နေ့စဥ်သတင်း

ကျောက်မဲ၊ နမ့်မန်းတံတား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

မဲခေါင် 9 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၉ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် တံတားထိမှန် ပျက်စီးသွားခဲ့သည်ဟု TNLA ပြန်ကြားရေးက ယမန်နေ့ အောက်တိုဘာ ၈ ရက် ညပိုင်းက ထုတ်ပြန်သည်။ ကျောက်မဲမြို့နယ်ရှိ ယင်းနမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်းရေးအပိုင်း(၂)တွင် စစ်ကောင်စီက ပထမအကြိမ်မိုင်းခွဲဖျက်စီးခဲ့ပြီး ယခုထပ်မံ၍ ဒုတိယအကြိမ်ဖြစ် လေကြောင်းအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ တံတားကျိုး​ဖြစ်စဥ်တွင် ယမန်နေ့က သီပေါနှင့်နမ္မတူကြားရှိ မိုးတေတံတားကို TNLA က မိုင်းခွဲချိုးဖျက်ကြောင်း စစ်ကောင်စီထောက်ခံလော်ဘီများက လူမှုကွန်ရက်တွင် သတင်းတုဝိုင်းတင်ခဲ့ကြပြီး အမှန်တကယ်မှာ စစ်ကောင်စီကသာ နမ့်မန်းတံတားကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း

မဲခေါင်၊ အောက်တိုဘာ ၉

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် တံတားထိမှန် ပျက်စီးသွားခဲ့သည်ဟု TNLA ပြန်ကြားရေးက ယမန်နေ့ အောက်တိုဘာ ၈ ရက် ညပိုင်းက ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်ရှိ ယင်းနမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်းရေးအပိုင်း(၂)တွင် စစ်ကောင်စီက ပထမအကြိမ်မိုင်းခွဲဖျက်စီးခဲ့ပြီး ယခုထပ်မံ၍ ဒုတိယအကြိမ်ဖြစ် လေကြောင်းအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

တံတားကျိုး​ဖြစ်စဥ်တွင် ယမန်နေ့က သီပေါနှင့်နမ္မတူကြားရှိ မိုးတေတံတားကို TNLA က မိုင်းခွဲချိုးဖျက်ကြောင်း စစ်ကောင်စီထောက်ခံလော်ဘီများက လူမှုကွန်ရက်တွင် သတင်းတုဝိုင်းတင်ခဲ့ကြပြီး အမှန်တကယ်မှာ စစ်ကောင်စီကသာ နမ့်မန်းတံတားကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သီပေါမြို့ခံတစ်ဦးက ပြောသည်။

“ကျနော်တို့ သီပေါကပါ။ မိုးတေတံတားကျိုးတဲ့သတင်းတွေတက်လာလို့ မကျိုးကြောင်း သေချာဖြေပေးနေပါတယ်” ဟု သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်သားတစ်ဦးက မဲခေါင်ကို ပြောသည်။

စစ်ကောင်စီသည် သတင်းတု၊ သတင်းမှားများဖန်တီးပြီး ပြည်သူလူထုနှင့် တော်လှန်ရေးတပ်များအကြား သွေးကွဲစေရန်လုပ်ဆောင်နေသည့်အတွက် သတိချပ်သင့်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်တစ်ဦးက မဲခေါင်သို့ပြောသည်။

“သတင်းကို သတင်းနဲ့ သတ်နေတာမှာ တကယ့်မြေပြင်အရှိတရားကို လူထုထံ သေချာရောက်ဖို့လိုတယ်။ ခုက စစ်တပ်က သူတို့လုပ်တာကို TNLAကို ပုံဖျက်ချင်လို့ မီဒီယာနဲ့အတုဖန်တီးပြီးတိုက်တာ။ ပြည်သူတွေ သတိချပ်ပြီး ချင့်ယုံစေချင်တယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် မြန်မာတစ်နိုင်လုံးတွင် လေကြောင်းအသာဖြင့် စစ်ရေးပစ်မှတ်၊ အရပ်ပစ်မှတ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို နိုင်ငံတကာက အရေးယူပေးရန် ပြည်သူများက တောင်းဆိုလျက်ရှိသည်။

#MeKongNews
#ကျောက်မဲ
#နမ့်မန်းတံတား
#မိုးတေတံတား
#စစ်ကောင်စီဝါဒဖြန့်
ပုံအညွှန်း – စစ်ကောင်စီဗုံးကြဲမှုကြောင့် ပျက်စီသွားသည့် နမ့်မန်းတံတားနှင့် လက်ရှိမိုးတေတံတား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now