နေ့စဥ်သတင်း

စစ်ရပ်စဲရေးသဘောတူညီချက်သည် စစ်မှန်သည့်ငြိမ်းချမ်းရေး မဟုတ်ဟု ကိုးကန့်ဆို

မဲခေါင် 27 Oct - 2025
မဲခေါင်၊ အောက်တိုဘာ၂၇ လက်ရှိ စစ်ကောင်စီနှင့် ရရှိထားသည့် စစ်ရပ်စဲရေး သဘောတူညီချက်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးမဟုတ်ကြောင်း MNDAA စစ်ဦးစီးမှူးချုပ် Mr. Peng De Ren က အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်သည့်၂၀၂၅ ခုနှစ်၊ အပတ်စဉ်(၁) ကေဒါများအလှည့်ကျသင်တန်း ဆင်းပွဲ၌ ပြောကြားသည်။ ယင်းပြောကြားချက်ကို ယနေ့ ကျရောက်သည့် ၁၀၂၇စစ် ဆင်ရေး၂နှစ်ပြည့်သည့် အောက်တိုဘာလ၂၇ ရက်နေ့ မှာ MNDAAက The Kokang မှာဖော်ပြလာခြင်းဖြစ်သည်။ ယင်းဖော်ပြချက်တွင်MNDAA စစ်ဦးစီးမှူးချုပ် စစ်ရေးရပ်စဲရေး သဘောတူညီချက်သည် အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံးဧကန်သော ငြိမ်းချမ်းရေးမဟုတ်သေးကြောင်း အားလုံးသိရှိရမည်ဟု ပြောကြားခဲ့ပြီး စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိရန် လမ်းစဉ်မှာ

မဲခေါင်၊ အောက်တိုဘာ၂၇

လက်ရှိ စစ်ကောင်စီနှင့် ရရှိထားသည့် စစ်ရပ်စဲရေး သဘောတူညီချက်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးမဟုတ်ကြောင်း MNDAA စစ်ဦးစီးမှူးချုပ် Mr. Peng De Ren က အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်သည့်၂၀၂၅ ခုနှစ်၊ အပတ်စဉ်(၁) ကေဒါများအလှည့်ကျသင်တန်း ဆင်းပွဲ၌ ပြောကြားသည်။

ယင်းပြောကြားချက်ကို ယနေ့ ကျရောက်သည့် ၁၀၂၇စစ် ဆင်ရေး၂နှစ်ပြည့်သည့် အောက်တိုဘာလ၂၇ ရက်နေ့ မှာ MNDAAက The Kokang မှာဖော်ပြလာခြင်းဖြစ်သည်။

ယင်းဖော်ပြချက်တွင်MNDAA စစ်ဦးစီးမှူးချုပ် စစ်ရေးရပ်စဲရေး သဘောတူညီချက်သည် အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံးဧကန်သော ငြိမ်းချမ်းရေးမဟုတ်သေးကြောင်း အားလုံးသိရှိရမည်ဟု ပြောကြားခဲ့ပြီး စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိရန် လမ်းစဉ်မှာ ဝေးလံနေဆဲဖြစ်ပြီး တပ်သားအားလုံးသည် ပျက်ကွက်သည့် အတွေးအခေါ်များကို ပြင်းပြင်းထန်ထန် ရှောင်ရှားကာ၊ အမြဲတမ်း မြင့်မားသော သတိပေးချက်နှင့် မဟာဗျူဟာကျ သိရှိနားလည်မှုကို ထိန်းသိမ်းထားရမည်ဟု ပြောကြားခဲ့သည်ဟု ပါရှိသည်။

၎င်းအပြင် “၁၀၂၇”လုပ်ဆောင်ချက်မှ စတင်ခဲ့သည့် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ပြန်လည်သုံးသပ်ရင်း၊ ယနေ့ရရှိထားသော စစ်ရေးရလဒ်များသည် မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များ၏ သွေးချွေးနှင့် အသက်ပေးလှူခဲ့မှုများဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကွပ်ကဲရေးမှူးအားလုံး သမိုင်းကို မှတ်မိရန်၊ ရလဒ်များကို တန်ဖိုးထားရန်၊ ရရှိပြီးသား စစ်ရေးရလဒ်များကို ဆက်လက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ခိုင်မာသော အခြေခံအုတ်မြစ်အဖြစ်သို့ အသွင်ပြောင်းရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။

MNDAAသည် ၂၀၂၃ အောက်တိုဘာလ ၂၇ရက်တွင် ညီနောင်မဟာမိတ်များ​​​ဖြစ်သည့် AA၊ TNLA၊ PDF များနှင့်အတူ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ၏ စစ်တပ်စခန်း​များ၊ တပ်ရင်းဌာနချုပ်​များကို ထိုးစစ်ဆင်သည့် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည်။

၁၀၂၇ စစ်ဆင်​ရေး ၁နှင့် ၂အတွင်း စစ်ကောင်စီ၏ အ​ရှေ့​မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို MNDAA က သိမ်းပိုက်ခဲ့သည်။

သိမ်းပိုက်ရရှိခဲ့သည့် လားရှိူးမြို့ကို တရုတ်အစိုးရ၏ ဖိအားကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ၂၂ရက်နေ့တွင် စစ်ကောင်စီထံ ပြန်လည်လွှဲပေးခဲ့ရပြီး လက်ရှိတွင်လည်း သိန္နီမြို့ကို ပြန်ပေးရန် စစ်ကောင်စီက တရုတ်အကူအညီနှင့် ဖိအားပေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့သော်လည်း MNDAA က သိန္နီသို့ တရုတ်စီးပွားရေးလုပ်ငန်းရှင် အများအပြားခေါ်သွင်းကာ စီးပွားရေးအခိုင်အမာ ပြုလုပ်လျက်ရှိ
နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်က မြန်မာပြည်သူလူထု၏ သဘောထားအတိုင်း စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း MNDAA၊ AAနှင့် TNLAတို့က ထုတ်ပြန်ကြွေးကြော်ခဲ့ဖူးခဲ့သော်လည်း MNDAA သည် လားရှိူးမြို့ကို ၂၀၂၄ သြဂုတ်လတွင် အပြီးသတ်သိမ်းပိုက်ပြီးကတည်းက စစ်ကောင်စီနှင့် မတိုက်တော့သည်မှာ ယခုချိန်ထိဖြစ်သည်။

AA နှင့် TNLA နှစ်ဖွဲ့ကမူ ၎င်းတို့ ထုတ်ပြန်ခဲ့သည့်အတိုင်း စစ်အာဏာရှင်ကို ချေမှုန်းနိုင်ရန်ဆက် လက်၍ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

#MeKongNews
#ကိုးကန့်
#အပစ်ရပ်
#၁၀၂၇စစ်ဆင်ရေး
#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now