နေ့စဥ်သတင်း

အင်းလေး ငလျင်ထောက်ပံ့မှုများအပေါ် အုပ်ချုပ်ရေးပိုင်းက အလွဲသုံးစား ပြုလုပ်နေ

မဲခေါင် 17 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၇ စစ်ကိုင်းငလျင်ဘေးဒဏ်သင့်ခဲ့သည့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှ နေအိမ်များအတွက် စစ်ကောင်စီကပေးသည့် ထောက်ပံ့ကြေးများကို ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ အလွဲသုံးစားပြုလုပ်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးပိုင်းက မမှန်မကန် ပြုလုပ်မှုကြောင့် ပထမအကြိမ် အလှူရှင်များ လာရောက်လှူဒါန်းစဉ်ကလည်း အကူအညီမရခဲ့သလို ယခုတစ်ကြိမ် စစ်ကောင်စီက ပေးသည့် ထောက်ပံ့ကြေးတွင်ပါ မရသူများရှိကြောင်း အင်လေးဒေသ၊ နန်းပန်မြို့ အမှတ် ၂ အကွက်၊ ပေါက်ပါးရပ်နေသူတစ်ဦးကပြောသည်။ “မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရွာက ၄၃ အိမ် ပြိုလဲ ပျက်စီးတယ်။ ဒါပေမယ့် ၉၂ အိမ် ဆိုပြီး စာရင်း တင်ထားခဲ့ပါတယ်။ တချို့အိမ်တွေ မပြိုပေမယ့်

မဲခေါင်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းငလျင်ဘေးဒဏ်သင့်ခဲ့သည့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှ နေအိမ်များအတွက် စစ်ကောင်စီကပေးသည့် ထောက်ပံ့ကြေးများကို ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ အလွဲသုံးစားပြုလုပ်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးပိုင်းက မမှန်မကန် ပြုလုပ်မှုကြောင့် ပထမအကြိမ် အလှူရှင်များ လာရောက်လှူဒါန်းစဉ်ကလည်း အကူအညီမရခဲ့သလို ယခုတစ်ကြိမ် စစ်ကောင်စီက ပေးသည့် ထောက်ပံ့ကြေးတွင်ပါ မရသူများရှိကြောင်း အင်လေးဒေသ၊ နန်းပန်မြို့ အမှတ် ၂ အကွက်၊ ပေါက်ပါးရပ်နေသူတစ်ဦးကပြောသည်။

“မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရွာက ၄၃ အိမ် ပြိုလဲ ပျက်စီးတယ်။ ဒါပေမယ့် ၉၂ အိမ် ဆိုပြီး စာရင်း တင်ထားခဲ့ပါတယ်။ တချို့အိမ်တွေ မပြိုပေမယ့် နေမရတဲ့အထိ ယိုယွင်းသွားတယ်။ ဒါပေမယ့် ၉၂ အိမ်စာရင်းမှာ မပါဘူး။ အခုတစ်ကြိမ်မှာလည်း ၇၂ အိမ် စာရင်းထပ်တင်တယ်။ ဒါပေမယ့် အဲဒီအိမ်တွေ ပါဘူး” ဟု ၎င်းက ပြောသည်။

ယခုတစ်ကြိမ် စစ်ကောင်စီက ပေးသည့် ထောက်ပံ့ကြေးတွင် နှစ်ထပ်သစ်သားအိမ်တစ်လုံးလျှင် ကျပ်သိန်း ၁၈၀၊ ခြေတံရှည် သစ်သားအိမ်တစ်လုံးလျှင် ကျပ်သိန်း ၁၀၀ နှင့် ဝါးအိမ်တစ်လုံးလျှင် ကျပ်သိန်း ၂၀ ပေးခြင်းဖြစ်သည်။

