နေ့စဥ်သတင်း

တောင်ကြီးမှာ မိုးများပြီး အိမ်တစ်လုံးပြိုကျ

မဲခေါင် 12 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၂ တောင်ကြီးမြို့မှာ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပျော့ကာနေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၄နာရီခန့်က မိုးသည်းထန်စွာရွာပြီးနောက် ညောင်ဖြူစခန်းရပ်ကွက်(မြေဖြူရပ်ကွက်)၊ နယ်မြေ(၇)၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းအနီး ရေချောင်းဘေးကပ်လျက်က သွပ်မိုးထရံကာာနေအိမ်တစ်လုံး ရေတိုက်စားမှုကြောင့် အောက်ခံ​မြေသားပျော့ကာ အိမ်အလုံးလိုက် ပြိုကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “အစတည်းက လူတွေမရှိကြတော့ဘူး။ အန္တရာယ်ရှိလို့ ရပ်ကွက်ကပြောင်းခိုင်းထားတာကြာပြီ၊ တအိအိနဲ့ပြိုကျပြီး ဘေးအိမ်တွေပါဆွဲချသွားတာ၊ ပြိုကျတဲ့အောက်ဖက်လည်း အိမ်တွေရှိတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ၎င်းပြိုကျသည့်အိမ်ဘေးမှ ရေချောင်းသည် အမြင့်ပေ ၃၀ ခန့်မှ အောက်ရှိရေချောင်းထဲကို အမြင့်မှစီးဆင်းသည့် တောင်ကျချောင်းဖြစ်ကာ ရေတိုက်စားမှုအလွန်ကောင်းသော မြေပေါ်တွင် အိမ်ဆောက်ထားခြင်းဖြစ်သည်။ ပြိုကျချိန်တွင် လျှပ်စစ်မီးပျက်နေခဲ့ပြီး ပြိုကျမှုကြောင့် ကပ်လျက်အိမ်တချို့ပါ

မဲခေါင်၊ အောက်တိုဘာ ၁၂

တောင်ကြီးမြို့မှာ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပျော့ကာနေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၄နာရီခန့်က မိုးသည်းထန်စွာရွာပြီးနောက် ညောင်ဖြူစခန်းရပ်ကွက်(မြေဖြူရပ်ကွက်)၊ နယ်မြေ(၇)၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းအနီး ရေချောင်းဘေးကပ်လျက်က သွပ်မိုးထရံကာာနေအိမ်တစ်လုံး ရေတိုက်စားမှုကြောင့် အောက်ခံ​မြေသားပျော့ကာ အိမ်အလုံးလိုက် ပြိုကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အစတည်းက လူတွေမရှိကြတော့ဘူး။ အန္တရာယ်ရှိလို့ ရပ်ကွက်ကပြောင်းခိုင်းထားတာကြာပြီ၊ တအိအိနဲ့ပြိုကျပြီး ဘေးအိမ်တွေပါဆွဲချသွားတာ၊ ပြိုကျတဲ့အောက်ဖက်လည်း အိမ်တွေရှိတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

၎င်းပြိုကျသည့်အိမ်ဘေးမှ ရေချောင်းသည် အမြင့်ပေ ၃၀ ခန့်မှ အောက်ရှိရေချောင်းထဲကို အမြင့်မှစီးဆင်းသည့် တောင်ကျချောင်းဖြစ်ကာ ရေတိုက်စားမှုအလွန်ကောင်းသော မြေပေါ်တွင် အိမ်ဆောက်ထားခြင်းဖြစ်သည်။ ပြိုကျချိန်တွင် လျှပ်စစ်မီးပျက်နေခဲ့ပြီး ပြိုကျမှုကြောင့် ကပ်လျက်အိမ်တချို့ပါ မြေပျော့ကျကာ အိမ်စောင်းကျသွားခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ယင်းပြိုကျပျက်စီးသွားသည့် အိမ်များထံ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ အကူအညီမပေးသည့်အတွက် ရှင်းလင်းရေးပြုလုပ်ရန်အတွက် ယနေ့ နံနက်တွင် တောင်ကြီးမြို့မှ လူမှုကူညီရေးအဖွဲ့များ သွားရောက်ကူညီနေရပြီး ထိခိုက်မှုအခြေအနေအား အတိအကျ မသိရသေးပေ။

တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်န​ယ်တောင်ပိုင်းတွင် ၂၀၂၄ ခုနှစ်က အပြင်းထန်ဆုံးရေကြီးမှုဖြစ်ပေါ်ပြီးနောက် အောက်ခံကျောက်မြေမဟုတ်သည့် တောင်စောင်းမြေ၊ ကမ်းပါးမြေ၊ ဖို့မြေများ၊ သစ်ပင်ကြီးမရှိသည့်မြေများ ပြိုကျမှုများ မကြာခဏတွေ့နေရသည်။

#MeKongNews
#တောင်ကြီး
#မြေပြို
#အိမ်ပြို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now