နေ့စဥ်သတင်း

ရပခတိုင်းမှူး၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးရဲသူအောင်ကို တရားမဝင်ကုန်စည်ကိစ္စဖြင့် စစ်ရုံးချုပ်မှ တိုက်ရိုက်ဖမ်းဆီး

မဲခေါင် 23 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၃ တရားမဝင်ကုန်စည်များကိစ္စဖြင့် စစ်တပ်အသိုင်းအဝန်းကြား နာမည်ထွက်နေသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ကိုယ်ရေးအရာရှိ(PSO) ဗိုလ်ကြီးရဲသူအောင်ကို နေပြည်တော်စစ်ရုံးချုပ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုက်ရိုက်ဖမ်းဆီးခဲ့သည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်များထံမှ ခိုင်လုံစွာ သတင်းရရှိသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးမှာ ယခင် ရပ်စောက်မြို့၊ ဗထူးဗိုလ်သင်တန်း ကျောင်းကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ဇူလိုင်လအထိ ၎င်း၏ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှာ တရားမဝင်ကုန်စည်တင်ကားများပေါ်မှ ငွေကြေးရယူမှု၊ ကိုယ်တိုင်ပါဝင်မှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။ “ဟိုရက်ကလည်း PSO နဲ့ ပတ်သက်နေတဲ့ ရပ်စောက်က ဂိုထောင်တစ်လုံးကိုဖမ်းတာ၊ ၁၂ဘီးကားနဲ့၁၀စီးကျော်တယ်။ တားမြစ်ကုန်အစုံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ

မဲခေါင်၊ အောက်တိုဘာ ၂၃

တရားမဝင်ကုန်စည်များကိစ္စဖြင့် စစ်တပ်အသိုင်းအဝန်းကြား နာမည်ထွက်နေသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ကိုယ်ရေးအရာရှိ(PSO) ဗိုလ်ကြီးရဲသူအောင်ကို နေပြည်တော်စစ်ရုံးချုပ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုက်ရိုက်ဖမ်းဆီးခဲ့သည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်များထံမှ ခိုင်လုံစွာ သတင်းရရှိသည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးမှာ ယခင် ရပ်စောက်မြို့၊ ဗထူးဗိုလ်သင်တန်း ကျောင်းကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ဇူလိုင်လအထိ ၎င်း၏ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှာ တရားမဝင်ကုန်စည်တင်ကားများပေါ်မှ ငွေကြေးရယူမှု၊ ကိုယ်တိုင်ပါဝင်မှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“ဟိုရက်ကလည်း PSO နဲ့ ပတ်သက်နေတဲ့ ရပ်စောက်က ဂိုထောင်တစ်လုံးကိုဖမ်းတာ၊ ၁၂ဘီးကားနဲ့၁၀စီးကျော်တယ်။ တားမြစ်ကုန်အစုံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ ကျောက်စိမ်းတွေ အိတ်လိုက်ပဲ။ ဖမ်းခံရတဲ့အထဲမှာ PSO နဲ့တွဲဘက် ဟံသာဆိုတာလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းဖမ်းဆီးမှုမှာ ပြီးခဲ့သည့် အောက်တိုဘာ ၆ရက်နေ့က တောင်ကြီးခရိုင်မှ တရားမဝင်ကုန်စည်ဖမ်းဆီးရေးအဖွဲ့စုံဖြင့် ရပ်စောက်-ပင်းတယ သွားကားလမ်းဘေး ကန်တလက်ရွာရှိ အငှားဂိုထောင်ကြီးတစ်လုံးအား လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖမ်းဆီးမှုအတွင်း PSO နှင့်ပတ်သက်သူ စီးပွားရေးလုပ်ငန်းရှင်များ၏တရားမဝင် ကုန်စည်များတွင်မူးယစ်ဆေးဝါးနှင့်ကျောက်စိမ်းများပါရှိကြောင်း အကြောင်းသိ တစ်ဦးထံမှ သိရသည်။

