစတွေဝိုင်းပြီး ပိတ်ဆို့ထားပါတယ်ဗျ။ အဲ့ကိုကပ်မရဘူး” ဟု ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA မှတာဝန်ရှိသူက ပြောသည်။ ယင်းအလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း

မဲခေါင်၊ အောက်တိုဘာ ၂၈

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခံထားရသည့် ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် ရှာတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအလောင်းကို ရွာငံမြို့နယ်၊ ရနဲကျေးရွာ အုပ်စု၊ ကျောက်တောကျေးရွာတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း၌ တွေ့ရှိရခြင်းဖြစ်ပြီး ယင်းရုပ်အလောင်းတစ်ဝိုက်တွင် စစ်တပ်က တပ်စွဲထားသဖြင့် သေဆုံးသူ မည်သူမည်ဝါမှန်းမသိရဟု ​ဓနုဒေသ တော်လှန်ရေးတပ်ဖွဲ့များက မဲခေါင်သို့ ပြောသည်။

“လက်ရှိအဲနေရာပတ်လည်မှာ စကစတွေဝိုင်းပြီး ပိတ်ဆို့ထားပါတယ်ဗျ။ အဲ့ကိုကပ်မရဘူး” ဟု ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA မှတာဝန်ရှိသူက ပြောသည်။

ယင်းအလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း နှင့် စစ်တပ် စစ်ကြောင်းထိုးခဲ့သော ကျေးရွာများမှ ပျောက်ဆုံးနေသော ပြည်သူများလည်းရှိနေကြောင်း ၎င်းကပြောသည်။

စစ်တပ်သည် ရွာငံမြို့နယ်အတွင်း ဩဂုတ်လ နောက်ဆုံးပတ်မှ စက်တင်ဘာလကုန်အထိ ၂ လ ကြာ စစ်ကြောင်းထိုးခဲ့ရာတွင် ဩဂုတ်လ ၂၅ ရက်နေ့၌ ကျောက်တောကျေးရွာမှ ပြည်သူပိုင် နေအိမ် ၃၇ လုံး၊ စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျောက်တောရွာမှ နေအိမ် ၂၃ လုံးနှင့် စပါးကျီ အားလုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က အောက်တိုဘာ ၁၆ရက်က ထုတ်ပြန်ထားသည်။

၎င်းအပြင် အိမ်ခြေ ၆၀ လုံး၊ စပါးကျီ ၉၀ ခု ၊ စစ်ဘေးရှောင် (IDP) စခန်းတစ်ခုနှင့် တောင်ယာတဲ အများအပြားကို မီးရှို့ ဖျက်ဆီးခဲ့သည်ကြောင်း SHRF က ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်က စက်တင်ဘာလ ၁၅ ရက်နေ့ ကျောက်တောကျေးရွာအနီး ပြည်သူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုဖမ်းဆီးခံရသူများမှာ သာစည်မြို့နယ်၊ ဖိုးသနိုင်ကျေးရွာမှ အသက် ၅၄ နှစ် အရွယ် ဦးမောင်မြင့်၊ အသက် ၃၅ နှစ် အရွယ် ဒေါ်တင်မိုးလှိုင်၊ အသက် ၈ နှစ်အရွယ် မပွင့်ပွင့်နှင့် ကျောက်တော ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးသန်းလှိုင်၊ အသက် ၅၁ နှစ်အရွယ် ဒေါ်ခင်ညိုမြင့် တို့ဖြစ်ပြီး မိတ္ထီလာတပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူစက်တင်ဘာလ ၂၄ ရက်နေ့တွင် ညောင်ပင်သာနှင့် ကျောက်တောကျေးရွာမှ ရွာသားများ ခိုလှုံနေသည့် တောထဲရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကလေးသုံးဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့သည်။

စက်တင်ဘာလ နောက်ဆုံးအပတ်တွင် စစ်ကောင်စီတပ်များသည် တောထဲရှိ နေရပ် စွန့် ခွာနေရသော ကျောက်တောရွာသားများ၏ ယာယီတဲ ၅ လုံးကို ထပ်မံဖျက်ဆီးခဲ့သည်။

ကျူးလွန်သူများမှာ ကလောအခြေစိုက် ခြေမြန်တပ်မ (၅၅) နှင့် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၉၉)တို့ဖြစ်ပြီး ၎င်းတို့၏တပ်ဖွဲ့ဝင်စစ်ကောင်စီတပ်သား ၅၀၀ ခန့်က ရွာငံမြို့နယ်အနောက်ပိုင်း၊ ရွာငံ-မိတ္ထီလာ နယ်စပ်ရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

လက်ရှိတွင်လည်း ယင်းတပ်များသည် သာစည်နယ်ဖက်ကရွာများနှင့် ရွာငံနယ်၊ ကျောက်တောရွာ နှင့် ညောင်ပင်သာရွာတို့တွင် တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံ ပြည်သူ ၅၀၀ ခန့်မှာလည်း ဆက်လက်၍ တောထဲတွင် ထွက်ပြေး တိမ်းရှောင် နေထိုင်နေရဆဲဖြစ်ကြောင်း၊ ယင်းအတွက် စစ်ဘေးရှောင်ပြည်သူများမှာ အစားအသောက်နှင့် အမိုးအကာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

#MeKongNews
#ရွာငံ
#စစ်ကောင်စီ
#သတ်ဖြတ်
#ကျောက်တောကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now