နေ့စဥ်သတင်း

ကမ္ဘောဒီးယားကျားဖြန့်ရုံများတွင် မြန်မာလူငယ်ထောင်နှင့်ချီ လူကုန်ကူးခံရပြီး လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံနေရ

မဲခေါင် 23 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၃ ကျားဖြန့်လုပ်ငန်း အများအပြား ပြောင်းရွှေ့ခြေချရာနေရာဖြစ်လာသည့် ကမ္ဘောဒီးယားတွင် မြန်မာလူငယ်ထောင်နှင့်ချီ လူကုန်ကူးခံရာကာ ရောက်ရှိနေပြီး လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်မှုများ၊ ခေါင်းပုံဖြတ်မှုများ၊ ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ရောက်နေသည့် မြန်မာလူငယ်များထံမှ သိရသည်။ ကမ္ဘောဒီးယားရှိ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုလျှင် မြန်မာလူငယ် ၁၀၀နှင့် ၂၀၀ ကြားရှိနေပြီး အများစုမှာ ပွဲစားများ၏ သွေးဆောင်ဖျားယောင်းမှုကြောင့် ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း ငွေမလိမ်နိုင်ပါက လစာမရခြင်း၊ နှိပ်စက်ခံရခြင်း၊ အမှောင်ခန်းအတွင်း ပိတ်ခံထားရခြင်းများ ကြုံနေရကြောင်း မန္တလေးဘက်မှ ကမ္ဘောဒီးယားကျားဖြန့်ရုံတစ်ခုသို့ ရောက်နေသည့် လူငယ်အမျိုးသားတစ်ဦးက မဲခေါင်သို့ပြောသည်။ “ကမ္ဘောဒီးယားလာမယ်လို့တွေးရင် မလာကြပါနဲ့လို့။ အလုပ်ကောင်းတယ်လို့ ခေါ်ပြီးတော့ ရောင်းစားခံရတာ။ ပြန်ချင်ရင်လည်း ငွေ ၂၀၀၊ ၃၀၀ (ကျပ်သိန်း

မဲခေါင်၊ စက်တင်ဘာ ၂၃

ကျားဖြန့်လုပ်ငန်း အများအပြား ပြောင်းရွှေ့ခြေချရာနေရာဖြစ်လာသည့် ကမ္ဘောဒီးယားတွင် မြန်မာလူငယ်ထောင်နှင့်ချီ လူကုန်ကူးခံရာကာ ရောက်ရှိနေပြီး လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်မှုများ၊ ခေါင်းပုံဖြတ်မှုများ၊ ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ရောက်နေသည့် မြန်မာလူငယ်များထံမှ သိရသည်။

ကမ္ဘောဒီးယားရှိ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုလျှင် မြန်မာလူငယ် ၁၀၀နှင့် ၂၀၀ ကြားရှိနေပြီး အများစုမှာ ပွဲစားများ၏ သွေးဆောင်ဖျားယောင်းမှုကြောင့် ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း ငွေမလိမ်နိုင်ပါက လစာမရခြင်း၊ နှိပ်စက်ခံရခြင်း၊ အမှောင်ခန်းအတွင်း ပိတ်ခံထားရခြင်းများ ကြုံနေရကြောင်း မန္တလေးဘက်မှ ကမ္ဘောဒီးယားကျားဖြန့်ရုံတစ်ခုသို့ ရောက်နေသည့် လူငယ်အမျိုးသားတစ်ဦးက မဲခေါင်သို့ပြောသည်။

