နေ့စဥ်သတင်း

တာချီလိတ် လူမိုက်ခေါင်းဆောင် အိုက်သမင်ထံမှ ဘတ်ငွေ ၁၀၀၀ တန်အတု ၄၆ သိန်းနှင့် မူးယစ်ဆေးဝါးများလည်း ဖမ်းမိ

မဲခေါင် 14 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၄ ကားနောက်မှလိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှု သံသယဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံရသူ တာချီလိတ်မြို့မှ လူမိုက်ခေါင်းဆောင် အိုက်သမင်ကို ဖမ်းဆီးစဉ် ထိုင်းဘတ်ငွေ ၁၀၀၀ တန်အတု ၄၆အုပ်၊ ဘိန်းဖြူ၊ WY ဆေးပြားနှင့် ပစ္စတိုတစ်လက်တို့ကို ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အောက်တိုဘာလ ၁၂ရက် ညပိုင်းက အိုက်သမင် နေထိုင်ရာ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်ရှိ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အိုက်သမင်နှင့််အတူ နောက်ထပ် ၄ဦးကို ဖမ်းမိကြောင်း၊ နေအိမ်အတွင်း၌ ထိုင်းဘတ်ငွေ ၁၀၀၀ တန် အတု တစ်သိန်းအုပ် ၄၆အုပ်၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် ပရင်တာနှင့် စက္ကူဖြတ်စက်များကိုလည်း

မဲခေါင်၊ အောက်တိုဘာ ၁၄

ကားနောက်မှလိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှု သံသယဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံရသူ တာချီလိတ်မြို့မှ လူမိုက်ခေါင်းဆောင် အိုက်သမင်ကို ဖမ်းဆီးစဉ် ထိုင်းဘတ်ငွေ ၁၀၀၀ တန်အတု ၄၆အုပ်၊ ဘိန်းဖြူ၊ WY ဆေးပြားနှင့် ပစ္စတိုတစ်လက်တို့ကို ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာလ ၁၂ရက် ညပိုင်းက အိုက်သမင် နေထိုင်ရာ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်ရှိ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အိုက်သမင်နှင့််အတူ နောက်ထပ် ၄ဦးကို ဖမ်းမိကြောင်း၊ နေအိမ်အတွင်း၌ ထိုင်းဘတ်ငွေ ၁၀၀၀ တန် အတု တစ်သိန်းအုပ် ၄၆အုပ်၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် ပရင်တာနှင့် စက္ကူဖြတ်စက်များကိုလည်း ဖမ်းမိကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူနဲ့အတူ ဖမ်းမိတဲ့ထဲမှာ ထိုင်းနိုင်ငံသားတစ်ယောက်လည်းပါတယ်။ ကားပေါ်ကနေ ဘိန်းဖြူနဲ့ ယာဘတွေလည်း ဖမ်းမိတယ်။ ပြီးတော့ ပစ္စတိုတစ်လက်လည်းဖမ်းမိတယ်။ ပထမက သေနတ်နဲ့လိုက်ပစ်တဲ့အမှု သံသယနဲ့ ဝင်ဖမ်းကြတာပဲ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ၎င်းတို့ ၅ဦးစလုံးကို တာချီလိတ်မြို့မ ရဲစခန်း၌ မူးယစ်ဆေးဝါးမှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ဆန်ဆိုင်း (က) ရပ်ကွက်အတွင်း နေအိမ်အရောက် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရသူ စိုင်းအောင်မိန်း၏ အမှုသံသယဖြင့် အိုက်သမင်ကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သော်လည်း သေနတ်ပစ်မှု သံသယအတွက် သက်သေအထောက်အထားများ မတွေ့ရဘဲ အခြား ငွေတုများ၊ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုတစ်လက်ကို ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၈ရက် နေအိမ်အရောက် သေနတ်ဖြင့် ပစ်သတ်ခံရသူ စိုင်းအောင်မိန်းမှာမူ သေဆုံးခြင်း မရှိသေးဘဲ ထိုင်းနိုင်ငံဘက်တွင် ဆေးကုသနေကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#ငွေအတု
#ထိုင်းဘတ်ငွေ
#အိုက်သမင်
#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now