နေ့စဥ်သတင်း

ဆင်ဖြူဂိတ်တွင် မြန်မာနိုင်ငံသားများ ကြားဖြတ်တန်းစီသူများကြောင့် ထိုးကြိတ်ရန်ဖြစ်နေရ

မဲခေါင် 26 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာတရုတ်နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေးဂိတ် ဆင်ဖြူပေါက်တွင် တရုတ်ဘက်ခြမ်းတွင် မြန်မာနိုင်ငံသားများ တစ်ပိုင်တစ်နိုင်ပစ္စည်းသယ်ယူရာ၌ စည်းကမ်းတကျတန်းစီခြင်း မရှိသူများကြောင့် ထိုးကြိတ်ရန်ဖြစ်မှုများ နေ့စဥ်လို​ဖြစ်ပွားနေကြသည်ဟု မူဆယ်ဒေသခံများက မဲခေါင်သို့ သတင်းပေးပို့လာသည်။ မူဆယ်မှ တရုတ်ဘက် ကြယ်ဂေါင်သို့ တစ်ပတ်ကပ်ခေါ် နယ်စပ်ဖြတ်ကူးခွင့်ကပ်ပြားဖြင့် တစ်ပိုင်တစ်နိုင်ကုန်ဝယ်ပြီးပြန်လာသူ များတွင် ယင်းကဲ့သို့စည်းကမ်းမရှိသူများကြောင့် တိုင်းပြည်သိက္ခာကျရသလို အရှက်လည်းရသဖြင့် ထိန်းသိမ်းသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လူ ၁၀၀မှာ ၁၀ ယောက်လောက်က စည်းကမ်းမရှိတာနဲ့ တရုတ်ဘက်မှာ အရှက်ရစေနေတာ၊ တရုတ်ရဲကလည်း အရင်က ထိန်းတယ်၊ အခု မထိန်းတော့ပဲ လွှတ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်နေတာ”ဟု ၎င်းကပြောသည်။ နယ်စပ်ဖြတ်တစ်ပတ်ကပ်ဖြင့် တရုတ်နိုင်ငံမှ ကြယ်ဂေါင်မှ မူဆယ်သို့

မဲခေါင်၊ အောက်တိုဘာ ၂၆

ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာတရုတ်နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေးဂိတ် ဆင်ဖြူပေါက်တွင် တရုတ်ဘက်ခြမ်းတွင် မြန်မာနိုင်ငံသားများ တစ်ပိုင်တစ်နိုင်ပစ္စည်းသယ်ယူရာ၌ စည်းကမ်းတကျတန်းစီခြင်း မရှိသူများကြောင့် ထိုးကြိတ်ရန်ဖြစ်မှုများ နေ့စဥ်လို​ဖြစ်ပွားနေကြသည်ဟု မူဆယ်ဒေသခံများက မဲခေါင်သို့ သတင်းပေးပို့လာသည်။

မူဆယ်မှ တရုတ်ဘက် ကြယ်ဂေါင်သို့ တစ်ပတ်ကပ်ခေါ် နယ်စပ်ဖြတ်ကူးခွင့်ကပ်ပြားဖြင့် တစ်ပိုင်တစ်နိုင်ကုန်ဝယ်ပြီးပြန်လာသူ များတွင် ယင်းကဲ့သို့စည်းကမ်းမရှိသူများကြောင့် တိုင်းပြည်သိက္ခာကျရသလို အရှက်လည်းရသဖြင့် ထိန်းသိမ်းသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူ ၁၀၀မှာ ၁၀ ယောက်လောက်က စည်းကမ်းမရှိတာနဲ့ တရုတ်ဘက်မှာ အရှက်ရစေနေတာ၊ တရုတ်ရဲကလည်း အရင်က ထိန်းတယ်၊ အခု မထိန်းတော့ပဲ လွှတ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်နေတာ”ဟု ၎င်းကပြောသည်။

နယ်စပ်ဖြတ်တစ်ပတ်ကပ်ဖြင့် တရုတ်နိုင်ငံမှ ကြယ်ဂေါင်မှ မူဆယ်သို့ လူတစ်ဦးတစ်နိုင် ၃၀ ကီလို သယ်ခွင့်ရနေသည့်အပေါ် ကုန်ပိုင်ရှင်များက တစ်ကီလိုလျင် ၅ ယွမ်မှ ၁၀ ယွမ်အထိ သယ်ခပေးနေသဖြင့် ကယ်ရီအဖြစ် သယ်ဆောင်သူ များပြားလျက်ရှိကြောင်း သိရသည်။

“တစ်ခေါက်ကို ယွမ် ၁၅၀ အထက် မြန်မာငွေ တစ်သိန်းကျော်ရနေတော့ ဒေသခံတွေကအစ အနယ်နယ်အရပ်ရပ်ကလာတဲ့သူတွေ၊ စစ်ရှောင်တွေ ဒီလိုပဲလုပ်သားကြရတာပေါ့” ဟု မူဆယ်၊ ဟိုနားရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းနယ်စပ်ဂိတ်ကို နေ့စဥ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ ဖွင့်ထားသဖြင့် နေ့စဥ် မြန်မာဘက်မှ ဖြတ်သန်းသူ အနည်းဆုံး ၆၀၀ အထက်တွင်ရှိနေကြောင်းသိရသည်။

နယ်စပ်ဖြတ်သန်းချိန် စည်းကမ်း ဖောက်ပါက ဖြတ်သန်းခွင့်လက်မှတ်သိမ်းဆည်းခံရပြီး တရုတ်ဘက်သို့သွားလာခွင့်မရတော့ဟု သိရသည်။

ယင်းကဲ့သို့ ကပ်ပြားသိမ်းဆည်းမှုက စည်းကမ်းထိန်းရန် လွယ်ကူသော်လည်း လတ်တလောတွင် စည်းကမ်းတကျ ထိန်းသိမ်းမှုကို မြန်မာဘက်ရောတရုတ် ဘက်ကပါ ပြုလုပ်ခြင်းရှိမနေသဖြင့် ယခုလို တန်းမစီဘဲ စည်းကမ်းပျက်ကာ ထိုးကြိတ်ရန်ဖြစ်မှုများဖြစ်ပွားနေရခြင်းဖြစိကြောင်း ဝေဖန်လျက်ရှိသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိမူဆယ်မှ ရွှေလီနယ်စပ်ဂိတ်များမှ လူဝင်လူထွက်ဦးရေ ၄ သန်းကျော်အထိရှိခဲ့ကြောင်း ယူနန်ပြည်နယ် ရွှေလီ နယ်စပ်အဝင်အထွက် စစ်ဆေးရေးဌာနစာရင်းအရ Xingjing News တွင် ဖော်ပြထားသည်ကို လေ့လာသိရှိရသည်။

#MeKongNews
#မူဆယ်
#ဆင်ဖြူဂိတ်
#ရွှေလီမြို့
#ကြယ်ဂေါင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now