“ကမ္ဘောဒီးယားလာမယ်လို့တွေးရင် မလာကြပါနဲ့လို့။ အလုပ်ကောင်းတယ်လို့ ခေါ်ပြီးတော့ ရောင်းစားခံရတာ။ ပြန်ချင်ရင်လည်း ငွေ ၂၀၀၊ ၃၀၀ (ကျပ်သိန်း ၂၀၀၊ ၃၀၀) လျော်ရမယ်ဆိုပြီး ပြောတယ်။ မလျော်နိုင်ရင် မပြန်ရဘူး။ တခုခုဆိုလည်း ရိုက်တယ်၊ နှက်တယ်၊ ကျင်စက်နဲ့တို့တယ်။ HR တွေက လိမ်ခေါ်နေကြတာပါဗျာ” ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယားရှိ ကျားဖြန့်ရုံများတွင် ရောက်ရှိနေသည့် မြန်မာလူငယ်အရေအတွက်မှာ တစ်ထောင်ကျော်ရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်တစ်ခုလျင် မြန်မာလူငယ် ၁၀၀ ကျော် ပျမ်းမျှ ရှိကြောင်း၊ အခြားဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများလည်း ရောင်းစားခံရပြီး ရောက်ရှိနေကြောင်း ကမ္ဘောဒီးယားရောက် မြန်မာလူငယ်များက ခန့်မှန်းပြောဆိုသည်။

ကမ္ဘောဒီးယား ကျားဖြန့်ရုံများသို့ ရောက်ရှိလာသည့် မြန်မာလူငယ်များထဲတွင် ယခင်က မြဝတီ၊ ရွှေကုက္ကိုလ်ဘက်၌ ကျားဖြန့်လုပ်ငန်ဖူးသူများလည်း ပါဝင်သလို ကျားဖြန့်လုပ်ငန်းအကြောင်း မသိဘဲ ရောက်လာသူများလည်း ပါဝင်ကြောင်း၊ အားလုံးကို ပွဲစား(၎င်းတို့အခေါ် HR) များက လစာ၊ ခံစားခွင့်များနှင့် ပတ်သက်ပြီး လိမ်လည်ပြောဆိုကာ မက်လုံးပေးခေါ်ဆောင်လာခြင်းဖြစ်ကြောင်း မြဝတီ၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်ပြီးနောက် ကမ္ဘောဒီယား ကျားဖြန့်ရုံတစ်ခုသို့ ရောက်နေသည့် မြန်မာလူငယ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“ခေါ်တုန်းကတော့ တစ်မျိုးပြောခေါ်တာ။ လစာက ဒေါ်လာ ၇၀၀၊ ၈၀၀ ရမယ်။ လူပဲရှာပေးရမှာ၊ တစ်နေ့ကိုတစ်ယောက်၊ ရက်ပေါင်ကြေးဘာညာမရှိဘူး၊ တစ်ရက်လုပ် တစ်ရက်ခတွက်ပေးမှာ ဘာညာနဲ့ ။ အလုပ်ကိုလည်း မလုပ်တတ်လည်း ၂ လလောက်သင်ပေးမယ်ဆိုပြီးခေါ်တာ။ ပထမဆုံးတစ်လက ဒီလည်းရောက်ရော လစာမရဘူး။ ရက်ပေါင်ထားရတာ။ ပြီးတော့ လူပဲရှာရတာမဟုတ်ဘူး ပိုက်ဆံပါရှာပေးရတာ။ လုပ်ဖူးတဲ့လူတောင် အဆင်မပြေတာ။ မလုပ်ဖူးတဲ့သူတွေက သေရော။ ဘာမှလည်းနားမလည်၊ သင်လည်းမပေးဘူး။ ၃လ ပြည့်ပြီးရင် ပိုက်ဆံလိမ်နိုင်မှ လစာပေးရော၊ မလိမ်နိုင်ရင်တစ်လလုံး အလကားလုပ်ပေးရတာ။ သူတို့ မကြိုက်တာဆိုရိုက်တာတွေဘာတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

ကျားဖြန့်လုပ်ငန်းခွင်အတွင်း အလုပ်ကြပ်နှင့် အလုပ်ရှင်များက သဘောမကျသည့် အလုပ်သမားများကို အခြား ကျားဖြန့်လုပ်ငန်းခွင်အတွင်းသို့ ပြန်လည်ရောင်းစားသည့် ကိစ္စမျိုးလည်း ရှိပြီး ယင်းသို့ အဆင့်ဆင့်ပြန်ရောင်းစားသည့်အတွက် အလုပ်မှထွက်ပြီး မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက ကျပ်သိန်း ၂၀၀၊ ၃၀၀ လျော်ကြေးပေးရခြင်းဖြစ်ကြောင်း လုပ်ငန်းစဉ်ကို နားလည်သည့် မြန်မာလူငယ်များက ပြောသည်။

