မဲခေါင်၊ အောက်တိုဘာ ၂၂
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါမြို့များမှ လားရှိူးမြို့သို့ စစ်ရှောင်လာရာမှ နေရပ်ပြန်ရန်အခမဲပို့ဆောင်သည့် ပရဟိတ ကားများကိုလားရိူးမြို့မယ်ဟန် MNDAA ဂိတ်မှ ဂိတ်ကြေးမရမက တောင်းယူမှုအပေါ် ပြည်သူများက ဝေဖန်နေကြကြောင်း သိရသည်။
ယင်းမယ်ဟန်ဂိတ်မှ MNDAA က ကားတစီးလျင် မြန်မာငွေ ၅သောင်းကျပ်ကို အထူးဒေသ ၁ ဖြတ်ပိုင်းဖြင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
“ပရဟိတကားပါ ပြောလည်းနားမလည်၊ အတင်းကို ပိုက်ဆံတောင်းတော့တာပါဘဲဗျာ။ အဲဒီမှာကို အချိန်မနည်းဘူး ပြောနေရတာ၊ နောက်တော့ မထူးပါဘူး ပေးလိုက်ရတာပါဘဲ” ဟု ပရဟိတဦးဆောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ကားတစ်စီးလျင် မြန်မာငွေ ၅ သောင်းကျပ်နှုန်းဖြင့် အထူးဒေသ ၁ ဖြတ်ပိုင်းပေးကာ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူနှင့် အများဆုံးဆက်ဆံရမည့် နေရာများတွင် ပြည်သူ့ဘဝနှင့်အဖြစ်ကို နားလည်စာနာတတ်သူ၊ ဗမာစကားကိုလိပ်ပတ်လည်အောင် ပြောဆိုတတ်သူများကို တာဝန်ပေးထားစေလိုကြောင်း ပရဟိတ အဖွဲ့ဝင်များက ပြောသည်။
ကျောက်မဲ၊ သီပေါမြို့များမှ စစ်ရှောင်ပြည်သူများကို အောက်တိုဘာလ ၂၀ ရက်က ပရဟိတ ကားစီးရေ ၂၁ စီးဖြင့် ပို့ဆောင်င်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ကျောက်မဲ
#သီပေါ
#ပရဟိတ
#လမ်းကြေး
#ကိုးကန့်