“တွေ့တာတွေထဲက စာရင်းချန်၊ စာရင်းဖျောက်ထားတွေရောနဲ့ ပစ္စည်းပိုင်ရှင်တွေ၊ သူတို့ရှေ့နေတွေ ရှုပ်နေတာပဲ။ PSO ဆရာ တိုင်းမှူးတောင် သူ့တပည့်ကို မကယ်နိုင်တဲ့အပြင် သူပါ အစစ်ခံနေရတယ်ကြားတယ်။ ဒီလို တရားမဝင်ကုန်စည်ကိစ္စတွေနဲ့ ကြီးပွားပြီး တိုင်းမှူးဖြစ်တာကိုပဲ သူတို့စစ်တပ်ထဲမှာ မကျေမလည်ဖြစ်နေတာ” ဟု ၎င်းကပြောသည်။

ယခုဖြစ်ရပ်များ မတိုင်မီက ထိုင်းနယ်စပ်မှ ဝင်လာသည့် ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် ရတခ ဒုတိုင်းမှူး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူးစိုးညွန့်အောင်နှင့် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို နေပြည်တော် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ သြဂုတ်လအတွင်းက တိုက်ရိုက်လာရောက် ဖမ်းဆီးစစ်ဆေးနေသော်လည်း ရပခတိုင်းမှူးဖြစ်လာသူကို အရေးမယူသည့်အတွက် တပ်တွင်း မကျေနပ်ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းဖမ်းဆီးခံ ရတခ ဒုတိုင်းမှူးဗညားဝင်းမှာ အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးဖြစ်လာခြင်းဖြစ်သလို ယခု ရပခတိုင်းမှူး နိုင်ဇော်ဦးမှာလည်း ရပ်စောက်မြို့၊ ဗထူးဗိုလ်သင်တန်း ကျောင်း ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ဘူးသူဖြစ်သည်။

ယင်းသို့ တာဝန်ယူခဲ့စဥ်ကလက်ရှိ ဖမ်းဆီးခံရသူ ၎င်း၏ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှ တစ်ဆင့် တရားမဝင်ကုန်စည်ကားကြီး တစ်စီးလျင် ကျပ် ၂သိန်းခွဲ၊ သစ်မှောင်ခိုကားတစ်စီးလျင် ကျပ် ၆သိန်း၊ တရားမဝင် သစ်စက်တစ်စက်လျင် လစဥ်ကြေး ကျပ်၆၀သိန်းနှင့် အခြားကားများအားလည်း အနေအထားအမျိုးမျိုးအလိုက် တပ်နယ်မှူးကြေး၊ တပ်နယ်ကြေး၊ ဂိတ်ကြေး စသည်ဖြင့် နေ့စဥ် ရာချီဖြတ်သန်းလျက်ရှိသော ကုန်တင်ကားကြီး၊ ကားငယ် အမျိုးမျိုးထံမှ ကောက်ခံခဲ့ရာမှ တရားမဝင်ကုန်သည်များဖြင့် ကြီးပွားလာကာ ယခုအခါ ရပခ တိုင်းမှူးဖြစ်လာသည်ဟု စစ်ဘက်မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“စစ်ကောင်စီအနေနဲ့ မိမိစစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်အဆင့်များကိုလည်း ကျောသားရင်သားမခွဲခြားဘဲ ဆုပေးဒဏ်ပေးဆောင်ရွက်ရမည်ဖြစ်ရမှာပါ၊ ကရင်ပြည်နယ်က ရတခ ဒု တိုင်းမှူး ကျတော့ အဲဲဒီကိစ္စတွေနဲ့ ဖမ်းဆီးခဲ့ပြီး အလားတူ ကိစ္စများနဲ့ပဲ ကြီးပွားနေတဲ့ ရပ်စောက်တပ်နယ်မှူးကို ရပခ တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တာဟာ ဘာလို့လဲလို့ အကုန်လုံးက မေးနေကြတယ်”ဟု ၎င်းက မဲခေါင်သို့ ပြောခဲ့သည်။

ယင်းကိစ္စရပ်များဖြင့် ရပခ တိုင်းမှူးကို နေပြည်တော်မှ ခေါ်ယူစစ်ဆေးနေသည်၊ ဖမ်းဆီးထားသည်ဆိုသည့် သတင်းများထွက်ပေါ်လျက်ရှိပြီး မဲခေါင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

#MeKongNews
#ရပခ
#ဗိုလ်ကြီးရဲသူအောင်
#ဗိုလ်မှူးချုပ်နိုင်ဇော်ဦး
#တရားမဝင်ကုန်စည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now