ပွဲစား (၎င်းတို့အခေါ် HR) များမှာ ကမ္ဘောဒီးယား ကျားဖြန့်လုပ်ငန်းခွင်များအတွက် လူခေါ်ပေးပါက တစ်ဦးကို ဒေါ် ၃၅၀ခန့် (ကျပ်၁၅သိန်းခန့်) ရရှိကြောင်း၊ အလုပ်သမားများအတွက် ကမ္ဘောဒီးယားသို့ သွားရောက်မည့် ခရီးစဉ်ကို ၎င်းတို့က စီစဉ်ပေးရကြောင်း လုပ်ငန်းစဉ်ကို နားလည်သည့် မြန်မာလူငယ်များက ပြောသည်။

လက်ရှိတွင် ကမ္ဘောဒီးယားကျားဖြန့်ရုံများ၌ ရောက်ရှိနေသည့် မြန်မာလူငယ်အားလုံးနီးပါးမှာ ငွေလိမ်လုပ်ငန်းမှ ဖိအားများ၊ နှိပ်စက်ခံရမှုများကြောင့် လုပ်ငန်းခွင်အတွင်း အဆင်မပြေဘဲ နေရပ်သို့ ပြန်လိုကြောင်း မြန်မာလူငယ် ၅၀၀ ခန့်ရှိသည့် ကမ္ဘောဒီးယားကျားဖြန့်ရုံတစ်ခုမှ လူငယ်က မဲခေါင်သို့ပြောသည်။

“ကျနော်တို့ကို ကယ်တင်လို့ရမလား။ မြန်မာတွေအများကြီး အိမ်ပြန်ချင်နေကြပြီ။​ လူငယ်တွေချည်းပဲ။ ကျနော်တို့အသက်တွေက တရုတ်တွေလက်ထဲမှာ။ ကျင်စက်တွေနဲ့တို့ နှိပ်စက်ကြနဲ့ အရမ်းရက်စက်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လိုသည့် လူငယ်အများစုမှာ ကမ္ဘောဒီးယားကျားဖြန့်ရုံများမှ တောင်းသည့် လျော်ကြေး ကျပ်သိန်း ၂၀၀၊ ၃၀၀ ကို မတတ်နိုင်ကြကြောင်း ၎င်းတို့ထံမှ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံမှာ မြန်မာနိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်မနေသည့်အတွက် ကုန်းလမ်းမှ ခိုးဝင်နိုင်မည်မဟုတ်ဘဲ လေကြောင်းဖြင့်သာ တရားဝင် သွားရောက်နိုင်သည့် နိုင်ငံဖြစ်ပြီး မြန်မာလူငယ်ထောင်နှင့်ချီ လေဆိပ်မှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်သည်ကို သတိမပြုမိသည့် လေဆိပ်တာဝန်ကျ လဝက၊ ရဲနှင့် လူကုန်တားရဲတို့၏ လုပ်ရပ်မှာလည်း မေးခွန်းထုတ်စရာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများက မေးခွန်းထုတ်သည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ရှမ်းပြည်နှင့် ကရင်ပြည်နယ်ဘက်မှ ကျားဖြန့်လုပ်ငန်း အများအပြားကို တရုတ်အစိုးရဖိအားဖြင့် EAO များ၊ အာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ဖမ်းဆီးရှင်းလင်းမှုများ ပြုလုပ်ပြီးနောက် ကျားဖြန့်လုပ်ငန်းအများအပြားမှာ ကမ္ဘောဒီးယားနှင့် လာအိုသို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

#MeKongNews
#ကျားဖြန့်
#မြန်မာလူငယ်
#ကမ္ဘောဒီးယား
#ပွဲစား
#နှိပ်စက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now