နေ့စဥ်သတင်း

TNLA ထိန်းချုပ်နမ္မတူကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

မဲခေါင် 7 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၇ စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကို ဆက်တိုက်အပြင်းအထန်ဗုံးကြဲနေသဖြင့် အဆောက်အဦများ ဆိုးရွားစွာပျက်စီးရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့အောက်တိုဘာ ၇ ရက်၊ နံနက်ပိုင်း ၆ နာရီခွဲခန့်က စစ်ကောင်စီက နမ္မတူမြို့ကိုဗုံးကြဲသဖြင့် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းအဆောင်များ အားလုံးပျက်စီးရကြောင်းသိရသည်။ “ရဟန်းသာမဏေတွေက လားရှိူးဘက် ရှောင်ထားကြလို့ အထိအခိုက်မရှိဘူး။ ကျောင်းဆောင်တွေကတော့ အကုန်ပျက်စီးပြီ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ စစ်ကောင်စီသည် နမ္မတူမြို့ကို အောက်တိုဘာ ၂ ရက်နေ့မှစပြီး ၃ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခဲ့ပြီး မြို့လူထုသည် လားရှိူးမြို့ကဲ့သို့ စစ်ကောင်စီထိန်းချုပ်ပြီး ဗုံးမကြဲနိုင်သည့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။ “လားရှိုး၊ ရပ်ကွက် (၁၁)၊ နယ်မြေ၈က

မဲခေါင်၊ အောက်တိုဘာ ၇

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကို ဆက်တိုက်အပြင်းအထန်ဗုံးကြဲနေသဖြင့် အဆောက်အဦများ ဆိုးရွားစွာပျက်စီးရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့အောက်တိုဘာ ၇ ရက်၊ နံနက်ပိုင်း ၆ နာရီခွဲခန့်က စစ်ကောင်စီက နမ္မတူမြို့ကိုဗုံးကြဲသဖြင့် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းအဆောင်များ အားလုံးပျက်စီးရကြောင်းသိရသည်။

“ရဟန်းသာမဏေတွေက လားရှိူးဘက် ရှောင်ထားကြလို့ အထိအခိုက်မရှိဘူး။ ကျောင်းဆောင်တွေကတော့ အကုန်ပျက်စီးပြီ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

စစ်ကောင်စီသည် နမ္မတူမြို့ကို အောက်တိုဘာ ၂ ရက်နေ့မှစပြီး ၃ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခဲ့ပြီး မြို့လူထုသည် လားရှိူးမြို့ကဲ့သို့ စစ်ကောင်စီထိန်းချုပ်ပြီး ဗုံးမကြဲနိုင်သည့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။

“လားရှိုး၊ ရပ်ကွက် (၁၁)၊ နယ်မြေ၈က လီဆူးနှစ်ခြင်းကျောင်းမှာရော အခြားနေရာတွေမှာရော ရာချီရောက်လာနေပြီ။ သူတို့အတွက် ရိက္ခာအထောက်အပံ့တွေ လိုအပ်နေတယ်” ဟု လားရှိုး FYO လူငယ်အသင်းအဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်းမှာ စစ်ကောင်စီက နမ္မတူမြို့ ရပ်ကွက် ၈ ထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၆ ဦး ရှိခဲ့ပြီး မနေ့ အောက်ဆိုဘာ ၆ ရက်ကလည်း နမ္မတူမြို့လယ်ကို ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်က ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် TNLA ထိန်းချုပ်သည့် သီပေါနှင့် နမ္မတူမြို့များကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

#MeKongNews
#နမ္မတူ
#ပုဗ္ဗာရုံဘုန်းကြီးကျောင်း
#စစ်ကောင်စီ
#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now