နေ့စဥ်သတင်း

ရွာငံမြို့နယ်အတွင်း စစ်ဘေးရှောင်ရင်း တောင်ပြိုကျမှုကြောင်း ဒေသခံရွာသူ၊ ရွာသား ၁၀ ဦး သေဆုံး

မဲခေါင် 26 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၆ စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့်အတွက် တောတောင်အတွင်း စစ်ဘေးရှောင်နေရသည့် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်တောရွာတွင် စစ်ဘေးရှောင်များ နေထိုင်ရာ စခန်းအနီး တောင်ပြိုကျမှုကြောင့် လူ ၁၀ ဦး သေဆုံးသွားခဲ့ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSDNA မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရွာငံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုခဲ့ခြင်းဖြစ်ပြီး တောင်ပြိုကျမှုကြောင့် စစ်ဘေးရှောင်စခန်းတခုလည်း ပါဝင်သွားခဲ့ကာ ရွာသူ၊ ရွာသား ၁၀ ဦးခန့် နှစ်မြှုပ်သွားခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း DSDNA က ထုတ်ပြန်ထားသည်။ သေဆုံးသူ ၁၀ ဦးတွင် အမျိုးသား ၅

မဲခေါင်၊ စက်တင်ဘာ ၂၆

စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့်အတွက် တောတောင်အတွင်း စစ်ဘေးရှောင်နေရသည့် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်တောရွာတွင် စစ်ဘေးရှောင်များ နေထိုင်ရာ စခန်းအနီး တောင်ပြိုကျမှုကြောင့် လူ ၁၀ ဦး သေဆုံးသွားခဲ့ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSDNA မှ ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရွာငံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုခဲ့ခြင်းဖြစ်ပြီး တောင်ပြိုကျမှုကြောင့် စစ်ဘေးရှောင်စခန်းတခုလည်း ပါဝင်သွားခဲ့ကာ ရွာသူ၊ ရွာသား ၁၀ ဦးခန့် နှစ်မြှုပ်သွားခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း DSDNA က ထုတ်ပြန်ထားသည်။

သေဆုံးသူ ၁၀ ဦးတွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်ပြီး အသက် ၁၀ နှစ်နှင့် ၇ နှစ်အရွယ် ယောက်ျားလေး ၂ ဦး၊ အသက်တစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ပါဝင်ကြောင်း DSDNA ပြန်ကြားရေးက ပြောသည်။

မိုးရွာ၍ မြေသားများ ပျော့အိနေပြီး တောင်ကြားချိုင့်ဝှမ်းထဲသို့ ကျောက်သားနှင့် မြေများပြိုကျခြင်းဖြစ်ပြီးး စခန်းတွင်း နေထိုင်နေသူများအပေါ် မြေသားနှင့် ကျောက်သား တန်ချိန်များစွာ ပိမိကြောင်း၊ လူအားဖြင့် အလောင်းများကို မဖော်နိုင်ဘဲ စက်ယန္တရားများဖြင့်သာ တူးဖော်နိုင်မည်ဖြစ်ကြောင်း၊ စစ်တပ် စစ်ကြောင်းထိုးနေသောကြောင့် တစ်လောင်းကိုသာ ဖော်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူ ၁၀ ဦးမှာ အမျိုးသား ၅ ‌ဦး ဖြစ်ပြီး အသက် ၆၀ နှစ်၊ ၄၅ နှစ်၊ ၂၂ နှစ်၊ ၁၀ နှစ် နှင့် ၇ နှစ်အရွယ်တို့ဖြစ်ကြကာ အမျိုးသမီး ၅ ဦး၊ အသက် ၆၅ နှစ်၊ ၄၇ နှစ်၊ ၃၆ နှစ်၊ ၂၄ နှစ် နှင့် တစ်နှစ်ခွဲအရွယ်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူ ၁၀ ဦးအနက် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကိုသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း DSNDA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုထားသည်။

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်တောရွာဖက်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲခြင်းနှင့် ခြေလျင်စစ်ကြာင်းထိုးမှုများ‌ကြောင့် ပြည်သူများ တောတောင်ထဲတွင် ခိုအောင်းနေကြရခြင်း ဖြစ်သည်။

ကျောက်တောကျေးရွာမှ ဒေသခံ ၄၀၀ ကျော်သည် စစ်တပ်က ရွာကိုမီးရှို့ပြီး စစ်ကြောင်းထိုးနေသည့်အတွက် တောတောင်များတွင် ပုန်းခိုနေရာမှ ၆ ဦးမှာ စက်တင်ဘာ ၁၄ ရက်က စစ်တပ်မှ လှိုဏ်ခေါင်းအတွင်း ရှာဖွေဖမ်းဆီးသွားခဲ့သည့် ဖြစ်စဉ်အပြီး ယခုကဲ့သို့ စစ်ရှောင်များ တောင်ပြိုမြေပိကာ သေဆုံးသည့်ဖြစ်စဉ် ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။

#MeKongNews
#ရှမ်းပြည်တောင်ပိုင်း
#ရွာငံမြို့နယ်
#စစ်ဘေးရှောင်
#တောင်ပြိုမှု
#လူသေဆုံး
#DSNDF
#DSNDA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now