အချို့သော နေအိမ်များမှာ မူလက သစ်သားအိမ်ဖြစ်သော်လည်း ငလျင်ဒဏ်ကြောင့် ပျက်စီးပြီးနောက် ငွေကြေးမတတ်နိုင်သဖြင့် ဝါးအိမ်အဖြစ် ယာယီပြန်ဆောက်ထားသည်များရှိကြောင်း၊ ယင်းအိမ်များကို စာရင်းတင်ရာတွင် သစ်သားအိမ်အဖြစ် စာရင်းတင်ပြီး ပြည်သူလူထုထံ ပြန်ပေးသည့်အခါ ဝါးအိမ်အဖြစ်သာ ထောက်ပံ့ကြေးပေးကြောင်း အင်းလေးဒေသ၊ ပေါက်ပါးအရပ်နေသူများက ပြောသည်။

အလားတူ အိုင်ထောင့်ကြီးရွာတွင်လည်း ထောက်ပံငွေများကိုရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်၊ ဆယ်အိမ်မှူး ဦးစိုးမင်းနှင့် အတွင်းရေးမှူး မအေးအေးဝင်းတို့က လက်ဝါးကြီးအုပ်လုပ်စားနေသည် ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

“သစ်အိမ်က နှစ်ထပ်ဆို သိန်း ၁၈၀၊ တစ်ထပ်ဆို သိန်း ၁၀၀၊ ဝါးအိမ်ဆို သိန်း ၂၀ ထောက်ပံတာကို ဝါးအိမ်အနေနဲ့ သိန်း ၂၀ ပဲပေးတယ်။ အမှန်တရားအတွက် ကူညီပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းအိုင်ထောင့်ကြီးကျေးရွာ၌ ငလျင်ဒဏ်ခံအိမ် ၂၆၈ အိမ်အတွက် ထောက်ပံ့ငွေ ကျပ် သန်း ၁၃၆၆ ဒသမ ၅၂သန်း ရရှိသော်လည်း ပြည်သူလူထုထံ အပြည့်အဝပေးခြင်းမရှိကြောင်း၊ အလှူငွေ ပေးသည့်နေ့တွင်လည်း ရွာသားများအပေါ် တစ်အိမ်ထောင်ကို စာရွက်စာတမ်းကြေးနှင့် Kpay ထုတ်ခဟုဆိုကာ ကျပ် ၅ ထောင်စီ ကောက်ခံကြောင်း အိုင်ကြီးထောင့် ဒေသခံများက ပြောသည်။

စစ်ကိုင်းငလျင်ကြီးအတွင်း အင်းလေးကန်ဒေသ ငလျင်ဒဏ်သင့် ရွာ ၂၃ ရွာမှ ထိခိုက်ပျက်စီးခဲ့ရသည့် အိမ်ခြေ ၃၈၅၀ အနက် နန်းပန်၊ ပေါက်ပါးရွာမှ အိမ်ခြေ ၂၂၀ အိမ်၊ အိုင်ထောင့်ကြီးရွာမှ အိမ်ခြေ ၂၅၀ အိမ်ရှိခဲ့ကြောင်း Hand to Hand Charity Myanmar အဖွဲ့မှပြုစုထားသည့် မှတ်တမ်းအရ သိရသည်။

ယခုလက်ရှိ ငလျင်ကြီးလှုပ်ခတ်အပြီး ၅ လကျော်အကြာတွင် စစ်ကောင်စီက ငလျင်ဒဏ်သင့်ပြည်သူများကို ထောက်ပံကြေးပေးသည့်အပေါ် ဒေသအုပ်ချုပ်ရေးပိုင်းမှ မသမာမှုများ ဖြစ်ပေါ်နေသည်ကို ပြည်သူများက ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ကလည်း အင်းလေးဟဲယားရွာမ၌ အလားတူကိစ္စရပ်မျိုးရှိခဲ့ရာ ငလျင်ဒဏ်ခံ ရွာပေါင်း ၂၃ ရွာအနက် ယခုလိုအုပ်ချုပ်ရေးပိုင်းက မသမာမှုရှိကြောင်း မဲခေါင်သို့ ပြောကြားသည့် ရွာပေါင်း ၃ ရွာ ရှိလာနေပြီ ဖြစ်သည်။

#MeKongNews
#အင်းလေးငလျင်ဘေးသင့်
#ပြည်သူ
#ထောက်ပံကြေး
#စစ်ကောင်စီ
#နန်းပန်ရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now