နေ့စဥ်သတင်း

ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

မဲခေါင် 17 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၇ စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့က နေရာအတိအကျနဲ့ Live

မဲခေါင်၊ အောက်တိုဘာ ၁၇

စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က နေရာအတိအကျနဲ့ Live လွှင့်တာမှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ဆက်စပ်ပြီး ကျန်တဲ့သူတွေ အဖမ်းခံရတာပေါ့။ သူတို့အုပ်စုကလူတွေ။ အခုတော့ အေးဂျင့်တော်တော်များများလည်း အကောင့် D ထားကြတယ်” ဟု ၎င်းက ပြောသည်။

တိုက်ရိုက် (Live) လွှင့်ပြီးနောက် ဖမ်းဆီးခံရသူမှာ Yin Min Hlaing အကောင့်အမည်ဖြင့် တရုတ်မကြီးဟု လူသိများသူဖြစ်ကြောင်း၊ ၎င်းဖမ်းဆီးခံရပြီးနောက် နာမည်ကြီး ဘောလုံးနှင့် စလော့ဂိမ်းဒိုင်ကြီးအချို့လည်း ဖမ်းဆီးခံရသည့်အတွက် လက်ခွဲအေးဂျင့်ဒိုင်များ တိမ်းရှောင်နေကြောင်း ရန်ကုန်မြို့မှ အွန်လိုင်းဘောလုံးဒိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

“အဓိကကတော့ စလော့တွေကြောင့်ပဲ။ အေးဂျင့်တွေကတော့ အကောင့် De တဲ့သူက De၊ ပြေးတဲ့သူက ပြေးပဲ။ ဒီဘက်မှာ စလော့တွေကို အိမ်တိုင်း မိန်းမ၊ ကလေး အကုန်ဆော့နေတာ တော်တော်ဆိုးနေတာ” ၎င်းကပြောသည်။

ဖမ်းဆီးခံရသည့် ဒိုင်အများစုမှာ YM Group အတွင်းမှ ဖြစ်ပြီး ယင်း YM Group မှာ နာမည်ကြီး မျိုးသိန်းဌေး – MTH Group ထံမှ တဆင့် ဝက်ဘ်ဆိုဒ် ရယူထားခြင်းဖြစ်ကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။

ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ စီမံချက်ဖြင့် ဖမ်းဆီးခြင်းလား၊ ကြုံကြိုက်၍ ဖမ်းဆီးခြင်းလား မသိရသော်လည်း စလော့ လောင်းကစားဂိမ်းများကိုမူ ထိထိရောက်ရောက်နှိမ်နင်းစေလိုကြောင်း ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကင်ဆာမြစ်ပွားနာကဲ့သို့ ပြည်သူလူထုကို ဒုက္ခပေးနေသည့် စလော့ဂိမ်းများ လွန်စွာကျယ်ပြန့်လာပြီး လူငယ်များ၊ အမျိုးသမီးများ၊ ကလေးငယ်များပါ သားကောင်ဖြစ်နေရသည့်အတွက် ဝေဖန်မှုများစွာရှိနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စလော့ဂိမ်းများနှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြထားသည့် သတင်းတစ်ပုဒ် BBC မြန်မာပိုင်းက ထုတ်လွှင့်ခဲ့သေးသည်။

#MeKongNews
#စလော့ဂိမ်း
#အွန်လိုင်းလောင်းကစား
#အေးဂျင့်
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now