နေ့စဥ်သတင်း

တာချီလိတ်ခရိုင်ရဲမှူး နေမျိုး၏သား ကြိုးဆွဲချ အဆုံးစီရင်

မဲခေါင် 29 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၉ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် မကြာသေးမီက ပြောင်းလာသည့် ဒုရဲမှူးကြီးနေမျိုး၏ သားအငယ်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မျိုးခန့်သော်မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် (၂)လမ်းရှိ ငှားနေသည့် နေအိမ်တွင် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဒုရဲမှူးကြီးနေမျိုးမှာ လွန်ခဲ့သည့် ၃လခန့်က မိုင်းယန်းမြို့နယ်မှ တဆင့် တာချီလိတ်ခရိုင်ရဲမှူး (ယာယီ) အဖြစ် ပြောင်းရွှေ့လာသူဖြစ်ပြီး လတ်တလော မယ်ခေါင် (၂)လမ်းတွင် အိမ်ငှားရမ်းနေထိုင်နေရာ ယင်း အိမ်တွင် ၎င်း၏ သားဖြစ်သူ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။ “သူ့သားက အရင်က သစ်တောက ဝန်ထမ်း၊ လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ဝန်ထမ်းကနေထွက်လိုက်တာ။

မဲခေါင်၊ စက်တင်ဘာ ၂၉

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် မကြာသေးမီက ပြောင်းလာသည့် ဒုရဲမှူးကြီးနေမျိုး၏ သားအငယ်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မျိုးခန့်သော်မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် (၂)လမ်းရှိ ငှားနေသည့် နေအိမ်တွင် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဒုရဲမှူးကြီးနေမျိုးမှာ လွန်ခဲ့သည့် ၃လခန့်က မိုင်းယန်းမြို့နယ်မှ တဆင့် တာချီလိတ်ခရိုင်ရဲမှူး (ယာယီ) အဖြစ် ပြောင်းရွှေ့လာသူဖြစ်ပြီး လတ်တလော မယ်ခေါင် (၂)လမ်းတွင် အိမ်ငှားရမ်းနေထိုင်နေရာ ယင်း အိမ်တွင် ၎င်း၏ သားဖြစ်သူ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။

“သူ့သားက အရင်က သစ်တောက ဝန်ထမ်း၊ လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ဝန်ထမ်းကနေထွက်လိုက်တာ။ အဲဒီကတည်းက သားအဖက မတည့်တာ။ သူ့သားကို အမြဲတမ်းဆူဆဲနေတာ။ အဲဒါတွေကြောင့်ပဲ သတ်သေသွားတယ်လို့ သုံးသပ်ကြတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်ခရိုင်ရဲရုံးရှိ ခရိုင်မှူးနေအိမ်မှာ ယခင်ခရိုင်မှူး၏ ပစ္စည်းများ ရှိနေသေးသည့်အတွက် ဒုရဲမှူးကြီးနေမျိုးမှာ ခရိုင်ရဲရုံးအနီးရှိ မယ်ခေါင် ၂လမ်းတွင် အိမ်ငှားနေထိုင်ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသည့် သားဖြစ်သူ၏ အလောင်းကို မဟာမြတ်မုနိဝန်းအတွင်းထားရှိပြီး နာရေးကို ယင်းနေရာမှသာ စီစဉ်ကြောင်း စုံစမ်းသိရသည်။

သားဖြစ်သူ ကြိုးဆွဲချ အဆုံးစီရင်သော်လည်း ခရိုင်ရဲမှူးနေမျိုးမှ ရောဂါဖြင့်သေဆုံးသည်ဟုသာ ပြောဆိုထားပြီး သေမှုသေခင်းမဖွင့်ရန် ဖုံးကွယ်ထားကြောင်း သိရသည်။

ယင်းတာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နေမျိုးမှာ ဌာနတွင်းဝန်ထမ်းများကြား နာမည်ဆိုးထွက်သူဖြစ်ပြီး ၎င်း၏ လုပ်ရပ်များကြောင့် ဌာနတွင်း လုပ်ဖော်ကိုင်ဖက်များ များစွာ စိတ်ဒုက္ခရောက်ရကြောင်း၊ ၎င်းကို ခရိုင်ရုံးမှ ရဲများက တာချီလိတ်သမ္မတဟုပင် တင်စားခေါ်ဝေါ်ကြကြောင်း ခရိုင်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဦး​နေမျိုးက ​တောင်ကြီးမြို့နယ်မှူး ဒုခရိုင်မှူး လုပ်တုန်းကရဲချုပ်က ရပခ ဒုတိုင်းမှူး။ သူနဲ့ပဏာတင့်တယ်။ ဒုတိုင်းမှူးကို ၅၀၅ ​တွေ နိုင်ငံ​ရေးအမှု​တွေနဲ့ ရှာ​ကျွေးခဲ့တာ။ အဲ့တာ​ကြောင့် သူရာထူးတိုး​တော့ မိုင်းယန်းက​နေ တာချီလိတ်​ခေတ္တခရိုင်မှူးဆိုပြီး ရဲချုပ်ကလွှတ်လိုက်တာ။ တောင်ကြီးမှာတုန်းက သူတ်ု့နှစ်​ယောက် နာမည်ကြီး ဆရာတပည့်။ ခုလဲ ​ခေတ္တက​နေ အတည်ဖြစ်ရမယ်တဲ့ သူ့ဆရာကရဲချုပ် ဘယ်သူ့မှ​ကြောက်စရာမလိုဘူး​ပြောတယ်” ဟု ၎င်းကပြောသည်။

ဦးနေမျိုးမှာ တောင်ကြီးတွင် ဒုခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ကျစဉ်ကျတည်းက ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူများကို အင်တိုက်အားတိုက်ဖမ်းဆီးသည့်အတွက် နာမည်ကြီးသူဖြစ်ပြီး လူထု၏ မုန်းတီးမှုကို ခံရသည့် ရဲတစ်ဦးဖြစ်ကြောင်း တောင်ကြီး ဒေသခံများထံမှ သိရသည်။

#MeKongNews
#တာချီလိတ်
#ခရိုင်ရဲတပ်ဖွဲ့မှူး
#နေမျိုး
#အဆုံးစီရင်
#တောင်ကြီးမြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now